Border News Agency
လယ်ဒို၊ ဩဂုတ် ၁၁။
ပဲခူးတိုင်း၊ လယ်ဒိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ စစ်မှုထမ်းတပ်သားလေးဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ဆီ အလင်းဝင်လာတယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ ဩဂုတ်လ ၁၀ ရက်နေ့ထုတ်ပြန်ပါတယ်။
အဲဒီအလင်းဝင်တပ်သားတွေဟာ ဩဂုတ်လ ၆ ရက်နဲ့ ၉ ရက်နေ့တွေမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ရင်း ၉ ဆီ လက်နက်ချအလင်းဝင်လာခဲ့တာလို့ဆိုပါတယ်။
အဲဒီအာဏာသိမ်းစစ်တပ်ရဲ့ ခလရ-၆၀ တပ်ရင်းမှ တပ်သား မျိုးမင်းဦး၊ ခမရ-၅၉၆ တပ်ရင်းမှ တပ်သားမိုးအေး၊ မင်းခန့်နဲ့ ရဲမင်းအောင်တို့ အလင်းဝင်လာခဲ့ကြတာလို့ဆိုပါတယ်။
အဲဒီအလင်းဝင်တပ်သား မျိုးမင်းဦးနဲ့အတူ MA-4 တလက်၊ ၄၀ မမ ကျည်ဆယ့်တလုံး၊ ကျည်ဘောက်သုံးခုနဲ့ ၅.၅၆ ကျည်သုံးရာသုံးတောင့် ယူဆောင်လာပြီး KNLAတပ်ရင်း ၉ဆီ အလင်းဝင်လာခဲ့ကြတာလို့ဆိုပါတယ်။









