Border News Agency
ကလေး၊ ဇူလိုင် ၁၉။
ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီမှ ကျောင်းသားတွေ၊ပြည်သူတွေနဲ့အတူ ၇၉ နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဂုဏ်ပြုချီတက်အလေးပြုပွဲကို ကလေးဒေသတနေရာမှာ ဇူလိုင်လ၁၈ ရက်နေ့ကပြုလုပ်ခဲ့ကြပါတယ်။
အဲဒီလှုပ်ရှားမှုမှာဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားအားလုံး ချက်ချင်းလွှတ်ပေးဖို့နဲ့အဓမ္မစစ်မှုထမ်းဥပဒေကို ချက်ချင်းဖျက်သိမ်းဖို့ တောင်းဆိုခဲ့ကြပါတယ်။
အဲဒီအပြင် ဦးဝင်းမြင့်ဟာ မြန်မာနိုင်ငံရဲ့ သမ္မတဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်ကြောင်းကိုလည်း ထပ်လောင်းအတည်ပြု တောင်းဆိုခဲ့ကြပါတယ်။
ပြည်သူတွေအနေနဲရောက်ရာနေရာမှ ဥဩဆွဲအလေးပြုကြဖို့နဲ့ အနက်ရောင်အဝတ်အစားတွေဝတ်ဆင်ကာ တော်လှန်ရေးစိတ်ဓာတ်ကို ပြသကြဖို့ တိုက်တွန်းထားပါတယ်။
















