Border News Agency
နီပေါ၊ဩဂုတ် ၂၉။
နီပေါမှာရုတ်တရက်ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေကြောင့် လူအသက်ဆုံးရှုံးမှုတွေဖြစ်ပေါ်ခဲ့ရတဲ့အပေါ် အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က နီပေါနိုင်ငံသမ္မတနဲ့ဝန်ကြီးချုပ်ဆီ ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ခဲ့ပါတယ်။
နီပေါနိုင်ငံရာဆူဝါခရိုင်အပါအဝင် အခြားဒေသအချို့မှာဖြစ်ပွားခဲ့တဲ့ သဘာဝဘေးအန္တရာယ်ကြောင့် လူအများအပြားသေဆုံးခဲ့ရတဲ့အတွက်အခုလိုဝမ်းနည်းကြောင်းပြောဆိုခဲ့တာပါ။
သဘာဝဘေးကြုံတွေ့ခဲ့ရတဲ့ နီပေါနိုင်ငံအစိုးရနဲ့အတူ သေဆုံးသူတွေရဲ့ကျန်ရစ်သူ မိသားစုဝင်တွေနဲ့အတူ ထပ်တူဝမ်းနည်းရတယ်လို့ ဆိုပါတယ်။
အဲဒီအပြင်ရေဘေးကြောင့် ထိခိုက်ခံစားရတဲ့ပြည်သူတွေ ဘေးကင်းလုံခြုံရေးအတွက်လည်း ဆုတောင်းပေးခဲ့ပါတယ်။
ရေဘေးသင့်ဒေသတွေမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို အမြန်ဆုံးအောင်မြင်စွာဆောင်ရွက်နိုင်ပါစေကြောင်းလည်း ထည့်
သွင်းပြောကြားခဲ့ပါတယ်။
အဲဒီသဘာဝဘေးအန္တရာယ်ကြောင့် နီပေါမှာသေဆုံးသူငါးရာနီးပါးအထိရှိလာနေပြီး ပြည်သူကိုးသောင်းကျော်ထိခိုက်ခံစားနေရတယ်လို့ ကြက်ခြေနီအသင်းက ထုတ်ပြန်ထားပါတယ်။






