Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စီးပွားရေး ဆောင်းပါး မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် လူ့အခွင့်အရေး အာရက္ခဒေသ

ထုတ်ကုန်မဲ့ လူ့အဖွဲ့အစည်း ၃

Author picture

By

Saw Shin Nyo
Reading Time: 2 mins read
0
A A
0
SHARES
100
VIEWS
Share on FacebookShare on Twitter

မောင်တူရေးသည်။

အာရက္ခဒေသ၏ငွေကြေးအခြေအနေ

အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့်နယ်မြေအားလုံးတွင် ငွေသားပြတ်လပ်မှုများကို ကြုံတွေ့နေကြရသည်ဟု အာရက္ခပြည်သူများက ဆိုကြသည်။

အာရက္ခဒေသတွင် ဘဏ်လုပ်ငန်းများ ရပ်တန့်သွားသဖြင့် ငွေသားပြတ်လပ်လာပြီး ငွေလွှဲ၊ ငွေထုတ်လုပ်ငန်များခက်ခဲလာကာငွေလွှဲထုတ်ခများ ယခင်ကထက်မြင့်တက်နေသည်ဟု အာရက္ခပြည်သူများက ဆိုကြသည်။

ထိုကဲ့သို့ ငွေသားပြတ်လပ်လာခြင်းအား ကုန်ထုတ်လုပ်မှုနှင့်တိုင်းတာနိုင်ပေသည်။ သကြားမထုတ်လုပ်နိုင်သောသူသည် သကြားထုတ်လုပ်သူထံမှ သ ကြားကိုဝယ်ရသည်ဆိုသည့် သဘောတရားဖြင့် တိုင်းတာ၍ရပေသည်။

အာရက္ခဒေသမှ ငွေသားဖြင့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ပြည်မဘက်မှ ထုတ်ကုန်များကိုဝယ်ယူရပေသည်။ မဝယ်၍မရ၊ မဝယ်လျှင် ငတ်ကြပေမည်။

ထို့ကြောင့် ထုတ်ကုန်များကို မိမိတို့ငွေ သားဖြင့်ဝယ်လေလေ မိမိတို့ဆီက ငွေသားထွက်သွားလေဖြစ်ပေသည်။

အဆိုပါငွေသားအား အာရက္ခဒေသထံ ပြန်စီးဝင်စေရန် အာရက္ခဒေသမှထုတ် ကုန်များကို အဆိုပါအိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ပြည်မဘက်မှ ပြန်ဝယ်ရမည်ဖြစ်ပေသည်။

အာရက္ခဒေသမှထုတ်ကုန်များကို များများတက်ပို့နိုင်လျှင် အာရက္ခဒေသသို့ငွေသားများများစီးဆင်းလာပေမည်။

သို့ရာတွင် လက်ရှိအခြေအနေ၌ အာရက္ခလူ့အဖွဲ့အစည်းသည် ထုတ်ကုန်မဲ့၊ ထုတ်ကုန်နည်းပါးသောလူ့ဘောင်ဖြစ်နေပေသည်။

ဤသို့ဖြင့် ငွေသားသည်ပင်လျှင် အာရက္ခဒေသထဲ၌ ကုန်ဖလှယ်ရာတွင် ကြားခံကိရိယာအဖြစ်မှကုန်ပစ္စည်းသဘောမျိုးဘက်ကို စိုးရိမ်စရာကောင်းစွာ ရော က်ရှိလာသည်ကို တွေ့ရပေသည်။

အာရက္ခဒေသတွင် ဟောင်းနွမ်းငွေစက္ကူများကို ဆက်လက်အသုံးပြုကြရန် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကညွှန်ကြားထားပြီးငွေသားစီးဆင်းမှုများ အရင်လိုမလည်ပတ်သဖြင့် ငွေစက္ကူဟောင်းလာလျှင် မယူချင်ကြဟု အာရက္ခပြည်သူများက ဆိုကြသည်။

အာရက္ခဒေသတွင် ငွေသားပြတ်လပ်လာပြီး ငွေတသိိန်းအား တသောင်းသုံးထောင်ကျပ်ထိပေးကာ ထုတ်ယူနေကြရပြီး ယခင်က ငွေလွှဲခမှာ တသိန်းကိုငါးရာကျပ်သာရှိသော်လည်း ငွေသားရှားပါးနေသဖြင့် ငွေလာလွှဲသူကိုပြန်၍ ခုနှစ်ရာနှုန်းပေးကြရသည်ဟု ငွေလွှဲပြုလုပ်နေကြသူများက ဆိုကြသည်။

