Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး နိုင်ငံရေး မြောက်ဦးခရိုင် လူ့အခွင့်အရေး အာရက္ခဒေသ

ကျင့်ဝတ်စံနှုန်း၊ပဋိညာဉ်နှင့် Unenviable Task များ ၁

Author picture

By

BNA Author
Reading Time: 4 mins read
0
A A
0
SHARES
127
VIEWS
Share on FacebookShare on Twitter

မောင်တူရေးသည်။

ကမ္ဘာပေါ်တွင် မည်သည့်အဖွဲ့အစည်းမဆို အဖွဲ့ဝင်များသည် မိမိ၏တာဝန်၊ လိုက်နာရမည့်စည်းကမ်း၊ လုပ်ပိုင်ခွင့်ဆိုသည့်အချက်များကို အသေးစိတ်နားလည်သဘောပေါက်ရန်လိုအပ်ပေသည်။ အဖွဲ့အစည်းတခု၏အသက်သွေးကြောသည် ထိုအဖွဲ့အစည်း၏ ဖွဲ့စည်းပုံစည်းမျဉ်းများပင်ဖြစ်ပေသည်။

ထိုဖွဲ့စည်းပုံစည်းမျဉ်းများတွင် အဖွဲ့အစည်း၏ ရည်ရွယ်ချက်၊ ကျင့်ဝတ်၊ စံနှုန်းများ၊ အကောင်အထည်ဖေါ်ရမည့်လုပ်ငန်းစဉ်များ၊ တာဝန်ခွဲဝေမှုနှင့် လုပ်ပိုင်ခွင့် အခွင့်အရေးများ ပါဝင်ပေသည်။
အဖွဲ့အစည်းတခု၏ ဖွဲ့စည်းပုံစည်းမျဉ်းများဟူသည် တနည်းအားဖြင့် ထိုအဖွဲ့အစည်း၏ အဖွဲ့ဝင်များအချင်းချင်းကြားတွင် “တရားမျှတမှု၊ တန်းတူညီမျှမှု၊ တိုးတက်ဖွံ့ဖြိုးမှုများ” ဖြစ်လာစေရန် အပြန်အလှန် လိုက်နာစောင့်ထိန်းရန် ပြုထားကြသော ပဋိညာဉ်ကတိကဝတ်တရပ်လည်းဖြစ်ပေသည်။

နိုင်ငံတခုဖြစ်စေ၊ ပရဟိတလူမှုရေးအသင်းအဖွဲ့များဖြစ်စေ၊ သာရေးနာရေးအသင်းအဖွဲ့များဖြစ်စေ၊ နိုင်ငံရေးအသင်းအဖွဲ့များဖြစ်စေ မည်သည့်အသင်းအဖွဲ့တွင်မဆို ဖွဲ့စည်းပုံစည်းမျဉ်းများ ရှိကြသည်။ ဖွဲ့စည်းပုံစည်းမျဉ်းများဟူသည်ထိုအဖွဲ့အစည်း၏ အမြင့်ဆုံးသော ပဋိညာဉ်များဖြစ်ပေသည်။

အသင်းအဖွဲ့တခုတွင် မည်သူတဦးတယောက်ကမှ ထိုစည်းမျဉ်းစည်းကမ်းများ၏အထက်တွင် မရှိအပ်ပေ။ ရှိပါက ထိုအသင်းအဖွဲ့သည်ပဋိညာဉ်ပျက်သော၊ ပဋိညာဉ်အားနည်းသောအသင်းအဖွဲ့ဖြစ်နေပေမည်။ ပဋိညာဉ်ပျက်သော၊ ပဋိညာဉ်အားနည်းသောအဖွဲ့အစည်းတခုသည် အပြန်အလှန်စောင့်ထိန်းရမည့် ကျင့်ဝတ်စံနှုန်းများကို မျက်ကွယ်ပြုလာတတ်ပေသည်။

