Border News Agency
ထိုင်း၊ သြဂုတ် ၁၀။
ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင်၊ ဝမ်းနွိုင်မြို့နယ်မှာ သြဂုတ်လ ၁၀ ရက်၊ ဒီနေ့မနက်က တရားမဝင်လာတဲ့မြန်မာရွှေ့ပြောင်းလုပ်သားလေးဦးနဲ့ ပို့ပေးသူထိုင်းယာဉ်မောင်းတဦးကို ဖမ်းဆီးခံလိုက်ရပါတယ်။
ဖမ်းဆီးရမိတဲ့အသက်သုံးဆယ်ငါးနှစ်အရွယ် ထိုင်းယာဥ်မောင်းအမျိုးသားဟာ အရင်ကမဲဆောက်မြို့နယ်မှာ အငှားယာဉ်မောင်း လုပ်ကိုင်ခဲ့ဖူးသူဖြစ်ပြီး ဝင်ငွေမလုံလောက်တဲ့အတွက် ခုလိုတရားမဝင်သယ်ဆောင်ပေးတာလို့ဝန်ခံထားပါတယ်။
အဲဒီယာဉ်မောင်းဟာ မြန်မာလုပ်သားလေးဦးကို အယုဒ္ဓယခရိုင်၊ ဘန်းပါဟန်မြို့နယ်ကနေ စမုစခွန်ခရိုင်ကိုပို့ဆောင်ပေးဖို့ တဦးကိုဘတ်ငါးရာနဲ့ခေါ်လာချိန် လမ်းဘေးတနေရာမှာဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
အဲဒီထိုင်းယာဉ်မောင်းနဲ့ တရားဝင်အထောက်အထားမပြသနိုင်တဲ့ မြန်မာလုပ်သားလေးဦးကို ဥပဒေအတိုင်းဆက်လက်အရေးယူနိုင်ဖို့ ဝမ်းနွိုင်မြို့နယ်ရဲစခန်းကို လွှဲပြောင်းပေးထားပါတယ်။








