Border News Agency
ဘားအံ၊ သြဂုတ် ၇။
ဘားအံမြို့မှာ သံလွင်မြစ်ရေဟာ စိုးရိမ်ရေမှတ်ကိုရောက်နေတယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဩဂုတ်လ ၇ ရက်နေ့၊ ည ၆ နာရီ အချိန်ထုတ်ပြန်ပါတယ်။
အဲဒီဘားအံမြို့ရဲ့စိုးရိမ်ရေမှတ်ဟာ မနက်ဖြန်မှာ ပေဝက်ခန့်ထပ်တက်လာနိုင်ပြီး စိုးရိမ်ရေမှတ်အထက် ဆက်ရှိနိုင်တယ်လို့ဆိုပါတယ်။
အဲဒါကြောင့်ဘားအံမြို့နယ်ရှိ မြစ်ကမ်းအနီးနဲ့မြေနိမ့်ပိုင်းနေထိုင်သူတွေ ရေဘေးလွတ်ရာကိုရှောင်ကြဖို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားပါတယ်။
မြန်မာပြည်အနှံ့မှာ မိုးကြီးရေလျှံနေသလို ချောင်းရေတွေ၊ မြစ်ရေတွေတက်လာနေတာမို့ ရေဘေးရှောင်နေကြရပါတယ်။
အဲဒီအပြင်တောင်မြေပြိုတာတွေ၊ လမ်းပျက်တာတွေလည်းဖြစ်နေပြီး လူနေအိမ်တွေ၊ အဆောက်အအုံတွေ ပျက်စီးတာတွေလည်းဖြစ်နေပါတယ်။