ထိုသို့မျက်ကွယ်ပြုလာကြသောအခါ အဖွဲ့အစည်းအတွင်း အပြန်အလှန်ပွတ်တိုက်မှုဖြစ်တတ်ပေသည်။ ထိုပွတ်တိုက်မှုများကိုဖြေရှင်းရန် ပဋိညာဉ်များကို မျက်ကွယ်ပြုထားသောကြောင့် တောရိုင်းဥပဒေပုံစံကိုသာ ကျင့်သုံးလာတတ်ကြပေသည်။ တောရိုင်းဥပဒေအရ အင်အားကြီးသူက အင်အားငယ်သူကို နိုင်ပေသည်။ တောရိုင်းဥပဒေတွင် “တရားမျှတမှု၊ တန်းတူညီမျှမှု၊ ဒီမိုကရေစီ” ဟူသည် မရှိတော့ပေ။

ဤသို့ဖြင့်ပဋိညာဉ်ပျက်သော၊ ပဋိညာဉ်အားနည်းသောလူ့အဖွဲ့အစည်းတရပ်တွင် “အာဏာရှင်စနစ်” ပေါ်လာတတ်ပေသည်။

သောမစ်ဟောဘီးစ် (Thomas Hobbes) အဆိုအရ “ရက်စက်ကြမ်းကြုတ်သော လီဗီးယားသန်” များပေါ်လာတတ်ပေသည်။

လီဗီးယားသန် ဆောင်းပါးအားဖတ်ရှုရန်

မြန်မာ့လူ့ဘောင်အတွင်း၌ ဖွဲ့စည်းထားသော လူမှုရေး၊ သာရေးနာရေးမှအစ နိုင်ငံရေးအသင်းအဖွဲ့များထိ မိမိအဖွဲ့အစည်းအတွင်းဖြစ်ကြသော ပြဿနာများကိုဖြေရှင်းရာ၌ မိမိအဖွဲ့အစည်း၏ ဖွဲ့စ ည်းပုံစည်းမျဉ်းများကို ဗဟိုချက်ပြု၍ ဖြေရှင်းကြသောအလေ့အထသည် အင်မတန်မှ အားနည်းပေသည်။

မြန်မာ့လူဘောင်ကဲ့သို့ အာရက္ခလူ့ဘောင်သည်လည်း ထိုနည်းအတိုင်းသာဖြစ်ပေသည်။ ဤသို့ဖြစ်ရခြင်းမှာလည်း မြန်မာလူ့ဘောင်သည်လည်းကောင်း၊ အာရက္ခလူ့ဘောင်သည်လည်းကောင်းစ ည်းမျဉ်းစည်းကမ်းကို ဗဟိုပြုခြင်းထက် “လူပုဂ္ဂိုလ်ကို ဗဟိုပြုမှုက အားကောင်းခဲ့သည့် နိုင်ငံရေးစနစ်” အောက်တွင် ဆယ်စုနှစ်များစွာ ရှိနေခဲ့၍ဖြစ်ပေသည်။

ထိုသို့အားကောင်းခြင်းမှာလည်း “စည်းမျဉ်း၊ စည်းကမ်း၊ ကျင့်ဝတ်၊ စံနှုန်း၊ ဥပဒေ၏အထက်တွင် လူပုဂ္ဂိုလ်၊ အစုအဖွဲ့တခု” ရှိနေသည့် နိုင်ငံရေးစနစ်အလေ့အထမျိုးအားကောင်းခဲ့၍ ဖြစ်ပေသည်။

“စည်းမျဉ်း၊ စည်းကမ်း၊ ကျင့်ဝတ်၊ စံနှုန်း၊ ဥပဒေ၏အထက်တွင်လူပုဂ္ဂိုလ်၊ အစုအဖွဲ့တခုရှိနေပါကထိုစနစ်သည် အာဏာရှင်စနစ်အလေ့အထ” ပင်ဖြစ်ပေသည်။

လူမှုပဋိညာဉ်ဆိုသည်မှာ အထက်ကဆိုခဲ့သည့်အတိုင်း ရက်စက်ကြမ်းကြုတ်သော လီဗီးယားသန်များမဖြစ်လာစေရန်အတွက်လည်းကောင်း၊ အချင်းချင်းကြားတွင် “တရားမျှတမှု၊ တန်းတူညီမျှမှု၊ တိုးတက်ဖွံ့ဖြိုးမှုများ” ဖြစ်လာစေရန် အတွက်လည်းကောင်းအပြန်အလှန် လိုက်နာစောင့်ထိန်းရန် ပြုထားကြသော ကတိကဝတ်တရပ်လည်းဖြစ်ပေသည်။

