Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး နိုင်ငံတကာ နိုင်ငံရေး သတင်း

တီးစတာမြစ်စီမံကိန်းမှာ တရုတ်ပါဝင်မှုကို အိန္ဒိယစိုးရိမ်

Author picture

By

BNA Author
Reading Time: 3 mins read
0
A A
0
SHARES
3
VIEWS
Share on FacebookShare on Twitter

Border News Agency
ဒေလီ၊ဇူလိုင် ၂၂။

တီးစတာမြစ်စီမံကိန်းနဲ့ပတ်သက်ပြီး ဘေကျင်းရဲ့ကတိကဝတ်တွေကို အတည်ထပ်ပြုတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီးယောင်ဝင်က ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ဒါကာမြို့ရှိပန်ပစိဖိတ်ဆိုနာဂေါင်းဟိုတယ်မှာ ဇူလိုင်လ ၁၈ ရက်နေ့က”ဘင်္ဂလား-တရုတ် ရေရှ ည်မိတ်ဆွေ”ဆွေးနွေးလုပ်ခဲ့ပါတယ်။

အဲဒီမှာ တရုတ်သံအမတ်ကြီးက တီးစတာမြစ်နဲ့ပတ်သက်လို့ ဘေကျင်းရဲ့ ရပ်တည်ချက်ကို ပြောခဲ့တာပါ။

အဲဒီစီမံကိန်းအတွက် အမေရိကန်ဒေါ် လာ ၇၄၇.၂၅ သန်းခန့်လိုပြီးအမေရိက န်ဒေါ်လာသန်း ၅၅၀ ကို တရုတ်ကချေး ငှားဖို့ ဘင်္ဂလားဒေ့ရှ်လိုနေတာပါ။

ကုန်ခဲ့တဲ့ဆယ်စုနှစ်တခုနီးပါးအကြာ ၂၀၁၆ ခုနှစ်က တီးစတာမြစ်စီမံကိန်းနဲ့ပတ်သက်လို့ တရုတ်နဲ့ဘင်္ဂလားဒေ့ရှ်ကြားမှာ နားလည်မှုစာချွန်လွှာတွေလက်မှတ်ထိုးခဲ့ကြပါတယ်။

ဒါပေမယ့် ဆယ်စုနှစ်တစုကျော်လွန်လာတဲ့ထိ ဘာမှအကောင်အထည်ပေါ်မလာပုံကိုကြည့်ရင် တရုတ်ဟာ တီးစတာမြစ်စီမံကိန်းကို စစ်တကောင်းဆိပ်က မ်းလောက် လှိုက်လှိုက်လှဲလှဲမရှိဘူးဆိုတာတွေ့ရမှာပါ။

တီစတာမြစ်ဟာ အိန္ဒိယနိုင်ငံမှာ ဆစ်ဆင်းနဲ့အနောက်ဘင်္ဂလားပြည်နယ်တွေကို ဖြတ်သန်းသွားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာ စီရင်စုခရိုင်လေးခုကို ထပ်ဖြတ် သန်းစီးဆင်းသွားပါတယ်။

အိန္ဒိယနိုင်ငံ၊အနောက်ဘင်္ဂလားပြည်နယ်အတွက်ရော၊ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေရာဒေသတချို့အတွက်ပါ ခြောက်သွေ့ရာသီမှာ တီးစတာမြစ်အရေးပါနေပါတယ်။

တီးစတာမြစ်ရဲ့ရေဆင်းပမာဏဟာ မိုးရာသီကာလတွေမှာ အမြင့်ဆုံးတစက္ကန့်ကို ခန့်မှန်းကုဗပေနှစ်သိန်းရှစ်သောင်းခန့်စီးဆင်းပြီး ခြောက်သွေ့ရာသီတွေမှာ တစက္ကန့်ကိုခန့်မှန်းကုဗပေတထောင်ခန့်စီးဆင်းတယ်လို့ဆိုပါတယ်။

