Border News Agency
သံတွဲ၊ဇူလိုင် ၂၃။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့သံတွဲမြို့နယ်၊ငပလီမြို့ကို ဇူလိုင်လ ၂၃ ရက်၊ဒီနေ့နေ့လည်က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ဆရာ တော်တပါး၊ကလေးတဦးအပါအဝင်ငါးဦးဒဏ်ရာရသွားပါတယ်။
အဲဒီသံတွဲမြို့၊ဂျိတ္တော ၅ရပ်ကွက်မှသ က်တော်ငါးဆယ်အရွယ်အသျှင်ခေမာနန္ဒ၊အသက်တနှစ်အရွယ်မောင်လင်းထ က်ပိုင်၊အသက်ငါးဆယ်သုံးနှစ်အရွယ်ဒေါ်ညိုထွီး၊အသက်ငါးဆယ်သုံးနှစ်အ ရွယ်ဦးဝင်းအောင်၊အောင်ကိုလင်းဒဏ် ရာရသွားပါတယ်။
အဲဒီသံတွဲမြို့နယ်၊ငပလီမြို့ကို ဇူလိုင် လ ၂၃ ရက်၊ဒီနေ့၊နေ့လည် ၁၂ နာရီကျော်အချိန်ကစတင်ပြီးသုံးကြိမ်ထိလေကြောင်းတိုက်ခိုက်ခဲ့တာပါ။
အဲဒီငပလီမြို့၊ဂျိတ္တော ၅ ရပ်ကွက်ရှိပု လဲရတနာဘုန်းကြီးကျောင်းသို့နှစ်လုံး၊ငပလီမြို့၊လင်းသာရပ်ကွက်ရှိAz family ဟိုတည်သို့တလုံးကျရောက် ပေါက်ကွဲပြီး ဘုန်းကြီးကျောင်းနဲ့နေအိမ်ငါးဆောင်ပျက်စီးသွားပါတယ်။