လူ့အဖွဲ့အစည်းတခုအတွက် ထိုသို့အပြန်အလှန်ကတိကဝတ်ပြုထားသော ပဋိညာဉ်သဘောဆန်သည့်ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းစည်းကမ်းများမဖြစ်မနေလိုအပ်ပေသည်။

သို့ဖြစ်၍အမေရိကန်ပြည်ထောင်စုအား ထူထောင်သူဖခင်များ(The Founding Fathers) ထဲတွင် တယောက်အပါအဝင်ဖြစ်သော၊ အမေရိကန်ပြည်ထောင်စု၏ ပထမဆုံးသမ္မတတာဝန်ကိုထမ်းဆောင်ခဲ့သူဂျော့ဝါရှင်တန်(George Washington) က “ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပါသော စည်းမျဉ်းစည်းကမ်းများသည် ကျွန်ုပ်အတွက် မည်သောအခါမှ မျက်ကွယ်မပြုသောလမ်းညွှန်ချက်များ ဖြစ်သည်။” ဟုဆိုကာ အမေရိကန်လူ့ဘောင်၌ ရက်စက်ကြမ်းကြုတ်သော လီဗီးယားသန်များပေါ်မလာစေရန်နမူနာကောင်းကို အစပြုခဲ့ခြင်းဖြစ်ကာ အမေရိကန်လူ့ဘောင်အား “လူဖြစ်ရကျိုးနပ်သော နိုင်ငံတခု” အဖြစ်ရောက်ရှိလာစေခြင်းဖြစ်သည်။

နိုင်ငံတော်(သို့မဟုတ်)လူဖြစ်ရကျိုးနပ်သောနေရာ ဆောင်းပါးအားဖတ်ရှုရန်

မူလစံနှုန်း၊ ကျင့်ဝတ်၊ရည်ရွယ်ချက်၊ တန်ဖိုးများကို မျက်ကွယ်ပြုခြင်း

  • ၁။ “ကုန်းဆင်းလိုက်ပါသူများ(Free Riders) ရှိလာခြင်း”
  • ၂။ “ကုန်းဆင်းလိုက်ပါသူများကအဖွဲ့အစည်း၏ ထိပ်ပိုင်းအလွှာကို ချဉ်းကပ်လာနိုင်ခြင်း”

စသည့်အချက်များသည်လည်းလူ့ဘောင်တရပ်၊ လူ့အဖွဲ့အစည်းတရပ်တွင် အဖွဲ့အစည်း၏မူလ “စံနှုန်း၊ကျင့်ဝတ်၊ရည်ရွယ်ချက်၊တန်ဖိုးများ” ကို မျက်ကွယ်ပြုလာသောအခြေအနေမျိုးဘက်သို့ ရောက်ရှိစေတတ်ပေသည်။

၁။ ကုန်းဆင်းမျောပါသူများ(Free Riders)

ကုန်းဆင်းမျောပါသူ (သို့) အခမဲ့စီးနင်းလိုက်ပါသူဆိုသည်မှာ – လူ့ဘောင်တခု၊ လူ့အဖွဲ့အစည်းတခုအတွင်းအခင်းအကျင်းတခုအားမကောင်းခင်အခြေအနေမျိုးတွင်ထိုသူများသည် ထိုအခင်းအ ကျင်းတခုအတွက် “ကုန်းဆင်းမျောပါသူ” Free Riders အသွင်ဖြင့် ရပ်တည်ပေသည်။

ထိုသူများအနေဖြင့် မည်သည့်တာဝန်ခံမှု၊ တာဝန်ယူမှုကိုမှထိုအခင်းအကျင်းအတွက်ဆောင်ရွက်မည်မဟုတ်ဘဲ မျက်ကွယ်ပြု၍ နေမည်ဖြစ်ပေသည်။

