Border News Agency
ဂွ၊ ဩဂုတ် ၂၃။
ဂွမြို့နယ်သို့ ဧရာဝတီတိုင်းမှ စစ်ဘေးရှောင်လာသူတွေနဲ့ ဒေသခံရေဘေးသင့်ပြည်သူတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ အုပ်ချုပ်ရေးဌာန၊ HDCO နဲ့ လေးဝတီပရဟိတအသင်းတို့ပူးပေါင်းပြီး စားနပ်ရိက္ခာတွေထောက်ပံ့ပေးခဲ့ပါတယ်။
အဲဒီဧရာဝတီမှစစ်ဘေးရှောင်လာတဲ့ အိမ်ထောင်စုလေးဆယ်ခုနှစ်စုအတွက် ဆန်ဆယ့်ခြောက်အိတ်ကို သြဂုတ်လ ၂၁ ရက်နေ့ကထောက်ပံ့ပေးခဲ့တာဖြစ်ပါတယ်။
အဲဒီအပြင်ဂွမြို့နယ်အတွင်း ရေဘေးသင့်ခဲ့တဲ့ပြည်သူတွေအတွက်လည်း ဆန်နှစ်ရာ့နှစ်ဆယ့်ခုနှစ်အိတ်ကို ပူးပေါင်းထောက်ပံ့ပေးခဲ့ပါတယ်။
အဲဒီဂွမြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးကာမြုပ်သွားခဲ့တဲ့သောက်သုံးရေကန်တွေကိုလည်း ပြန်လည်အသုံးပြုနိုင်ဖို့ ဒေသခံတွေနဲ့ပူးပေါင်းပြီး သန့်စင်ပြုပြင်ပေးခဲ့ပါတယ်။









