Border News Agency
ရုရှား၊ဩဂုတ် ၁၉။
မြန်မာနိုင်ငံမှာ နယ်ပယ်ကဏ္ဍစုံမှရုရှားစီးပွားရေးလုပ်ငန်းရှင်တွေ လာရောက်ရင်းနှီးမြှုပ်နှံကြဖို့ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က ထပ်မံဖိတ်ခေါ်လိုက်ပါတယ်။
မော်စကိုမြို့၊ ကရင်မလင်နန်းတော်မှာ ရုရှားသမ္မတဗလာဒီမာပူတင်နဲ့ ဩဂုတ်လ ၁၈ ရက်နေ့က မီဒီယာတွေရှေ့တွေ့ဆုံချိန် စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ခုလိုဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ ပထဝီနိုင်ငံရေးအရ မဟာဗျူဟာကျပြီး ကြီးမားတဲ့ဈေးကွက်တွေနဲ့နီးစပ်သလို စိုက်ပျိုးမြေဧကသုံးဆယ်သုံးသန်းကျော်၊ လုပ်သားအင်အားနဲ့ပင်လယ်ကမ်းရိုးတန်းတွေအပါအဝင် သဘာဝသယံဇာတကြွယ်ဝတယ်လို့ဆိုပါတယ်။
အဲဒီအပြင်နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်လာစေဖို့ ရုရှားသမ္မတပူတင်၊ အစိုးရ၊ပြည်သူတွေနဲ့အတူ လက်တွဲဆောင်ရွက်သွားမယ်လို့လည်းဆိုပါတယ်။










