Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
နိုင်ငံရေး သတင်း

ဒေါ်အောင်ဆန်းစုကြည်ကို ​လွှတ်ပေးရေးမှာ တရားဥပဒေကိစ္စလို့ စစ်တပ်တုံ့ပြန်

Author picture

By

Swe Zin Htike
Reading Time: 1 min read
0
A A
0
SHARES
0
VIEWS
Share on FacebookShare on Twitter

Border News Agency
နေပြည်တော်၊ သြဂုတ် ၉။

နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)မှ ဌာနေကိုယ်စားလှယ်မစ္စတာ Arnaud de Baecque ဟာ သြဂုတ်လ ၃ ရက်နေ့ကတွေ့ခဲ့ပါတယ်။

အဲဒီလိုတွေ့တာဟာ မြန်မာနိုင်ငံရဲ့တည်ဆဲဥပဒေ၊ သက်ဆိုင်ရာလုပ်ထုံးလုပ်နည်းတွေနဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီရဲ့စံနှုန်း၊လုပ်ငန်းစဉ်တွေနဲ့အညီလုပ်ခဲ့တာလို့ အာဏာသိမ်းစစ်တပ်က ဆိုပါတယ်။

အဲဒီတွေ့ဆုံမှုကို အာဆီယံဥက္ကဋ္ဌက သြဂုတ်လ ၇ ရက်နေ့ကထုတ်ပြန်တာမှာ အပြုသဘောဆောင်တဲ့ဖော်ပြချက်တွေကို မြန်မာနိုင်ငံကအသိအမှတ်ပြုပေမယ့် တချို့စာသားတွေနဲ့တောင်းဆိုချက်တွေဟာ အဖွဲ့ဝင်နိုင်ငံတနိုင်ငံရဲ့ အပြုသဘောဆောင်တဲ့ဆောင်ရွက်မှုအပေါ် ထင်ဟပ်မှုမရှိတာမို့ စိတ်ပျက်မိတယ်လို့ အာဏာသိမ်းစစ်တပ်ဆိုပါတယ်။

“မြန်မာနိုင်ငံရှိ ထိန်းသိမ်းခံထားရသူများအား တွေ့ဆုံခွင့်ပိုမိုပေးအပ်ရန်” နဲ့“ဒေါ်အောင်ဆန်းစုကြည်အား ခြွင်းချက်မရှိအပြည့်အဝလွှတ်ပေးရန်” တောင်းဆိုချက်တွေဟာ နိုင်ငံတနိုင်ငံရဲ့သက်ဆိုင်ရာတရားစီရင်ရေးလုပ်ငန်းစဉ်နဲ့ ဥပဒေစိုးမိုးရေးဆိုင်ရာအခြေခံမူတွေ အပေါ် သက်ရောက်မှုရှိစေတယ်လို့ အာဏာသိမ်းစစ်တပ်တုံ့ပြန်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ပွဲမဲမသမာမှု၊ အဂတိလိုက်စားမှုနဲ့ မှားယွင်းတဲ့စီမံခန့်ခွဲမှုတွေကျူးလွန်ကြောင်း တရားဥပဒေအရပြစ်မှုထင်ရှားတဲ့အတွက် ပြစ်မှုဆိုင်ရာဥပဒေအရစိစစ်အရေးယူထားတာလို့ အာဏာသိမ်းစစ်တပ်က ဆိုပါတယ်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာရှုထောင့်အရ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်တွေလျှော့ပေါ့ပေးနေပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကိုခြွင်းချက်မရှိ အပြည့်အဝလွှတ်ပေးရေးကိစ္စမှာ တရားဥပဒေနဲ့အညီသာဖြစ်နိုင်တယ်လို့ အာဏာသိမ်းစစ်တပ်က ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့နိုင်ငံခြားရေးမူဝါဒနဲ့အညီ ပကတိအခြေအနေတွေအပေါ်အခြေခံပြီး အမျိုးသားအကျိုးစီးပွားနဲ့အချုပ်အခြာအာဏာကို အလေးထားစောင့်ရှောက်ကာ မြန်မာနိုင်ငံကဦးဆောင်တဲ့ မြန်မာ့ကိုယ်ပိုင်နည်းလမ်းနဲ့ အာဆီယံနဲ့ဆက်ဆံရေးတိုးတက်အောင်လုပ်သွားမယ်လို့ အာဏာသိမ်းစစ်တပ်ထုတ်ပြန်ပါတယ်။