ထိုအခင်းအကျင်းတခုအားကောင်းလာသောအခါ ယင်းအခင်းအကျင်းထဲဝင်ရောက်၍အသိအမှတ်ပြုခံရအောင် ကြိုးစားတတ်ကြပေသည်။

ထိုသို့ကြိုးစားရာတွင် Free Riders များ သည် ၎င်းတို့အား မြန်မြန်အသိအမှတ်ပြုခံရရန်အတွက်အခင်းအကျင်း၏အပေါ်ထပ်အလွှာအားချဉ်းကပ်မှု(Elite Orientation) ဖြင့်သာ ချဉ်းကပ်တတ်ကြပေသည်။ “ခေါင်းထိအကုန်စား” ဟူ သောသဘောတရားမျိုးဖြင့် အပေါ်ထပ်အလွှာကို ချဉ်းကပ်ကြခြင်းဖြစ်ပေသည်။ ထိပ်ခေါင်းအလွှာအတွက် ငွေကြေးနှင့်အခြားသောရုပ်ဝတ္ထုများ၊စေတနာ ဝန်ထမ်းပုံစံများစသည့်ပုံစံမျိုးဖြင့် ချဉ်းကပ်တတ်ကြပေသည်။

ထိုသို့ချဉ်းကပ်ရာတွင် ၎င်းတို့အနေဖြင့် “အောက်ခြေလူထုအလွှာကို ဦးတည်သည့်ချဉ်းကပ်မှု(Public Toward) မျိုး၊ တရားမျှတသောလုပ်ရပ်မျိုး” ဖြစ်နေပါက ဟုတ်သေးသည်။

ထိုသို့မဟုတ်ဘဲ ၎င်းတို့၏အခွင့်အရေးအတွက်သက်သက်သာ(Elite Orientation) လုပ်ပါက ထိုလူ့ဘောင်၊ လူ့အဖွဲ့အစည်း၏လူမှုစီးပွားဘဝတွင် ဝန်ပိသွားတတ်ပေသည်။ Free Riders များ၏ Elite Orientation များသည် အောက်ခြေလူထု၏ ရှင်သန်ထမြောက်ခွင့်အား ပိတ်ပင်တတ်ပေသည်။

ပြန်လည်ရှင်သန် ထမြောက်ခွင့်အား ပိတ်ပင်ခြင်း ဆောင်းပါးအားဖတ်ရှုရန်

၂။ အပေါ်ထပ်အလွှာကို ချဉ်းကပ်ခြင်း (Elite Orientation)

“ခေါင်းထိ အကုန်စား” ဟူသောသဘော တရားမျိုးဖြင့် အပေါ်ထပ်အလွှာကို ချဉ်းကပ်ကြခြင်းသည် မည်သည့်ပြည်သူ မဆိုသူ့၏ရပိုင်ခွင့်အခွင့်အရေးများဆုံး ရှုံးလာပါက ဆောင်ရွက်ခွင့်ရှိသော (Public Complaint) အတွက် လက်လှမ်းမှီခွင့်ဖြစ်ပေသည်။

သို့ရာတွင် မိမိအကျိုးစီးပွားနှင့်အသိအမှတ်ပြုခံရမှုကိုဦးတည်သောသူ(Egoism) များအနေဖြင့် အခင်းအကျင်းတခု၏အပေါ်ထပ်အလွှာကိုချဉ်းကပ်လာသောအခါ အပေါ်ထပ်အလွှာမှခေါင်း ဆောင်ပိုင်းများတွင် အောက်ပါအချက်များ ဖြစ်ပေါ်လာပေသည်။

