Border News Agency
နေပြည်တော်၊ သြဂုတ် ၁။
လာမယ့် ၂၀၂၇ ခုနှစ်မှာ မဲဆန္ဒနယ်တရာ့ခုနှစ်ဆယ်နှစ်နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်မယ်လို့ ဇူလိုင်လ ၃၁ ရက်နေ့က အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ပြောပါတယ်။
အဲဒီကြားဖြတ်ရွေးကောက်ပွဲကို အရင်ကရွေးကောက်ပွဲမကျင်းပနိုင်ခဲ့တဲ့ မဲဆန္ဒနယ်တွေနဲ့ရာထူးပြောင်းရွှေ့မှုတွေကြောင့် လစ်လပ်သွားတဲ့မဲဆန္ဒနယ်တွေမှာ မဲများသူအနိုင်ယူစနစ် (FPTP) နဲ့ကျင်းပသွားမှာပါ။
အဲဒီကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော် ရှစ်ဆယ့်ကိုးနေရာ၊ အ မျိုးသားလွှတ်တော်တဆယ့်ငါးနေရာနဲ့ တိုင်း/ပြည်နယ်လွှတ်တော်ခြောက်ဆယ့်ရှစ်နေရာပါဝင်မယ်လို့ ဆိုပါတယ်။
အဲဒီအတွက်မဲစာရင်း ပြုစုတာနဲ့ မဲပေးစက်ဖြန့်ဝေတာအပါအဝင် အကြိုပြင်ဆင်မှုတွေကိုလုပ်ဆောင်နေပြီလို့ မင်းအောင်လှိုင်က စစ်လွှတ်တော်မှာပြောတာပါ။
အာဏာသိမ်းစစ်တပ်ဟာ ၂၀၂၅ ခုနှစ် အကုန်ပိုင်းနဲ့ ၂၀၂၆ ခုနှစ်ဇန်နဝါရီလအတွင်း ရွေးကောက်ပွဲကို အပိုင်းသုံးပိုင်းခွဲလုပ်ခဲ့ပေမယ့် မြို့နယ်ခြောက်ဆယ့်ငါးခုမှာ ရွေးကောက်ပွဲလုံးဝမလုပ်နိုင်ခဲ့ပါဘူး။
ရခိုင်မှာတော့ အာဏာသိမ်းစစ်တပ်ထိန်းချုပ်ထားနိုင်တဲ့ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်သုံးမြို့နယ်သာ ရွေးကောက်ပွဲလုပ်နိုင်ခဲ့ပါတယ်။
ဒါပေမယ့် အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မောင်တော၊ ဘူးသီးတောင်၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ရမ်းဗြဲ၊ သံတွဲ၊ တောင်ကုတ်၊ ဂွ၊ အမ်းနဲ့ ပေါက်တောစတဲ့ ဆယ့်လေးမြို့နယ်မှာရွေးကောက်ပွဲ လုံးဝမလုပ်နိုင်ခဲ့ပါဘူး။
Website –







