Border News Agency
နေပြည်တော်၊ သြဂုတ် ၁။
ပညာရေးကဏ္ဍတိုးတက်ဖို့အတွက် လာမယ့် ၂၀၂၆-၂၀၂၇ဘဏ္ဍာရေးနှစ်မှာ ပညာရေးဝန်ကြီးဌာနသီးသန့်အတွက် နိုင်ငံတော်ဗဟိုဘဏ်ရဲ့ ၆ ဒသမ ၉၂ ရာခိုင်နှုန်းအသုံးပြုသွားမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ပြောပါတယ်။
အဲဒီအပြင် ပညာရေးဝန်ကြီးဌာနအပါအဝင် တခြားဝန်ကြီးဌာနတွေအတွက် နိုင်ငံတော်ဘဏ္ဍာငွေရဲ့ ကိုးဒသမနှစ်ရာခိုင်နှုန်းသုံးစွဲသွားမယ်လို့ ဆိုပါတယ်။
လာမယ့် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်မှာတော့ ပညာရေးဝန်ကြီးဌာနအတွက် နိုင်ငံတော်ဘဏ္ဍာငွေရဲ့ ဆယ်ရာခိုင်နှုန်းထက်မနည်းတိုးမြှင့်အသုံးပြုသွားမယ်လို့ ဆိုပါတယ်။
အဲဒီအပြင်ပညာရေးကဏ္ဍတိုးတက်ရေးအတွက် နိုင်ငံတော်ဘဏ္ဍာငွေရဲ့တဆယ့်ငါးရာခိုင်နှုန်းထိ တိုးမြှင့်သုံးစွဲနိုင်အောင်စီမံနေတယ်လို့လည်း ဆိုပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်က ပညာရေးဘတ်ဂျက်တွေ တိုးသုံးစွဲမယ်ဆိုပေမယ့် စာသင်ကျောင်းတွေကို လေကြောင်းတိုက်ခိုက်တာတွေမကြာခဏ
ပြုလုပ်နေပါတယ်။
အဲဒါကြောင့် တနိုင်ငံလုံးမှာကျောင်းသူ၊ ကျောင်းသားသန်းနဲ့ချီ ပညာသင်ကြားခွင့်ဆုံးရှုံးနေကြပါတယ်။