PrevPreviousအာဆီယံအထူးကိုယ်စားလှယ်သစ်မလိုတော့ဘူးလို့ အာဏာသိမ်းစစ်တပ်ဆို
Nextဘားအံမြို့မှာ သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်သို့ရောက်Next
Previous Post

အာဆီယံအထူးကိုယ်စားလှယ်သစ်မလိုတော့ဘူးလို့ အာဏာသိမ်းစစ်တပ်ဆို

Next Post

ဘားအံမြို့မှာ သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်သို့ရောက်

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

အာဆီယံအထူးကိုယ်စားလှယ်သစ်မလိုတော့ဘူးလို့ အာဏာသိမ်းစစ်တပ်ဆို

August 9, 2026

လေးမျက်နှာရေဘေးအတွက် အလှူငွေ ကျပ် ၂၃ ဘီလီယံကျော်ရ

August 9, 2026

တမူးမြို့နယ်ရှိ မက်သဒစ်ဘုရားကျောင်းကို စစ်တပ်လေကြောင်းတိုက်

August 8, 2026
ဓာတ်ပုံ - စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု

ကနီမှာ ရှစ်လေးလုံးအထိမ်းအမှတ်လှုပ်ရှားမှုပြုလုပ်

August 8, 2026

စစ်ကိုင်းသပိတ်အင်အားစုရဲ့ ရှစ်လေးလုံးအထိမ်းအမှတ်လှုပ်ရှားမှု

ရန်ကုန်လူထုသပိတ် ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးအထိမ်းအမှတ်လှုပ်ရှား

မြစ်ငယ်မြို့မှာ ဋ္ဌဝတီမြစ်ရေစိုးရိမ်ရေမှတ်အထက် ပေဝက်ခန့်ရောက်နေ

နေပြည်တော်မှာ အာဏာသိမ်းစစ်တပ်နဲ့ရှမ်းပြည်တိုးတက်ရေးပါတီတွေ့

ဘားအံမြို့မှာ သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်သို့ရောက်

ချင်းတွင်းသပိတ်ကော်မတီ ရှစ်လေးလုံးအထိမ်းအမှတ် လက်ကမ်းစာစောင်ဖြန့်

Releated Post

(ဓာတ်ပုံ - စစ်ကိုင်းတိုင်းဒေသသပိတ်အင်အားစု)

စစ်ကိုင်းသပိတ်အင်အားစုရဲ့ ရှစ်လေးလုံးအထိမ်းအမှတ်လှုပ်ရှားမှု

August 8, 2026
(ဓာတ်ပုံ-ရန်ကုန်လူထုသပိတ်)

ရန်ကုန်လူထုသပိတ် ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးအထိမ်းအမှတ်လှုပ်ရှား

August 8, 2026

မြစ်ငယ်မြို့မှာ ဋ္ဌဝတီမြစ်ရေစိုးရိမ်ရေမှတ်အထက် ပေဝက်ခန့်ရောက်နေ

August 8, 2026

နေပြည်တော်မှာ အာဏာသိမ်းစစ်တပ်နဲ့ရှမ်းပြည်တိုးတက်ရေးပါတီတွေ့

August 8, 2026

ဘားအံမြို့မှာ သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်သို့ရောက်

August 8, 2026
(ဓာတ်ပုံ - ချင်းတွင်းမြစ်ကမ်းဘေးကျေး ရွာများသပိတ်ကော်မတီ)

ချင်းတွင်းသပိတ်ကော်မတီ ရှစ်လေးလုံးအထိမ်းအမှတ် လက်ကမ်းစာစောင်ဖြန့်

August 8, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page