Border News Agency
ပဲခူး၊ သြဂုတ် ၆။
ပဲခူးတိုင်း၊ မဒေါက်မြို့မှာ စစ်တောင်းမြစ်ရေဟာ စိုးရိမ်ရေမှတ်ထက်တပေခန့်ကျော်နေတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သြဂုတ်လ ၆ ရက်၊ ဒီနေ့အသိပေးထုတ်ပြန်ပါတယ်။
အဲဒီမြစ်ရေဟာ နောက်တရက်အတွင်းနှစ်လက်မခန့်ပြန်ကျနိုင်ပေမယ့် စိုးရိမ်ရေမှတ်အထက်မှာဆက်ရှိနေမှာမို့ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေ ဘေးလွတ်ရာကြိုတင်ရှောင်ရှားကြဖို့ သတိပေးထားပါတယ်။
ကပ္ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ မုတ်သုံလေအားကောင်းနေပြီး မိုးတိမ်တောင်တွေဖြစ်မှု အားကောင်းနေပါတယ်။
အဲဒါကြောင့် လာမယ့်ဩဂုတ်လ ၉ ရ က်နေ့ထိ နေပြည်တော်၊ရန်ကုန်၊မန္တလေး၊တိုင်းနဲ့ ပြည်နယ်အများအပြားမှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးရွာမှာဖြစ်ပါတယ်။
အဲဒီလိုမိုးဆက်ရွာနေရင် တချို့ဒေသတွေမှာနေရာကွက်ပြီး မိုးကြီးတာနဲ့ လျှပ်တပြက်ရေကြီးမြေပြိုမှုအန္တရာယ်တွေကို အထူးသတိထားကြဖို့ မိုးဇလထုတ်ပြန်ထားပါတယ်။






