Border News Agency
ကျောက်တော်၊ စက်တင်ဘာ ၁။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကဆက်လက်ရောင်းချမယ့် အာရက္ခလောင်ပေါ်စတုတ္ထအကြိမ်လက်မှတ်မှာ အမြင့်ဆုံးဆုကြီးကို ကျပ်သိန်းတထောင်ထိ တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။
ခုအာရက္ခလောင်ပေါ် စတုတ္ထအကြိမ်ကံစမ်းမဲဖွင့်ပွဲကိုလာမယ့်အောက်တိုဘာလ ၁ ရက်နေ့မှာကျင်းပပြုလုပ်သွားမှာဖြစ်ပြီး အမြင့်ဆုံးဆုကြီးအဖြစ် ကျပ်သိန်းတထောင်ချီးမြှင့်ပေးသွားမှာ ဖြစ်ပါတယ်။
အဲဒီလောင်ပေါ်လက်မှတ်တွေကို တစောင်ကိုကျပ်တထောင်နှုန်းနဲ့ အာရက္ခဒေသတခုလုံးတ
ရားဝင် ရောင်းချပေးနေတာဖြစ်ပါတယ်။
ကံထူးရှင်တွေအနေနဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ဆုငွေတွေကို
ထုတ်ယူနိုင်မှာဖြစ်ပါတယ်။
အာရက္ခလောင်ပေါ်ကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ အကောက်အခွန်နဲ့အခွန်ဌာနက ဦးဆောင်ရောင်းချနေတာဖြစ်ပြီး တရားမဝင်လောင်းကစားတွေကို လျော့နည်းပပျောက်စေဖို့နဲ့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေရှာဖွေနိုင်ဖို့ ရည်ရွယ်ကျင်းပတာဖြစ်ပါတယ်။