၁၉၈၃ ခုနှစ်မှာအိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်ကြားမှာ ရေခွဲဝေသုံးစွဲရေးဆိုင်ရာယာ ယီသဘောတူညီချက်ရှိခဲ့ပြီးအိန္ဒိယက ၃၉ ရာခိုင်နှုန်းသုံးစွဲရမှာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်က ၃၆ ရာခိုင်နှုန်းသုံးစွဲခွင့်ရပါတယ်။

၂၀၁၁ ခုနှစ်မှာတော့ ဘင်္ဂလားဒေ့ရှ်က ခြောက်သွေ့ရာသီတွေမှာ ၃၇.၅ ရာခိုင် နှုန်းထိ သုံးစွဲခွင့်ရဖို့အတွက် ဆွေးနွေးခဲ့ပေမယ့် မူကြမ်းအဖြစ်သာရှိနေပါသေးတယ်။

တီးစတာမြစ်စီးဆင်းတဲ့နေရာတွေဟာ အိန္ဒိယအတွက် ရေအားလျှပ်စစ်၊စိုက် ပျိုးရေးမွေးမြူရေး၊ဆည်မြောင်းစနစ်၊သောက်သုံးရေအဖြစ်မှီခိုနေရသလို ဘင်္ဂလားဒေ့ရှ်ကလည်း အတူတူပါပဲ။

တီးစတာမြစ်ပေါ်မှာ အိန္ဒိယကဆည်ပေါင်းဒါဇင်နဲ့ချီပြီးဆောက်ထားပြီးခြောက်သွေ့ရာသီမှာ ရေစီးဆင်းမှုအာနည်းလာတာမို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံစိုက် ပျိုးရေးကို ထိခိုက်လာပါတယ်။

နိုင်ငံတကာစားနပ်ရိက္ခာမူဝါဒရေးရာသု တေသနအင်စတီကျူ(TheInternati onal Food Policy Research Institute (IFPRI))ရဲ့အဆိုအရ ဘင်္ဂလားဒေ့ရှ်ဟာ ရေမလုံလောက်မှုကြောင့် နှစ်စဉ်စပါးတန်ချိန် ၁.၅ သန်းခန့်ဆုံးရှုံးနေရတယ်လို့ ဆိုပါတယ်။

BNP အစိုးရအဖွဲ့ဝန်ကြီးချုပတာရက်ရာမန်ရဲ့တရုတ်ခရီးစဉ်မှာလည်း တီစတာ မြစ်ဘက်စုံစီမံခန့်ခွဲရေးနဲ့ပြန်လည်တည်ထောင်ရေးစီမံကိန်း(Teesta River Comprehensive Management and Restoration Project – TRCMRP)မှာ တရုတ်အထောက်အပံပြုဖို့ဆွေးနွေးကြသလို ပင်လယ်ရေကြောင်းဆိုင်ရာ တွေအတွက်လည်း ဆွေးနွေးကြတယ်လို့ နှစ်နိုင်ငံပူးတွဲကြေညာချက် အပိုဒ် ၈ မှာ ဖော်ပြထားပါတယ်။

ဆီလီဂုရီစင်္ကြန်နားကတီစတာ

South China Morning Post သတင်း စာအဆိုအရ တရုတ်ကို ဘင်္ဂလားဒေ့ရှ်အဆိုပြုထားတဲ့တီစတာမြစ်စီမံကိန်းဟာ မြစ်ရဲ့ ၆၃ မိုင်ခန့်ပြန်တူးမှာဖြစ်ပါတယ်။

အဲဒီအတွက် ကုန်ကျမှုဟာ အမေရိကန် ဒေါ်လာသန်းတထောင်ခန့်ရှိမယ်လို့ဆိုပါတယ်။

တီစတာမြစ်ဟာ အိန္ဒိယရဲ့ကြက်လည် ပင်း(Chicken’s Neck)လို့ခေါ်တဲ့ဆီလီဂုရီစင်္ကြန်(Siliguri Corridor)နားက စီးဆင်းနေတာပါ။

ဆီလီဂုရီစင်္ကြန်ဟာ အိန္ဒိယအတွက် အ ရှေ့မြောက်ပြည်နယ်တွေနဲ့ချိတ်ဆက်
ထားတဲ့ထိအခိုက်မခံနိုင်တဲ့နေရာပါ။

