Border News Agency
အိန္ဒိယ၊ ဩဂုတ် ၁၅။
အိန္ဒိယနိုင်ငံရဲ့ ၈၀ ကြိမ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီဟာ နယူးဒေလီမြို့ရှိ ရဲတိုက်နီမှနေပြီး ဩဂုတ်လ ၁၅ ရက်၊ဒီနေ့မှာ နိုင်ငံတော်သို့ မိန့်ခွန်းပြောကြားခဲ့ပါတယ်။
အခမ်းအနားမှာ ဝန်ကြီးချုပ်မိုဒီက ရဲတိုက်နီရင်ပြင်မှာ အမျိုးသားအလံကိုလွှင့်ထူခဲ့ပြီး လွတ်လပ်ရေးနေ့အထိမ်းအမှတ် မိန့်ခွန်း ပြောကြားခဲ့တာပါ။
အဲဒီ ၈၀ ကြိမ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ပြည်သူအများအပြားစည်းကားသိုက်မြိုက်စွာ တက်ရောက်ခဲ့ကြပါတယ်။















