Border News Agency
ရုရှား၊ဇူလိုင် ၁၃။
ရုရှားနိုင်ငံ၊အူလီယာနော့ဗ်စခ်ဒေသ၊နိုဗိုစပတ်စကိုယဲမြို့ရှိရေနံဓာတ်ငွေ့ရည် (LPG)သိုလှောင်ရုံတခု ဇူလိုင်လ ၂၃ ရက်၊ဒီနေ့မှာ ဒရုန်းနဲ့ တိုက်ခိုက်ခံရလို့ မီးလောင်ကျွမ်းနေပါတယ်။
အဲဒီမီးလောင်မှုကို ထိန်းချုပ်နိုင်ဖို့အ ရေးပေါ် ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေကို အခင်းဖြစ်နေရာသို့ စေလွှတ်ထားတယ်လို့ ဆိုပါတယ်။
အဲဒီပျက်စီးဆုံးရှုံးမှု ပမာဏကို စစ် ဆေးနေပြီးလူထိခိုက်သေဆုံးမှုကို တ ရားဝင်ထုတ်ပြန်ထားတာမရှိသေးပါဘူး။
ရုရှားရှိ အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထားတဲ့ဒရုန်းတိုက်ခိုက်မှုတွေမကြာခဏဖြစ်နေပါတယ်။











