Border News Agency
မင်းကင်း၊ သြဂုတ် ၉။
မင်းကင်းမြို့မှာ ချင်းတွင်းမြစ်ရေဟာ စိုးရိမ်ရေမှတ်ကိုကျော်နေတယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဩဂုတ်လ ၉ ရက်နေ့၊ မနက် ၈ နာရီအချိန်ထုတ်ပြန်ပါတယ်။
အဲဒီမင်းကင်းမြို့မှာ ချင်းတွင်းမြစ်ရေဟာ မြို့ရဲ့စိုးရိမ်ရေမှတ်ထက်နှစ်လက်မကျော်နေပြီး နောက်တရက်အတွင်းနှစ်လက်မခန့်မြင့်တက်နိုင်တာမို့ မြို့ရဲ့စိုးရိမ်ရေမှတ်အထက်မှာဆက်ရှိနိုင်တယ်လို့ ဆိုပါတယ်။
အဲဒါကြောင့်မင်းကင်းမြို့နယ်ရှိ မြစ်ကမ်းအနီးနဲ့မြေနိမ့်ပိုင်းနေထိုင်သူတွေရေ ဘေးလွတ်ရာကိုရှောင်ကြဖို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားပါတယ်။
မြန်မာပြည်အနှံ့မှာ မိုးကြီးရေလျှံနေသလို ချောင်းရေတွေ၊ မြစ်ရေတွေတက်လာနေတာမို့ ရေဘေးရှောင်နေကြရပါတယ်။
အဲဒီအပြင်တောင်မြေပြိုတာတွေ၊ လမ်းပျက်တာတွေလည်းဖြစ်နေပြီး လူနေအိမ်တွေ၊ အဆောက်အအုံတွေ ပျက်စီးတာတွေလည်းဖြစ်နေပါတယ်။