ထိုကြောင့်အာရက္ခဒေသ၏ငွေသားလိုအပ်ချက်များကိုဖြည့်ဆည်းရန်အတွက်ငွေသားကိုငွေသားဖြင့်ဝယ်ယူပြီးတရားမဝင်သယ်ဆောင်ယူနေကြရပေသည်။

ထိုကဲ့သို့ ရန်ကုန်မှ အာရက္ခဒေသသို့ သယ်ယူလာသော ငွေသားကျပ်သိန်းပေါင်းခြောက်သောင်းနှင့်အတူ လူနှစ်ဆယ်ဦးခန့်သည် ဧရာဝတီတိုင်း၊ ချောင်းသာကမ်းခြေတွင် အဖမ်းခံခဲ့ကြရဖူးပေသည်။

ထို့ကြောင့် အာရက္ခဒေသတွင် ငွေသားထုတ်ယူရာတွင် တဆယ့်ခုနှစ်ရာနှုန်းထိပေးနေရပြီး အာရက္ခဒေသတွင် ဘဏ်စနစ်ပြိုလဲပျက်စီးသွားပြီး ငွေသားအရှားပါးဆုံးအခြေအနေကိုကြုံတွေ့နေကြရသည်ဟု အာရက္ခပြည်သူများက ဆိုကြသည်။

ယင်းကြောင့် ဟောင်းနွမ်းငွေစက္ကူများကို လျော့ဈေးပေးလိုက်ဝယ်သည့်ဈေး ကွက်ပေါ်လာပြီး တသောင်းတန််အဟောင်းအား ခုနှစ်ထောင်ငါးရာကျပ်ဖြင့်ဝယ်နေကြသည်ဟု အာရက္ခပြည်သူများက ဆိုကြသည်။

ထိုဟောင်းနွမ်းငွေစက္ကူများမသုံးလျှင် အရေးယူမည်ဟု အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက သတိပေးချက်ထားပြန်ထားသော်လည်း လိုက်နာမှုအားန ည်းကြသကဲ့သို့ ဘဏ်စနစ်မလည်ပတ်၊ ငွေစက္ကူရှားပါးမှုရှိနေပြီး ငွေစက္ကူတွင်အစွန်းအထင်းများပါလျှင်လက်မခံကြသဖြင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရမှအာမခံချက်ရှိရှိငွေလှဲလှယ်ပေးသင့်ကြောင်း အာရက္ခပြည်သူများက ဆိုကြသည်။

ထိုငွေစက္ကူအဟောင်းများကို လူအများကလက်မခံကြသဖြင့်သာမန်ပြည်သူများ အခက်အခဲဖြစ်နေကြသည်ဟုအာရက္ခပြည်သူများက ဆိုကြသည်။

ထိုအပြင် အာရက္ခဒေသတွင် ဆက်သွယ်ရေးဖုန်းလိုင်း၊ အင်တာနက်လိုင်းများဖြတ်တောက်ခံထားရခြင်းကလည်း အရပ်သားပြည်သူလူထု၏ငွေလွှဲ၊ ငွေထုတ်ခြင်းကို ပိုမိုခက်ခဲစေပြီး အာဏာလုပ်ပိုင်ခွင့်ရှိသူများ၊ သူတို့နှင့်နီးစပ်သူများကိုသာ ပိုမိုအဆင်ပြေသွားစေသည်ဟုလည်း အာရက္ခပြည်သူများက ဆိုကြသည်။

ထို့ကြောင့် အာရက္ခပြည်သူ့တော်လှန် ရေးအစိုးရတွင် ဘဏ်အဆင့်မဟုတ်လျှင်တောင် ငွေသားကုန်ခမ်းပြတ်မှုကို ဖြေရှင်းရန် ငွေသားသိုလှောင်ထားနိုင်မှုနှင့်ထိုသိုလှောင်ထားသောငွေကြေးအား ပြည်သူလူထုထံအပံ့အပိုးပေးနိုင်သောဒေသန္တရယန္တရားများတည်ဆော က်နိုင်မည်လား။

အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့်ကုန်စည်ဖလှ ယ်နိုင်သောဈေးကွက် ဖြစ်လာနိုင်မည်လား။

အာရက္ခဒေသတွင်း ကုန်ထုတ်လုပ်မှုနှင့် ပြည်တွင်းဝယ်လိုအားမြင့်မားမှုကိုဆောင်ရွက်နိုင်မည်လား ဟူသောမေးခွန်းများဖြစ်ပေသည်။