  • မိမိအကျိုးစီးပွားနှင့်အသိအမှတ်ပြုခံရမှုကိုဦးတည်သောသူ(Egoism) များအခင်းအကျင်းထဲတွင်ဝင်ဆန့်လာခြင်း။
  • မိမိအကျိုးစီးပွားနှင့်အသိအမှတ်ပြုခံရမှုကိုဦးတည်သောသူ(Egoism) များ၏ အသံမှလွှဲ၍ အောက်ခြေအလွှာ၏ အချက်အလက်အမြင်များကို ကြားသိခွင့်မရတော့ခြင်း။
  • မြေပြင်အခြေအနေနှင့်ပြည်သူလူထု၏ ပကတိအနေအထားကို ကြားသိခွင့်မရတော့ခြင်း။
  • ကြားသိလျင်လည်း အခြားသောရှူဒေါင့်အမြင်များမပါတော့ဘဲမိမိအကျိုး စီးပွားနှင့်အသိအမှတ်ပြုခံရမှုကိုဦးတည်သောသူ(Egoism) များ၏အမြင်များသာကသာ ပိုမိုအသံထွက်နေခြင်း။
  • ခေါင်းဆောင်ပိုင်းမှမိမိအကျိုးစီးပွားနှင့် အသိအမှတ်ပြုခံရမှုကိုဦးတည်သောသူ(Egoism) များသည် မိမိတို့အုပ်စုထဲကသူများဟု ထင်မှတ်လာခြင်း။
  • မိမိအကျိုးစီးပွားနှင့်အသိအမှတ်ပြုခံရမှုကို “ဦးတည်သောသူ (Egoism) များနှင့်ဆန့်ကျင်ဘက်ဖြစ်သူများ၊ ဆန့်ကျင်ဘက်အခင်းအကျင်းများ” ကို ခေါင်းဆောင်ပိုင်းမှလည်း အထင်မှားမှုအမြင်မှားမှုဖြစ်လာခြင်း။
  • အောက်ခြေအလွှာနှင့်ပြည်သူလူထုအလွှာ၏ မြေပြင်ပကတိအနေအထားမှ ဝေးကွာလာသောအခါ ခေါင်းဆောင်ပိုင်း၏ ဆုံးဖြတ်ချက်များ မှားလာခြင်း။
  • ဆုံးဖြတ်ချက်မှားယွင်းမှုကြောင့် ခေါင်းဆောင်ပိုင်း၏ သီလသမာကိုထိခိုက်လာခြင်း။

ဤသို့ဖြင့်အဖွဲ့အစည်း၏ ပုံရိပ်ကျဆင်းလာပြီး လူထု၏အယုံအကြည်ကင်းမဲ့လာမှုအားရင်ဆိုင်လာရကာ မိမိတို့၏ နိုင်ငံရေးမျှော်မှန်းချက်ကိုပါ ထိခိုက်လာတတ်ပေသည်။

အာရက္ခလူ့ဘောင်အားသုံးသပ်ခြင်း

ကျင့်ဝတ်၊ စံနှုန်း၊ ပဋိညာဉ်ကိုဗဟိုပြုချဉ်းကပ်သော အလေ့အထမျိုးသည် အာရက္ခလူ့ဘောင်နှင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖွဲ့ဝင်အဆင့်ဆင့်ကြားတွင် အားမကောင်းသေးပေ။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖွဲ့ဝင်အချို့တဝက်တွင် မူဝါဒပိုင်းဆို င်ရာအပေါ်သဘောပေါက်နားလည်မှု အားနည်းသည်ကို တွေ့နေရပေသည်။ ကျင့်ဝတ်၊ စံနှုန်း၊ ပဋိညာဉ်ကို ဗဟိုပြုချဉ်းကပ်သောအလေ့အထအားနည်းမှုသည် “အာဏာရှင်စနစ်အလေ့အထကိုအားကောင်းစေမှု” လည်းဖြစ်ပေသည်။

အာရက္ခလူ့ဘောင်သည် ULA/AA ဦး ဆောင်မှုဖြင့် “အာဏာရှင်စနစ်” ကို တွန်းလှန်နေသောလူ့ဘောင်လည်းဖြစ်ပေသည်။ ULA/AA အနေဖြင့် အာဏာစနစ်၏ စရိုက်လက္ခဏာများကင်းစင်သည့် လူ့ ဘောင်တရပ်ကို အာရက္ခလူထုအတွက် တည်ဆောက်နေရချိန်လည်းဖြစ်ပေသည်။ 

