Border News Agency
နေပြည်တော်၊ဇူလိုင် ၁၉။
အာရက္ခတပ်တော်(AA)ပါဝင်တဲ့ညီနောင်မဟာမိတ်အဖွဲ့ဝင် တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်ဟာ ဇူလိုင်လ ၁၉ ရက်၊ဒီနေ့ နေပြည်တော်မှာအာဏာသိမ်းစစ်တပ်နဲ့တွေ့ဆုံဆွေး နွေးနေပါတယ်။
အဲဒီတအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်ဦးဆောင်သူတွေပါဝင်ပြီး အာဏာသိမ်းစစ်တပ်ရဲ့ငြိမ်းချ မ်းရေးဆွေးနွေးမှုခေါင်းဆောင်ဗိုလ်ချု ပ်ရာပြည့်ဦးဆောင်းသူတွေ တွေ့ဆုံကြတာပါ။
အဲဒီညီနောင်မဟာမိတ်သုံးဖွဲ့ဟာ”၁၀၂၇ စစ်ဆင်ရေး”ဖော်ဆောင်ပြီး မြို့တွေသိ မ်းယူထိန်းချုပ်ထားကြတာဖြစ်ပါတယ် ။ဒါပေမယ့် တရုတ်နိုင်ငံကဖိအားပေးမှုတွေကြောင့် တအောင်းအမျိုးသား လွ တ်မြောက်ရေးတပ်မတော်ဟာ အာဏာသိမ်းစစ်တပ်နဲ့အပစ်ရပ်ထားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ငြိမ်းချမ်းရေးဆွေးနွေးဖို့ဖိတ်ခေါ်ထားတာမို့ အပစ်ရပ်လက်မှတ်ထိုးမလားစောင့်ကြည့်ရပါမယ်။












