Border News Agency
တီးတိန်၊စက်တင်ဘာ ၂။
ချင်းပြည်၊ တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့မှာ မိုးတွေဆက်တိုက်ရွာပြီး ချင်းတောင်ဘက်ကနေ တောင်ကျရေတွေအရှိန်အဟုန်နဲ့ဆင်းလာတာကြောင့် ကွဲချောင်းရေဟာ ရုတ်တရက်ရေကြီးရေလျှံဖြစ်ပွားခဲ့ပါတယ်။
ဒီလိုချောင်းရေတွေဒလဟော စီးဆင်းလာတာကြောင့် စက်တင်ဘာလ ၂ ရက်၊ဒီနေ့မနက်ပိုင်းမှာ ကမ်းဘေးမှာရှိတဲ့ Maranatha AG အုတ်တိုက်ဘုရားကျောင်းကြီးဟာ ရေတိုက်စားခံရပြီးအဆောက်အအုံတခုလုံး ရေထဲကိုပြိုကျမျောပါသွားခဲ့ပါတယ်။
မိုးဆက်တိုက်ရွာနေဆဲဖြစ်တာကြောင့် ချောင်းရေထပ်တက်လာနိုင်တဲ့အတွက် ချောင်းဘေးဝဲယာနဲ့ အနိမ့်ပိုင်းမှာနေထိုင်ကြတဲ့ ဒေသခံတွေဟာ ဘေးကင်းလုံခြုံတဲ့နေရာတွေဆီကို အရေးပေါ်ပြောင်းရွှေ့နေကြရပါတယ်။
ခိုင်ကမ်းမြို့မှာ မိုးဆက်ရွာနိုင်တဲ့ပုံစံရှိနေသေးတာကြောင့် ချောင်းကမ်းဘေးနေထိုင်သူတွေအနေနဲ့လည်း အထူးသတိပြုကြဖို့ ဒေသခံတွေက သတိပေးထားပါတယ်။