အဲဒီနေရာအနားကို သူ့ဒေသတွင်းပြိုင် ဘက် တရုတ်ဝင်လာမှာကို အိန္ဒိယကစိုးရိမ်မှုတွေရှိပါတယ်။

ဝါရှင်တန်အခြေစိုက် ဟူစတန်အင်စတီကျူရဲ့ အိန္ဒိယနဲ့တောင်အာရှဆိုင်ရာ ကျွမ်းကျင်သူအပနာပန်ဒေး (Aparna Pande)က အိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်ကြားမှာ ဆွေးနွေးမှုတွေ ပွင့်ပွင့်လင်းလင်းရှိဖို့လိုတယ်လို့ ဆိုပါတယ်။

အိန္ဒိယက အစပြုမှုအားနည်းနေခဲ့တာမို့ခုလိုဖြစ်လာရတာလို့ သူမက ဆိုပါတယ်။

စီမံကိန်းအပေါ် အိန္ဒိယထောက်ခံမှုရဖို့ ဘင်္ဂလားဒေ့ရှ်ကြိုးစားခဲ့ပေမယ့်အိန္ဒိယ ကတုန့်ပြန်မှုမရှိတာမို့ တခြားနိုင်ငံတွေရောက်ကုန်တာလို့ ဆိုပါတယ်။

တရုတ်ပါဝင်လာတာဟာ အိန္ဒိယအတွ က် မသက်မသာဖြစ်စေတယ်လို့လည်း သူမက ဆိုပါတယ်။

အဲဒီလိုအနေအထားမျိုးမှာ ဂျပန်လိုဘ က်မလိုက်တဲ့နိုင်ငံကကြားဝင်ပြီး အိန္ဒိ ယနဲ့ဘင်္ဂလားဒေ့ရှ်ကြားဆွေးနွေးနိုင်ရင်တော့ ဖြေရှင်းမယ့်နည်းလမ်းတွေ ရလာနိုင်တယ်လို့လည်း သူမက ထပ်ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်အမြင်မှာတော့ မြစ်အထ က်ပိုင်းဖြစ်တဲ့အိန္ဒိယဟာ ခြောက်သွေ့ရာသီတွေမှာ မြစ်အောက်ပိုင်းဖြစ်တဲ့ဘင်္ဂလားဒေ့ရှ်အတွက် ရေခွဲဝေရေးကို အ သေအချာ အာမခံချက်မပေးဘူးလို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာစားနပ်ရိက္ခာဖူလုံမှုဟာ အမြဲတန်းပြဿနာရှိနေပြီးဘင်္ဂလားဒေ့ရှ်မှာ စားနပ်ရိက္ခာအတွက် တီစတာမြစ်ကို မှီခိုနေရတဲ့လူဦးရေဟာ သန်းနဲချီရှိပါတယ်။

နွေရာသီမှာ ရေစီးဆင်းမှုကို အိန္ဒိယကလျော့ချထားလို့ မစိုက်ပျိုးနိုင်ခဲ့တဲ့ဖြစ် စဉ်တွေရှိပါတယ်။

အဲဒါကြောင့်”အိမ်နားနီးချင်းဦးစားပေး “ဆိုတဲ့ မူဝါဒဟာ တဖြေးဖြေးနောက်ဆုတ်သွားပြီး ဘင်္ဂလားဒေ့ရှ်ဟာတရုတ်ကို ချဉ်းကပ်လာရတယ်လို့ ဒါကာတက္က သိုလ်နိုင်ငံခြားဆက်ဆံရေးပါမောက္ခ လိုင်လူဖာယစ်စမင်(Lailufar Yasmin) က ဆိုပါတယ်။

တီစတာမြစ်စီမံကိန်းကိုလုပ်ရင် အိန္ဒိယက တန်ပြန်လာမယ့်လုံခြုံရေးအခြေအ နေတွေကိုလည်း ဘင်္ဂလားဒေ့ရှ်က သ တိပြုမိဖို့လိုပါတယ်။

