Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
Analysis စီးပွားရေး ဆောင်းပါး မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် အာရက္ခဒေသ

ထုတ်ကုန်မဲ့လူ့အဖွဲ့အစည်း

Author picture

By

Saw Shin Nyo
Reading Time: 2 mins read
0
A A
0
SHARES
98
VIEWS
Share on FacebookShare on Twitter

မောင်တူရေးသည်။

ထုတ်ကုန်နည်းပါးလွန်းသောလူ့အဖွဲ့အစည်း ၁ 


ကုန်ထုတ်လုပ်မှုများသောလူ့အဖွဲ့အစည်းသည် ချမ်းသာသည်။လူသားသမိုင်းကို ပြန်ကြည့်လျှင် ကျောက်ခေတ်ကာလသည် ထုတ်ကုန်မဲ့လူ့အဖွဲ့အစည်းဖြစ်သည်။

ကျောက်ခေတ်လူတွင် မည်သည့်ကုန် ထုတ်လုပ်မှုမှမရှိပေ။အစာအတွက်လည်း ထုတ်ကုန်မရှိ၊အဝတ်အထည်အတွက်လည်း ထုတ်ကုန်မရှိ၊နေရန်အတွက်လည်း ထုတ်ကုန်မရှိကြပေ။အစာအတွက် ထုတ်ကုန်မရှိ၍ အမဲထွက်လိုက်ကြရပေသည်။ဝတ်ရန်အဝတ်အထည်မရှိ၍ ရာသီဥတုဒဏ်ခံကြရပေသည်။နေစရာမရှိ၍ ကျောက်ဂူများတွင်နေကြရပေသည်။

ကမ္ဘာပေါ်တွင် ထုတ်ကုန်မဲ့လူ့အဖွဲ့အစည်းသည် စားဝတ်နေရေးခက်ခဲပင်ပန်းသော လူ့အဖွဲ့အစည်းဖြစ်ပေသည်။

မြေရှင်ပဒေသရာဇ်ခေတ်ကို ရောက်လာသောအခါ အစာအတွက် လူသည် စိုက်ပျိုးရေးကို လုပ်တတ်လာကြသည်။မွေးမြူရေးလုပ်တတ်လာကြသည်။

စိုက်ပျိုးရေးမှ သီးနှံထုတ်ကုန်ကိုပေးသည်။မွေးမြူရေးမှ အသား၊သားရည်၊အမွေးစသည့်ထုတ်ကုန်ကိုပေးသည်။ထုတ်ကုန်ရှိလာသောအခါ ကျောက်ခေတ်ကလောက် စားဝတ်နေရေး မပင်ပန်းကြတော့ပေ။

အာရက္ခလူ့အဖွဲ့အစည်းသည် ထုတ်ကုန်မဲ့၊ထုတ်ကုန်နည်းပါးသော လူအဖွဲ့အစည်းဖြစ်ပေသည်။အဘယ်ကြောင့်ဆိုသော် မြန်မာ့လူ့အဖွဲ့အစည်းသည် ဆယ်စုနှစ်များစွာ ထုတ်ကုန်မဲ့လူ့အဖွဲ့အစည်း သို့မဟုတ် ထုတ်ကုန်နည်းပါးသောလူ့အဖွဲ့အစည်း ဖြစ်နေခဲ့ကြပေသည်။

မြန်မာ့လူ့အဖွဲ့အစည်းသည် အဘယ်ကြောင့် ထုတ်ကုန်မဲ့ သို့မဟုတ် ထုတ်ကုန်နည်းပါးသောလူ့အဖွဲ့အစည်းဖြစ်နေခဲ့ကြရသနည်း။

၁၉၆၂ ခုနှစ်အလွန်ကာလများတွင် တံခါးပိတ်ဆိုရှယ်လစ်စီးပွားရေးကို ကျင့်သုံးခဲ့ရာ မြန်မာလူ့အဖွဲ့အစည်းသည် တဖြေးဖြေးနှင့်ထုတ်ကုန်မဲ့လူ့အဖွဲ့အစည်း သို့မဟုတ် ထုတ်ကုန်နည်းပါးသော လူ့ အဖွဲ့အစည်းဘက်သို့ ရောက်လာခဲ့ကြသည်။

