Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် သတင်း အာရက္ခဒေသ

မြောက်ဦးကဝန်ထမ်းတွေကို စစ်သင်တန်းတက်ခိုင်းတာ စဥ်စားပေးဖို့မိဘတွေတောင်းဆို

Photo-APM

Photo-APM

Author picture

By

Saw Shin Nyo
Reading Time: 1 min read
0
A A
0
SHARES
66
VIEWS
Share on FacebookShare on Twitter

Border News Agency
မြောက်ဦး၊ သြဂုတ် ၁။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူးရုံးဝန်ထမ်းအားလုံးကို စစ်သင်တန်းတက်ခိုင်းတာ ပြန်စဥ်စားပေးကြဖို့ မိဘတွေတောင်းဆိုနေကြပါတယ်။

အဲဒီမြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ အိမ်ထောင်သည်လေးဦးအပါအဝင် အမျိုးသမီးရှစ်ဦး၊ အမျိုးသားကိုးဦးစုစုပေါင်းဆယ့်ခုနှစ်ဦးကို ဇူလိုင်လ ၃၁ရက်၊မနေ့က စစ်သင်တန်းတက်ဖို့ ပို့လိုက်တာလို့ မိသားစုဝင်တွေ၊ မိဘတွေက ဆိုကြပါတယ်။

“ညနေပိုင်းချက်ချင်းသင်တန်းကျောင်းကိုပို့လိုက်ကြတာပါ။ မိသားစုဝင်တွေ၊ မိဘတွေတောင် မတွေ့လိုက်ရသူတွေ၊ မသိလိုက်ကြသူတွေရှိကြပါတယ်။ နောက်ပြီး ကျန်းမာရေးမကောင်းသူတွေ၊ စစ်သင်တန်းတက်ပြီးသားသူတွေလည်းပါသွားပါတယ်။ စပယ်အောင်နဲ့ စိုးထွန်းတိုင်တာကြောင့် တင်ခိုင်းတာပါ။”လို့ မိသာစုဝင်တဦးက Border News Agency ကို ပြောပါတယ်။

အဲဒီအထဲမှာ အိမ်ထောင်သည်လေးဦးပါဝင်သလို ကျန်းမာရေးအားနည်းသူတွေ၊ စစ်သင်တန်းတက်ထားသူတွေလည်းပါဝင်ပေမယ့် မြောက်ဦးခရိုင်ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးစိုးထွန်း (ကောင်းမြတ်ကျော်)အမိန့်နဲ့ စေလွှတ်လိုက်တာလို့ မိသားစုဝင်တွေ၊ မိဘတွေက ဆိုကြပါတယ်။

အဲဒီမြောက်ဦးခရိုင်ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးစိုးထွန်း(ကောင်းမြတ်ကျော်)ဟာ အာရက္ခတပ်တော်(AA)တပ်မှူးချုပ်၊ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့အကိုအရင်း၊ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်(UL A)ရဲ့အထွေထွေအတွင်းရေးမှူး ၃ ထွန်းမင်းနိုင်ကို တိုင်ကြားတယ်လို့ မိသားစုဝင်တွေ၊ မိဘတွေက ဆိုကြပါတယ်။

အဲဒီမြောက်ဦးခရိုင်ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးစိုးထွန်း(ကောင်းမြတ်ကျော်)ဟာ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (UL A)ရဲ့အထွေထွေအတွင်းရေးမှူး ၃ ထွန်းမင်းနိုင်ရဲ့ လူယုံတပည့်ရင်းဖြစ်တာမို့ မြောက်ဦးခရိုင်ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးစိုးထွန်း(ကောင်းမြတ်ကျော်)ပြောဆိုတိုင်းကြားချက်တွေကို အရေးယူလုပ်ပေးသလို အထူးအခွင့်အရေးတွေပေးထားတယ်လို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ အုပ်ချုပ်ရေးအသိုင်းအဝိုင်းကဆိုကြပါတယ်။

အဲဒီလိုလုပ်နေကြတာဟာ ကိုယ့်လူသူ့လူအင်အားစုပြီး အားပြိုင်နေကြသလိုဖြစ်နေပြီး အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဝန်ထမ်းအချင်းချင်းကြားမှာသွေးကွဲမှုတွေဖြစ်လာစေနိုင်တယ်လို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ အုပ်ချုပ်ရေးအသိုင်းအဝိုင်းက ဆိုကြပါတယ်။

“ကျမတို့ကတော့ အာဏာရှင်ကိုတော်လှန်နေရင်း အာဏာရှင်တွေဆက်မလိုချင်တော့ပါဘူး။ အမျိုးသားရေးအသိစိတ်နဲ့ လစာမရဘဲဝင်လုပ်ပေးနေကြတာပါ။တချို့မိဘတွေကတော့ ငိုကြပါတယ်။ ကျမတို့သားသမီးတွေကို လိုအပ်လို့တက်ခိုင်းတာသာဖြစ်စေချင်ပါတယ်။ မကျေနပ်လို့၊ တိုင်လို့ အတင်းအဓမ္မစေခိုင်းတာကိုတော့ ပြန်စဥ်စားပေးစေချင်ပါတယ်။”လို့ မိဘတဦးက Border News Agency ကို ပြောပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအဝင်တဆယ့်ငါးမြို့နယ်ကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားပြီး အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ်အုပ်ချုပ်ရေးယန္တရားတွေ ဖော်ဆောင်နေပါတယ် ။

