Border News Agency
မကွေး၊ဇူလိုင် ၂၂။
မကွေးတိုင်း၊မြိုင်မြို့နယ်မှာ ဇူလိုင်လ ၂၂ ရက်၊ဒီနေ့မနက်ပိုင်းက အာဏာသိမ်းစစ်တပ်လက်နက်ကြီးပစ်ခတ်လို့ အရပ်သားနှစ်ဦးသေဆုံးခဲ့ပါတယ်။
အဲဒီသင်းမကျေးရွာမှာတပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဝက်ဖိုးကျေး ရွာကို ၁၂၀ မမ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် အရပ်သားနှစ်ဦး သေဆုံးသွားတာပါ။
အဲဒီစစ်ကြောင်းဟာ သင်းမကျေးရွာမှအနောက်မြောက်ဘက်ကို ဦးတည်ပြီး စစ်ကြောင်းထိုးလာနေတာကြောင့်ပြည်သူတွေစစ်ကြောင်းအနီးဝန်းကျင်ကိုသွားရောက်တာ၊ခိုလှုံတာနဲ့ သတင်းစောင့်ကြည့်တာတွေ လုံးဝမပြုလုပ်ကြဖို့ မြိုင်မြို့နယ်စစ်ကြောင်းသတင်းတွေက သတိပေးထားပါတယ်။
အဲဒီအပြင် လက်နက်ကြီးနဲ့စစ်ဘေးအန္တရာယ်တွေက ကင်းဝေးစေဖို့ စစ်ကြောင်းနဲ့ လွတ်ကင်းမယ့်နေရာတွေကို အမြန်ဆုံးရှောင်နေထိုင်ကြဖို့လည်း အသိပေးထားပါတယ်။