ဆိုရှယ်လစ်စနစ်၏ လက်ဝဲအယူအဆဖြစ်သော နိုင်ငံတော်မှလူမှုဖြစ်စဉ်အားလုံးအပေါ် တာဝန်ရှိသည်ဟူသော အယူအဆဖြင့် ဆိုရှယ်လစ်လူ့ဘောင်ကို ဖေါ်ဆောင်ခဲ့ကြသည်။

ထိုသို့ဖေါ်ဆောင်ရာတွင် ”တသီးပုဂ္ဂလ ပိုင်ဆိုင်မှုကို လူတန်းစားကွာဟချက်၏ တရားခံအဖြစ်ရှူမြင်”လာကြသည်။ရှိရှိသမျှသော စီးပွားရေးလုပ်ငန်းနှင့်အရင်းအမြစ်များကို နိုင်ငံတော်ကသာ အပိုင်သိမ်းတော့သည်။

နိုင်ငံတော်မှ မောင်းနှင်သောစီးပွားရေးလုပ်ငန်းများတွင် နိုင်ငံသားတိုင်းအလုပ်လုပ်ရမည်။လုပ်၍ရလာသော အကျိုးအမြတ်ကို နိုင်ငံသားများအား တန်းတူညီမျှစွာ မျှဝေခံစားစေမည်စသဖြင့် တ န်းတူညီမျှသော ဆိုရှယ်လစ်လူ့ဘောင်ကို တည်ဆောက်တော့သည်။ 

သို့သော် ရလဒ်ကပုဂ္ဂလိကပိုင်ဆိုင်မှုကို ဖျက်သိမ်းသဖြင့် နိုင်ငံသားတို့၏လက်ထဲတွင် အရင်းအနှီးမဲ့သွားခဲ့ကြရပေသည်။လူတိုင်သည် လုပ်ချင်သလောက်လုပ်ရသည့်အကျိုးအမြတ်က တန်းတူဆိုသည့်အတွက် ကာယဥာဏအားစိုက်မလုပ်ချင်ကြတော့ပေ။

ထိုကဲ့သို့ ကာယဥာဏအားစိုက်မလုပ်ကြတော့သဖြင့် ကုန်ထုတ်လုပ်မှုနည်းပါးလာခဲ့ရပေသည်။ကုန်ထုတ်လုပ်မှုန ည်းပါလာသဖြင့် ထုတ်ကုန်လည်းနည်းပါးလာခဲ့သညျ။ ထိုကွောငျ့ကုနျပစ်စည်းများနည်းပါးလာသဖြင့် ဦးရာလူစနစ် ရောင်းချကြတော့သည်။ ဦးရာလူစနစ်ကို စီမံခန့်ခွဲရသော အာဏာရှိသူများကို လာဘ်ထိုးလာကြတော့သည်။ထိုကဲ့သို့ လာဘ်ထိုးလာကြသဖြင့် အဂတိတရားပါလာကြတော့သည်။ထိုအဂတိတရားက အစိုးရအင်စတီကျူရှင်းများကို ယိုင်နည်းလာကြစေသည်။

ဤသို့ဖြင့် ဆိုရှယ်လစ်လူ့ဘောင်သည် တန်းတူညီမျှ လူ့ဘောင်မဟုတ်တော့ဘဲ ဦးရာလူစနစ်၊လက်သင့်ရာစားတော်ခေါ် လူ့အဖွဲ့အစည်းဘက်ကိုပြောင်းပြန် ရောက်သွားကြတော့သည်။

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့(နဝတ)ခေတ်ကို ရောက်လာချိန်တွင် ပုဂ္ဂလိကပိုင်ဆိုင်မှုကို ပြန်သွားခဲ့ကြသည်။သို့သော်လည်း အဂတိတရားနှင့်လက်သင့်ရာစားတော်ခေါ် အကျင့်က အရိုးစွဲနေကြပြီဖြစ်သည်။ 

ဤသို့ဖြင့်ကျယ်ပြန့်လွတ်လပ်သောဈေးကွက်စီးပွားရေးစနစ်ကို မရောက်ခဲ့ကြပေ။လက်သင့်ရာစားတော် ခေါ်အကျင့်များက ခရိုနီလူတန်းစားကိုပေါ်လာစေသည်။ထိုခရိုနီများကလည်း ကုန်ထုတ်လုပ်မှုဘက်ကို မသွားကြပေ။