ဒါကာတက္ကသိုလ်လုံခြုံရေးဆိုင်ရာကျွမ်းကျင်သူ ရှဖီ အမ်ဒီ မွစ်တိုဖာ (Shafi Md Mostofa)က “တရုတ်ကို နောက်ခံထားပြီး အိန္ဒိယကိုဆန့်ကျင်ဘက်သွားလုပ်ရင် အိန္ဒိယက အလျော့ပေးမှာ မဟုတ်ပါဘူး။”လို့ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ဟာ ဒေသတွင်းပထဝီနိုင် ငံရေးရွေ့ကွက်ထက် မြစ်ချောင်းစီမံခန့်ခွဲရေးနဲ့ရာသီဥတု သဘာဝပတ်ဝန်းကျ င်လိုက်လျောညီထွေရှိရေးမှာ ရပ်တည်ပြသင့်တယ်လို့ ဆိုပါတယ်။

အဲဒီလိုညှိ့နှိုင်းဖို့အတွက် ပြဿနာက အနောက်ဘင်္ဂလားပြည်နယ်အစိုးရဟာ မိုဒီတို BJP ပါတီမဟုတ်ဘဲ အတိုက်အ ခံအုပ်စုတွေဖြစ်နေတာပါ။

BJP ရဲ့ အတိုက်အခံအုပ်စုတွေ အားကောင်းတဲ့အနောက်ဘင်္ဂလားပြည်နယ်အစိုးရအဖွဲ့မှာ တီစတာမြစ်ရေခွဲဝေရေးနဲ့ပတ်သက်ပြီး ကန့်ကွက်မှုတွေတောက် လျှောက်ရှိခဲ့ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့လရွေးကောက်ပွဲမှာတော့ အနောက်ဘင်္ဂလားပြည်နယ်မှာ မိုဒီတို့ပါတီ BJP က နိုင်သွားပါတယ်။

တီစတာမြစ်ရေခွဲဝေရေးဟာ အနောက်ဘင်္ဂလားပြည်နယ်လူထူကြားထဲမှာ နိုင် ငံရေးအရအကဲဆတ်ပြီးဘင်္ဂလားဒေ့ရှ်ကနယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုတွေပါ။

BJPကလည်းနယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုတွေကို တင်းတင်းကျပ်ကျပ်ကိုင်တွယ်မယ်ဆိုတဲ့ ကတိကဝတ်နဲ့မဲရလာတာပါ။

နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ဘင်္ဂလားဒေ့ရှ်တွေ သေဆုံးတာ၊အတင်းအကျပ်မောင်းထုတ်ခံရတာနဲ့ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်နဲ့အိန္ဒိယကြားမှာ အဖုအ ထစ်တွေရှိနေပါတယ်။

အနောက်ဘင်္ဂလားပြည်နယ်ဝန်ကြီးချု ပ်ဟောင်းမာမာတာဘာနေဂျီးက (Mamata Banerjee)ဘင်္ဂလားဒေ့ရှ်ကို ရေအရင်းအမြစ်ခွဲပေးလိုက်ရင် အနော က်ဘင်္ဂလားပြည်နယ်မှာ လယ်သမားတွေအကြီးအကျယ်ထိခိုက်လိမ့်မယ်လို့ ဆိုပါတယ်။

အိန္ဒိယဖက်ဒရယ်စနစ်အရ ရေခွဲဝေရေးအရင်းအမြစ်မှာ ဗဟိုအစိုးရဟာ ပြည်နယ်သဘောတူညီချက်မပါဘဲ ဘာမှလုပ်လို့မရပါဘူး။

အိန္ဒိယက ဒေသဆိုင်ရာနဲ့ကမ္ဘာလုံးဆိုင်ရာဩဇာဖြန့်ကျက်ဖို့အတွက်ဆိုရင်တော့ တရုတ်ရင်ခွင်ထဲရောက်နေတဲ့အိမ်နီးချင်းတွေကို ပြန်ဆွဲဆောင်နိုင်ဖို့လိုပြီး ပြည်တွင်းနိုင်ငံရေးအားပြိုင်မှုတွေက နိုင်ငံခြားရေးမူဝါဒကို မထိခိုက်စေဖို့လိုတယ်လို့ အပနာ ပန်ဒေး က သူမ အမြင်ကို ပြောပါတယ်။

