Border News Agency
မလေးရှား၊ ဇူလိုင် ၂၉။
ဒုက္ခသည်စီမံခန့်ခွဲရေးကိစ္စတွေမှာ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်တာမရှိရင် UNHCR ရုံးဖွင့်ခွင့်ကို ပြန်သုံးသပ်သင့်တယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Tok Mat က ပြောပါတယ်။
UNHCR ရုံးရှိနေတာကြောင့် ဒုက္ခသည်ကတ် အလွယ်တကူရနိုင်တယ်လို့ထင်မြင်ကာ မလေးရှားသို့လာရောက်သူပိုများလာပြီး စနစ်တကျစီမံခန့်ခွဲဖို့လိုအပ်နေတယ်လို့ ထောက်ပြတာပါ။
အဲဒီသူတချို့ဟာ မိခင်နိုင်ငံမှာရှိနေချိန်အွန်လိုင်းမှလျှောက်ထားပြီး မလေးရှားရောက်မှကတ်ယူတဲ့ ပြဿနာတွေရှိနေတာကြောင့် UNHCR နဲ့တရားဝင် သဘောတူညီချက်ထားရှိဖို့ အရေးကြီးနေတာပါ။
အဲဒါကြောင့်ဒုက္ခသည်အဖြစ်လျှောက်ထားသူတွေကို သေချာစိစစ်ပြီး UNHCR ကတ် မထုတ်ပေးမီ ပြည်ထဲရေးဝန်ကြီးဌာနသဘောတူခွင့်ပြုချက် ရယူတဲ့စနစ်ကိုလုပ်နေပါတယ်။
လူသားချင်းစာနာထောက်ထားရေးနဲ့ လုံခြုံရေးကြားဟန်ချက်ညီဖို့လိုပြီး ကရုဏာတရားကြောင့် အမျိုးသားလုံခြုံရေးကို မထိခိုက်စေချင်ဘူးလို့လည်း မလေးရှားသတိပေးခဲ့ပါတယ်။









