သံတွဲမြို့နယ်မှာ စစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားလေးဦး သေဆုံး (ဓာတ်ပုံသတင်း)
Border News Agency
သံတွဲ၊ ဇူလိုင် ၃၁။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ သံတွဲမြို့နယ်၊ ရွှေလှေရွာအနီးသို့ ဇူလိုင် ၃၁ ရက်၊ ဒီနေ့ နေ့လည်က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ လေးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီသံတွဲမြို့နယ်၊ လင်းသီရွာနဲ့ ရွှေလှေရွာကြား၊ ရွှေလှေကျေးရွာ စာသင်ကျောင်းအနီးကို ဒီနေ့ နေ့လည် ၃ နာရီခွဲအချိန်က အာဏာသိမ်းစစ်တပ်က ရွယ်ရည်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် အသက်သုံးဆယ်ခုနှစ်နှစ်အရွယ် ဦးခင်မောင်ဝင်း၊ အသက်သုံးဆယ်ခုနှစ်နှစ်အရွယ် မေမြတ်လွင်၊ အသက်ဆယ့်ခုနှစ်နှစ်အရွယ် ဆွေဇင်အေးနဲ့ နောက်ထပ်အမျိုးသားတဦးသေဆုံးခဲ့ပါတယ်။
အဲဒီအပြင်အသက်ငါးဆယ်အရွယ်ဦးဇော်သိန်းနဲ့ အသက်တနှစ်နဲ့လေးလအရွယ် ဉာဏ်လင်းထက်ဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီသံတွဲမြို့၊ ငပလီမြို့နဲ့ ကမ်းခြေတလျှောက်ရှိနေရာတွေကို ဇူလိုင်လ ၂၃ ရက်နဲ့ ၂၄ ရက်နေ့မှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ ကိုယ် ဝန်ဆောင်အမျိုးသမီးတဦးအပါအဝင် အရပ်သားသုံးဦးသေဆုံးခဲ့ပြီး နှစ်ဆယ့်တဦးဒဏ်ရာရသွားခဲ့ပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်မြို့တွေကို အာဏာသိမ်းစစ်တပ်ကရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်နေတာမို့ အရပ်သားပြည်သူတွေ သေဆုံးဒဏ်ရာရနေကြပါတယ်။