အိန္ဒိယအမြင်မှာတော့ တီစတာမြစ်စီမံကိန်းထဲ တရုတ်ဝင်ပါလာမှုအပေါ် အ တော်ကြီးသတိထားပြီး ဘက်ပေါင်းစုံက ပြန်လည်ဆန်းစစ်နေပါတယ်။

အိန္ဒိယတူဒေးရဲ့အဆိုအရ ၂၀၂၄ ခုနှစ်က အမေရိကန်ဒေါ်လာသန်းတထောင်တန်ကြေးရှိတဲ့စီမံကိန်းတခုကို ဘင်္ဂလားဒေ့ရှ်ကို အိန္ဒိယကအဆိုပြုခဲ့ပေမယ့် ဘင်္ဂလားဒေ့​ရှ်ရဲ့ နိုင်ငံရေးအခြေအ နေတွေကြောင့် ရှေ့ဆက်မတိုးနိုင်ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

တရုတ်ဟာ အိန္ဒိယထက် မြန်နေတယ်လို့လည်း အိန္ဒိယတူဒေးကဆိုပါတယ်။

တရုတ်ဟာ ပါကစ္စတန်နဲ့ဘင်္ဂလားဒေ့ရှ်မှာ ဩဇာလွမ်းမိုးဖို့လုပ်နေတာဟာ အိ န္ဒိယအတွက်တော့ မျက်နှာစာနှစ်ခုက ဖိအားပေးခံနေရတာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် တရုတ်လက်ထဲ အကုန်ရောက်သွားတာ မဟုတ်ပါဘူး။ ဘင်္ဂလားဒေ့ရှ်ဟာ အိန္ဒိယနဲ့ မြစ်ရေခွဲဝေရေးမှာ သဘောတူညီချက်ကို ယူရမှာပါ။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူရန်ဒါရ်ဂျိုင်းဆွယ်(Randhir Jaiswal)ကို ဇွန်လ ၃ ရက်နေ့က သ ဘောထားမေးမြန်းရာမှာ အိန္ဒိယက တီစတာမြစ်စီမံကိန်းအပေါ် “အားလုံးနဲ့ ဆ က်စပ်နေတဲ့ ဖွံ့ဖြိုးတိုးတက်မှု”အဖြစ်မြင်တယ်လို့ဆိုပါတယ်။

အိန္ဒိယရဲ့တီးစတာမြစ်စီမံကိန်းအထောက်အပံ့တွေဟာ နှစ်နိုင်ငံသဘောတူညီချက်တွေအပေါ်မှာ အခြေခံနေမှာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်က စီမံကိန်းကို လုပ်ဖို့ပိုရှိနေတယ်။

အိန္ဒိယကတော့ တီစတာမြစ်နဲ့ပတ်သက်လို့ ဒေါင့်စုံအောင်သုံးသပ်နေမယ်လို့ ရန်ဒါရ်ဂျိုင်းဆွယ်က ဆိုပါတယ်။

ကိုးကား…

  • https://amp-scmp-com.cdn.ampproject.org/v/s/amp.scmp.com/week-asia/politics/article/3353738/bangladesh-tests-its-india-ties-seeking-chinas-aid-teesta-river
  • https://www.indiatoday.in/world/story/bangladesh-teesta-river-restoration-project-china-mou-tarique-rahman-india-siliguri-corridor-chickens-neck-2940059-2026-07-07

တီးစတာမြစ်

  • https://www.facebook.com/share/p/1LKjx8iava/
PrevPreviousမဲဆောက်မှာ မြန်မာသို့ ပို့မယ့် ဒရုန်းနဲ့ ဆက်စပ်ပစ္စည်းတွေဖမ်းမိ
Nextမဲဆောက်မှာအလုပ်ရှင်ကို ဓားနဲ့တိုက်ခိုက်တဲ့မြန်မာလုပ်သားနှစ်ဦးဖမ်းဆီးခံရNext
Previous Post