နိုင်ငံ့အတွင်းရှိ မြေပေါ်မြေအောက်ရှိရှိသမျှသယံဇာတကို တူးဆွကာကုန်ကြမ်းအဖြစ်သာ နိုင်ငံခြားတင်ပို့တော့သည်။ထိုကုန်းကြမ်းကို ကုန်ချောထုတ်၍ ဈေးကွက်ယှဉ်ပြိုင်ရသော အလုပ်ကိုမလုပ်ကြပေ။

ဤသို့ဖြင့် မြန်မာ့လူ့ဘောင်သည် ထုတ်ကုန်မဲ့လူ့အဖွဲ့အစည်းအနေဖြင့်သာ ဆက်ရှိနေခဲ့ကြပေသည်။

ထုတ်ကုန်ဆိုသည်မှာအဘယ်နည်း

သစ်တတန်ကို ကျပ်ငွေငါးထောင်ဖြင့် သစ်သားရောင်းသူထံမှ ပရိဘောဂလုပ်သူသည် သစ်ဝယ်သည်ဆိုပါစို့။ပရိဘောဂလုပ်သူသည် သစ်တတန်မှ ခုံအလုံးရေနှစ်ဆယ်ထုတ်နိုင်သည်။ခုံတလုံးကို ငါးရာကျပ်ဖြင့် ပြန်ရောင်းသည်။ဤသို့ဖြင့် သစ်ရောင်းသူထံမှငါးထောင်ကျပ်တန်သစ်သည် ပရိဘောဂလုပ်သူလက်ထဲတွင် ကျပ်ငွေတသောင်းထိတန်ဖိုးတက်သွားပေသည်။ 

ထို့ကြောင့် ထုတ်ကုန်ဆိုသည်မှာ ယင်းသို့ဖြစ်သည်။ဤတွင် အသေးစိတ်ခွဲခြမ်းပါက ပရိဘောဂလုပ်သူ၏ လုပ်အားနှင့်နည်းပညာတန်ဖိုးပါနေသည်။ထုတ်ကုန်အား ကုန်ချောလုပ်နိုင်ပါမှထုတ်ကု န်၏တန်ဖိုးသည် မြင့်လာပေသည်။ 

သွင်းအားစုအရင်းအနှီး

ပရိဘောဂသမား၏ သစ်ဝယ်ယူ ငွေကြေး၊လုပ်အား၊နည်းပညာ၊သစ်သား၊လက်သမားပစ္စည်းကိရိယာ၊သယ်ယူပို့ဆောင်ရေး၊ဝယ်သူများများရရှိရေး စသည့်အချက်များသည် စီးပွားရေးဆိုင်ရာ လုပ်ရပ်များဖြစ်ပေသည်။ 

စီးပွားရေးဆိုင်ရာ လုပ်ရပ်တခုပြတ်တောက်ပါက ပရိဘောဂသမားသည် ဆက်လည်ပတ်ရန် ခက်ခဲသွားပေသည်။သစ်ဝယ်ယူ ငွေကြေး၊လုပ်အား၊နည်းပညာ၊သစ်သား၊လက်သမားပစ္စည်းကိရိယာ၊ သယ်ယူပို့ဆောင်ရေးသည် ပရိဘောဂသမား၏ သွင်းအားစုဖြစ်ပေသည်။ 

ထိုပစ္စည်းကို ဝယ်ယူသူများများရရှိရေးသည်ဈေးကွက်ဖြစ်ပေသည်။သွင်းအားစုနှင့်ဈေးကွက်သည် စီးပွားရေးဆိုင်ရာလုပ်ရပ်များဖြစ်ပေသည်။

အစိုးရများသည် ပြည်သူလူထု၏ စီးပွားရေးဆိုင်ရာလုပ်ရပ်တခုချင်းစီကို အကာအကွယ်နှင့်အရင်းအနှီးအထောက်အပံ့များပေးရန် တာဝန်ရှိပေသည်။

ဤကား ဘောဂဗေဒသဘောကို ရွက်ကြမ်းရည်ကျိုအဆင့် သဘောပေါက်ရန် ရှင်းပြခြင်းဖြစ်သည်။

ဆက်လက်ဖော်ပြပါမည်။

PrevPreviousအာရက္ခဒေသက ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေ
Nextအာရက္ခလူ့ဘောင်နှင့်လီဗီးယားသန်Next
Previous Post