အဲဒီတဆယ့်ငါးမြို့နယ်ကို ခရိုင်ရှစ်ခုသတ်မှတ်ထားပြီး ခရိုင်၊ မြို့နယ်၊ တိုက်နယ်၊ ရပ်ရွာအဆင့်ထိ အုပ်ချုပ်ရေးမှူး၊ ဒုတိယအုပ်ချုပ်ရေးမှူးတွေခန့်ကာ အုပ်ချုပ်ရေးယန္တရားတွေဖော်ဆောင်နေပါတယ်။

အဲဒီရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်(ULA) ရဲ့ အထွေထွေအတွင်းရေးမှူး ၃ ထွန်းမင်းနိုင်ဝါ လူသားချင်းစာနာထောက်ထားရေးနဲ့ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးရုံး(HDCO)မှာလည်း အကြီးအကဲတာဝန်ယူဆောင်ရွက်နေပြီး အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရတဖွဲ့လုံးမှာ သြဇာအာဏာအရှိဆုံးအဖွဲ့၊ သြဇာအာဏာအရှိဆုံးသူအဖြစ်လုပ်နေတယ်လို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအသိုင်းအဝိုင်းက ဝေဖန်ပြောဆိုနေကြပါတယ်။

PrevPreviousဧရာဝတီတိုင်းက ရေဘေးသင့်သူတွေ အရေးပေါ်အကူအညီ လိုအပ်နေ
Nextမောင်တောပို့မယ့် ဓာတ်မြေဩဇာတွေနဲ့အတူ နှစ်ဆယ်သုံးဦးကို ဖမ်းမိNext
Previous Post

ဧရာဝတီတိုင်းက ရေဘေးသင့်သူတွေ အရေးပေါ်အကူအညီ လိုအပ်နေ

Next Post

မောင်တောပို့မယ့် ဓာတ်မြေဩဇာတွေနဲ့အတူ နှစ်ဆယ်သုံးဦးကို ဖမ်းမိ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

​ဓာတ်ပုံ - Assam Rifles

ချမ်ဖိုင်မှာ စိတ်ကြွဆေးပြားတွေဖမ်းမိ

October 11, 2026

နယူးယောက်မှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး သစ်ပင်စိုက်

October 11, 2026
(ဓာတ်ပုံ-မြေပုံမြို့လေကြောင်းတိုက်ခိုက်ခံရပြီးနောက်တွေ့ရပုံ/BNA)

မြေပုံမှာ စစ်တပ်လေကြောင်းတိုက်ခိုက်လို့ နှစ်ဦးဒဏ်ရာရ (ဓာတ်ပုံသတင်း)

October 11, 2026
​ဓာတ်ပုံ - Assam Rifles

မီဇိုရမ်မှာ ရူပီခုနှစ်ဆယ်ကျော်တန်ဖိုးရှိဆေးလိပ်တွေ ဖမ်းမိ

October 11, 2026

မြေပုံမှာ စစ်တပ်လေကြောင်းတိုက်ခိုက်လို့ နှစ်ဦးဒဏ်ရာရ (ဓာတ်ပုံသတင်း)

ရီးယာ့ဒ်လေဆိပ်တိုက်ခိုက်ခံရလို့ တဆယ့်နှစ်ဦးသေဆုံးပြီးသုံးရာကျော်ဒဏ်ရာရ(ဓာတ်ပုံသတင်း)

ဗုဓီဂဏ္ဍကီမြစ် ရေလျှံနိုင်ခြေရှိနေသေးတာကြောင့် ဂရုစိုက်ကြဖို့သတိပေး

မြန်အောင်မှာ ရေဝင်ရောက်နိုင်တဲ့ကျေးရွာတွေရှိ ပြည်သူတွေကြိုတင်ရွှေ့ပြောင်း (ဓာတ်ပုံသတင်း)

မလေးရှားပြန် ရခိုင်တွေကို နိုင်ငံသားကတ်ထုတ်ပေး

မီဇိုရမ်မှာ ရူပီခုနှစ်ဆယ်ကျော်တန်ဖိုးရှိဆေးလိပ်တွေ ဖမ်းမိ

Releated Post

(ဓာတ်ပုံ-မြေပုံမြို့လေကြောင်းတိုက်ခိုက်ခံရပြီးနောက်တွေ့ရပုံ/BNA)

မြေပုံမှာ စစ်တပ်လေကြောင်းတိုက်ခိုက်လို့ နှစ်ဦးဒဏ်ရာရ (ဓာတ်ပုံသတင်း)

October 11, 2026
ကိုးကား/ဓာတ်ပုံ-AFP

ရီးယာ့ဒ်လေဆိပ်တိုက်ခိုက်ခံရလို့ တဆယ့်နှစ်ဦးသေဆုံးပြီးသုံးရာကျော်ဒဏ်ရာရ(ဓာတ်ပုံသတင်း)

October 11, 2026
​ဓာတ်ပုံ - TV Annapurna

ဗုဓီဂဏ္ဍကီမြစ် ရေလျှံနိုင်ခြေရှိနေသေးတာကြောင့် ဂရုစိုက်ကြဖို့သတိပေး

October 11, 2026
ဓာတ်ပုံ - One News Myanmar

မြန်အောင်မှာ ရေဝင်ရောက်နိုင်တဲ့ကျေးရွာတွေရှိ ပြည်သူတွေကြိုတင်ရွှေ့ပြောင်း (ဓာတ်ပုံသတင်း)

October 11, 2026
​ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

မလေးရှားပြန် ရခိုင်တွေကို နိုင်ငံသားကတ်ထုတ်ပေး

October 11, 2026
​ဓာတ်ပုံ - Assam Rifles

မီဇိုရမ်မှာ ရူပီခုနှစ်ဆယ်ကျော်တန်ဖိုးရှိဆေးလိပ်တွေ ဖမ်းမိ

October 11, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page