မဲဆောက်မှာ မြန်မာသို့ ပို့မယ့် ဒရုန်းနဲ့ ဆက်စပ်ပစ္စည်းတွေဖမ်းမိ

Next Post

မဲဆောက်မှာအလုပ်ရှင်ကို ဓားနဲ့တိုက်ခိုက်တဲ့မြန်မာလုပ်သားနှစ်ဦးဖမ်းဆီးခံရ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

အဥ္ဇနပူရကိုစစ်တပ်က လေကြောင်းတိုက်ခိုက်လို့ ကလေးနှစ်ဦးအပါအဝင် ရှစ်ဦးဒဏ်ရာရ (ဓာတ်ပုံသတင်း)

September 28, 2026
ဓာတ်ပုံ-AA

အာရက္ခတပ်တော်ထိန်းချုပ်မြို့နယ်တွေကို စစ်တပ်ကနေ့စဉ်လေကြောင်းတိုက်ခိုက်နေ

September 28, 2026
ဓာတ်ပုံ - အာရက္ခတပ်တော်(ပုံဟောင်း)

အဉ္ဇနပူရ​မြို့နယ်ကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ ခုနှစ်ဦးဒဏ်ရာရ

September 28, 2026
​ဓာတ်ပုံ - AA Info Desk

အာရက္ခဒေသအနှံ့စစ်တပ်ကြောင့် သမိုင်းဝင်ဘုရားသိမ်၊ကျောင်းတွေနဲ့အိမ်တွေပျက်စီး

September 28, 2026

အာရက္ခဒေသမှာ စစ်တပ်ကြောင့်ဆယ်ရက်အတွင်း အရပ်သား ၆ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရ(ဓာတ်ပုံသတင်း)

မြန်မာတော်လှန်ရေးတပ်တွေကို လေ့ကျင့်ပေးခဲ့တယ်လို့စွပ်စွဲခံရတဲ့ နိုင်ငံခြားသားခုနှစ်ဦးအိမ်ပြန်ခွင့်ရ

အိန္ဒိယနဲ့နီပေါမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမြေပြိုလို့ လူ၆၈ ဦးသေဆုံး

သက်တမ်းနှစ်ဆယ်ကျော်ယာဉ်ဟောင်းတွေကို EV နဲ့ အစားထိုးတင်သွင်းခွင့်ပြု

ဖာပွန်ခရိုင်တိုက်ပွဲမှာ စစ်တပ်ထံမှလက်နက်ခုနှစ်လက် KNLA သိမ်းဆည်းမိ

ဆောမှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားနှစ်ဦးသေဆုံး

Releated Post

ဓာတ်ပုံ-AA

အာရက္ခဒေသမှာ စစ်တပ်ကြောင့်ဆယ်ရက်အတွင်း အရပ်သား ၆ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရ(ဓာတ်ပုံသတင်း)

September 27, 2026
​Ref/Photo - India Today

မြန်မာတော်လှန်ရေးတပ်တွေကို လေ့ကျင့်ပေးခဲ့တယ်လို့စွပ်စွဲခံရတဲ့ နိုင်ငံခြားသားခုနှစ်ဦးအိမ်ပြန်ခွင့်ရ

September 27, 2026
Ref/​Photo - AFP/Reuters

အိန္ဒိယနဲ့နီပေါမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမြေပြိုလို့ လူ၆၈ ဦးသေဆုံး

September 27, 2026
ဓာတ်ပုံ-BNA

သက်တမ်းနှစ်ဆယ်ကျော်ယာဉ်ဟောင်းတွေကို EV နဲ့ အစားထိုးတင်သွင်းခွင့်ပြု

September 27, 2026
​ဓာတ်ပုံ - KNU

ဖာပွန်ခရိုင်တိုက်ပွဲမှာ စစ်တပ်ထံမှလက်နက်ခုနှစ်လက် KNLA သိမ်းဆည်းမိ

September 27, 2026

ဆောမှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားနှစ်ဦးသေဆုံး

September 27, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page