Border News Agency
ရုရှား၊ဩဂုတ် ၁၇။
ယူကရိန်းတပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုတွေကြောင့် ဩဂုတ်လ ၁၀ ရက်မှ ၁၆ ရက်အထိ တပတ်တာကာလအတွင်း ရှရှားမှာအရပ်သားတွေထိခိုက်သေဆုံးခဲ့ရတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
တာတာစတန်ပြည်နယ်၊ နိဇ်နီခမ်းစ်ခ်ရှိစက်ရုံတရုံကို သြဂုတ်လ ၁၀ ရက်နေ့က ယူကရိန်းဒရုန်းနဲ့တိုက်ခိုက်လို့ အရပ်သားဆယ့်သုံးဦးသေဆုံးပြီး ခုနှစ်ဆယ့်ရှစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။
အဲဒီအပြင် နိုဗိုရော့ဆီးစ်ခ်မြို့ရှိ လူနေရပ်ကွက်တွေတိုက်ခိုက်ခံရမှုမှာ ကလေးတဦးအပါအဝင်သုံးဦးသေဆုံးခဲ့ပြီး ဗြာယန့်စ်ခ်မြို့နဲ့ခါဆွန်ဒေသမှာလည်း အရပ်သားထိခိုက်သေဆုံးမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
တိုက်ခိုက်မှုတွေအတွင်း ကယ်ဆယ်ရေးယာဉ်တွေနဲ့ ကုန်တင်ယာဉ်တွေထိခိုက်ခဲ့တဲ့အပြင် ဒိုးနက်စ်ခ် (DPR) ရှိ ဈေးဝယ်စင်တာတခုလည်း ထိခိုက်ပျက်စီးခဲ့ရပါတယ်။
အဲဒီတိုက်ခိုက်မှုတွေကြောင့် ဘဲလ်ဂိုရော့ဒ်၊ ဒိုးနက်စ်ခ် နဲ့ လူးဟန့်စ်ခ် (LPR) ဒေသမှာ အရပ်သားတွေနဲ့ကယ်ဆယ်ရေးဝန်ထမ်းတွေ ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။



