အာရက္ခဒေသက ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေ

Next Post

အာရက္ခလူ့ဘောင်နှင့်လီဗီးယားသန်

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ICJ အပြီးသတ်စီရင်ချက်အလွန် ဘာဖြစ်လာမလဲ

August 25, 2026

ရသေ့တောင်မှာနွားတွေဆက်တိုက်သေဆုံးနေမှု အာရက္ခပြည်သူ့ကျန်းမာရေးဌာနစစ်ဆေးနေ

August 25, 2026
ဓာတ်ပုံ-APM

မောင်တောမှာအကြမ်းဖက်သမားတွေပစ်ခတ်လို့ အရပ်သားတဦးဒဏ်ရာရ

August 25, 2026
(ဓာတ်ပုံ - တရားဥပဒေစိုးမိုးရေးနဲ့ပြည်သူ့လုံခြုံရေးဌာန(ဒီလပ်)ချုပ် ဦးအောင်သာဝင်းသိမ်းယူထားတဲ့မြေပုံမြို့နယ်မှ ပုစွန်တာ/BNA)

အများပြည်သူအကျိုးပြုစီမံကိန်းတွေအတွက် မြေယာတွေကို အာရက္ခအစိုးရပြန်ယူနိုင်

August 24, 2026

အများပြည်သူအကျိုးပြုစီမံကိန်းတွေအတွက် မြေယာတွေကို အာရက္ခအစိုးရပြန်ယူနိုင်

အာရက္ခမြေယာပြဿနာတွေဖြေရှင်းဖို့ စီမံခန့်ခွဲမှုကော်မတီတွေတိုးဖွဲ့

ဗဟန်းမှာ ငွေကျပ်သိန်း ၅,၇၀၀ တန်ဖိုးရှိ စိတ်ကြွဆေးတွေနဲ့ လူတဦးဖမ်းမိ

မောင်တောမြို့ပေါ်မှာ အာရက္ခတပ်တော်လုံခြုံရေးဆောင်ရွက်နေ

လူမှုတရားမျှတရေး ပဋိပက္ခတွေဖြစ်လာနိုင်တဲ့ အာရက္ခမြေယာမူဝါဒ

မန္တလေးမှာ ငွေကျပ်သိန်းကိုးထောင်ကျော်တန် မူးယစ်ဆေးဝါးတွေနဲ့ တရားခံငါးဦးဖမ်းမိ

Releated Post

(ဓာတ်ပုံ - တရားဥပဒေစိုးမိုးရေးနဲ့ပြည်သူ့လုံခြုံရေးဌာန(ဒီလပ်)ချုပ် ဦးအောင်သာဝင်းသိမ်းယူထားတဲ့မြေပုံမြို့နယ်မှ ပုစွန်တာ/BNA)

အများပြည်သူအကျိုးပြုစီမံကိန်းတွေအတွက် မြေယာတွေကို အာရက္ခအစိုးရပြန်ယူနိုင်

August 24, 2026

အာရက္ခမြေယာပြဿနာတွေဖြေရှင်းဖို့ စီမံခန့်ခွဲမှုကော်မတီတွေတိုးဖွဲ့

August 24, 2026
ဓာတ်ပုံ - မူးယစ်တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့

ဗဟန်းမှာ ငွေကျပ်သိန်း ၅,၇၀၀ တန်ဖိုးရှိ စိတ်ကြွဆေးတွေနဲ့ လူတဦးဖမ်းမိ

August 24, 2026
ဓာတ်ပုံ - APM

မောင်တောမြို့ပေါ်မှာ အာရက္ခတပ်တော်လုံခြုံရေးဆောင်ရွက်နေ

August 24, 2026

လူမှုတရားမျှတရေး ပဋိပက္ခတွေဖြစ်လာနိုင်တဲ့ အာရက္ခမြေယာမူဝါဒ

August 24, 2026
ဓာတ်ပုံ - မူးယစ်တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့

မန္တလေးမှာ ငွေကျပ်သိန်းကိုးထောင်ကျော်တန် မူးယစ်ဆေးဝါးတွေနဲ့ တရားခံငါးဦးဖမ်းမိ

August 24, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page