အာရက္ခဒေသ၏ လက်ရှိစီးပွားရေးဆို င်ရာလုပ်ရပ်များတွင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရသည် ကုန်ပစ္စည်းတခုချင်းစီ၏ သွင်းအားစုများဖြစ်သောငွေကြေး၊ လုပ်အား၊ နည်းပညာ၊ ကုန်ကြမ်းပစ္စည်း၊ ကုန်ထုတ်ပစ္စည်းကိရိယာ၊ သယ်ယူပို့ဆောင်ရေး၊ ဈေးကွက်အပေါ်တွင် အရင်းအနှီးအပံ့အပိုးမည်မျှရှိပါသနည်းဆိုသောအချက်များက အာရက္ခပြည်သူများ၏ စားဝတ်နေရေးကို အဖြေပေးပေလိမ့်မည်။

ထုတ်ကုန်မဲ့ လူ့အဖွဲ့အစည်း
ထုတ်ကုန်မဲ့ လူ့အဖွဲ့အစည်း ၂
PrevPrevious“ကျွန်တော်မှာ စားဖို့သောက်ဖို့မရှိလို့ အဲဒါတခုတော့အကူညီလိုချင်ပါတယ်။”
Nextကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးဒဏ်ရာရNext
Previous Post

“ကျွန်တော်မှာ စားဖို့သောက်ဖို့မရှိလို့ အဲဒါတခုတော့အကူညီလိုချင်ပါတယ်။”

Next Post

ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးဒဏ်ရာရ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ထုတ်ဖော်ပြောဆိုခွင့် ပျောက်ဆုံးနေဆဲ အာရက္ခဒေသက ဘဝတွေ

September 28, 2026
ဓာတ်ပုံ-AA

အာရက္ခဒေသမှာ စစ်တပ်ကြောင့်ဆယ်ရက်အတွင်း အရပ်သား ၆ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရ(ဓာတ်ပုံသတင်း)

September 27, 2026
ဓာတ်ပုံ-ဝင်းမြင့်

မြောက်ဦးမှာ စက်လှေမှောက်လို့ပျောက်ဆုံးနေတဲ့ သားဖနှစ်ဦးရဲ့ ရုပ်အလောင်းတွေပြန်တွေ့

September 27, 2026

အဥ္ဇနပူရကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ တဦးဒဏ်ရာရ

September 27, 2026

အာရက္ခဒေသမှာ စစ်တပ်ကြောင့်ဆယ်ရက်အတွင်း အရပ်သား ၆ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရ(ဓာတ်ပုံသတင်း)

မြန်မာတော်လှန်ရေးတပ်တွေကို လေ့ကျင့်ပေးခဲ့တယ်လို့စွပ်စွဲခံရတဲ့ နိုင်ငံခြားသားခုနှစ်ဦးအိမ်ပြန်ခွင့်ရ

အိန္ဒိယနဲ့နီပေါမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမြေပြိုလို့ လူ၆၈ ဦးသေဆုံး

သက်တမ်းနှစ်ဆယ်ကျော်ယာဉ်ဟောင်းတွေကို EV နဲ့ အစားထိုးတင်သွင်းခွင့်ပြု

ဖာပွန်ခရိုင်တိုက်ပွဲမှာ စစ်တပ်ထံမှလက်နက်ခုနှစ်လက် KNLA သိမ်းဆည်းမိ

ဆောမှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားနှစ်ဦးသေဆုံး

Releated Post

ဓာတ်ပုံ-AA

အာရက္ခဒေသမှာ စစ်တပ်ကြောင့်ဆယ်ရက်အတွင်း အရပ်သား ၆ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရ(ဓာတ်ပုံသတင်း)

September 27, 2026
​Ref/Photo - India Today

မြန်မာတော်လှန်ရေးတပ်တွေကို လေ့ကျင့်ပေးခဲ့တယ်လို့စွပ်စွဲခံရတဲ့ နိုင်ငံခြားသားခုနှစ်ဦးအိမ်ပြန်ခွင့်ရ

September 27, 2026
Ref/​Photo - AFP/Reuters

အိန္ဒိယနဲ့နီပေါမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမြေပြိုလို့ လူ၆၈ ဦးသေဆုံး

September 27, 2026
ဓာတ်ပုံ-BNA

သက်တမ်းနှစ်ဆယ်ကျော်ယာဉ်ဟောင်းတွေကို EV နဲ့ အစားထိုးတင်သွင်းခွင့်ပြု

September 27, 2026
​ဓာတ်ပုံ - KNU

ဖာပွန်ခရိုင်တိုက်ပွဲမှာ စစ်တပ်ထံမှလက်နက်ခုနှစ်လက် KNLA သိမ်းဆည်းမိ

September 27, 2026

ဆောမှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားနှစ်ဦးသေဆုံး

September 27, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page