Border News Agency
ဖားကန့်၊ဇူလိုင် ၁၉။
ကချင်ပြည်၊ဖားကန့်မြို့နယ်မှာ မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းမှုကြောင့် ဇူလိုင်လ ၁၉ ရက်ဒီနေ့ မှော်ဝမ်းရိုးရာကုန်းလမ်းအောက်မှာ မြေပြိုပြီး နေအိမ်တချို့ပျက်စီးခဲ့ပါတယ်။
အဲဒီအပြင် ဆောင်းချိန်ကျေးရွာအတွ င်းကိုလည်း ရေနဲ့အတူ မျှောကြောင်းတွေ ဝင်ရောက်လာတာကြောင့် နေအိမ်တချို့ ရေနစ်မြုပ်ခဲ့ပြီး အောင်သာယာရွာသစ်ဘက်က ပြိုကျလာတဲ့ မြေစာတွေကြောင့်လည်း အိုးအိမ်ပျက်စီးမှုတွေ ထပ်ဖြစ်ခဲ့ပါတယ်။
ဖားကန့်ရှိ လူနေအိမ်အများစုဟာ တအိမ်နဲ့တအိမ် ထပ်ရပ်တည်ဆောက်ထားတာကြောင့် မြေစာပုံအောက်နဲ့ မြေအနိမ့်ပိုင်းနေထိုင်ကြတဲ့ ဒေသခံတွေဟာ မျှောကြောင်းလမ်းကြောင်းတွေရှိရင်ကြိုတင်ရှောင်ရှားကြဖို့ နှိုးဆော်ထားကြပါတယ်။