အာရက္ခလူ့ဘောင်နှင့်အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ အဖွဲ့ဝင်များကြားတွင် ကျင့်ဝတ်စံနှုန်း၊ ပဋိညာဉ်ကို ဗဟိုပြုချဉ်းကပ်သော အလေ့အထမျိုးသည် “အထိုင်မကျအကျွမ်းမဝင်နိုင်သေး သောလုပ်ငန်းစဉ်(Unenviable Task)” များလည်း ဖြစ်နေမည်ဖြစ်ပေသည်။

ထိုသို့ အထိုင်မကျအကျွမ်းမဝင်ဖြစ်နေချိန်တွင် “ကုန်းဆင်းမျောပါသူ(Free Riders) များနှင့် အပေါ်ထပ်အလွှာကိုချဉ်းကပ်ခြင်း (Elite Orientation)” များကိုလည်း တွေ့မြင်နေရပေသည်။

အာရက္ခပြည်သူလူထု၏ နစ်နာချက်များကို ထုတ်ဖေါ်မှုနှင့် ဝေဖန်ထောက်ပြမှုများကို လုံးဝလက်မခံလိုသောအပြုအမှုများသည်လည်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖွဲ့ဝင်အချို့တွင် ရှိနေသည်ကို တွေ့လာရပေသည်။ မသိနားလည်မှုကြောင့်သော်လည်းကောင်း၊ မိမိအကျိုးစီးပွားနှင့်အသိအမှတ်ပြုခံရမှုကို ဦးတည်သောသူ(Egoism) များ ကြောင့်သော်လည်းကောင်းစံနှုန်းကျင့် ဝတ်နှင့် ပဋိညာဉ်အပေါ်တွင်မျက်ကွယ်ပြုနေမှုများလည်းရှိနေသည်ကို တွေ့နေရပေသည်။

တိုင်းပြည်တည်ဆောက်ရေးဖြစ်စဉ်များတွင် စံနှုန်းကျင့်ဝတ်များသည်လည်း အရေးကြီးသောအစိတ်အပိုင်းများဖြစ်ပေသည်။ တိုင်ပြည်တည်ဆောက်ရေးနှင့် စစ်ရေးအောင်မြင်မှု နှစ်ခုစလုံးအား ဦးစားပေးအဆင့်တွင်ထားသည်ဟု ULA/AA ဘက်မှ ဆိုထားပေသည်။

သို့ဖြစ်၍ ၁၁ကြိမ်မြောက်၊တပ်တော်နေ့ တပ်မှူးချုပ်သဝဏ်လွှာ စာမျှက်နှာ ၂ တွင် ဗိုလ်ချုပ်ထွန်းမြတ်နိူင်က ”အခုနောက်ပိုင်း တပ်ဖွဲ့ဝင်တချို့ စည်းကမ်းပေါ့လျော့စွာနေထိုင်ခြင်း၊ ULA အဖွဲ့အ စည်းအတွင်း အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိလာသောအခွင့်အရေးသမားများက တော်လှန်ရေးကို ခုတုံးလုပ် အသုံးချရန်ကြိုးစားခြင်းများရှိနေကြောင်း၊ မလိုအပ်ပဲ သြဇာအာဏာသုံး၍ ပြောဆိုမှုမြား၊ မဆိုင်သောကိစ္စများတွင် ဝင်ပါဆရာခံမှုများကို ကြားသိနေရသည်။” ဟု အသိပေးပြောဆိုထားခြင်းဖြစ်ပေသည်။

အာရက္ခလူ့ဘောင်တွင်လည်းကောင်း၊ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရတွင်လည်းကောင်း လက်ရှိအနေအထားတွင် စံနှုန်းကျင့်ဝတ်၊ ပဋိညာဉ်များကို ဗဟိုပြုသည့် လူမှုဝန်းကျင်တရပ်ကို ပေါ်ပေါက်လာစေရန် ရေခံမြေခံအရ အားသားချက်ရှိနေသည့်အနေအထားမျိုးကို ပိုင်ဆိုင်ထားပါသေးသည်။

စံနှုန်းကျင့်ဝတ်နှင့်ပဋိညာဉ်အပေါ် ဗဟိုပြမှုသည့် လွတ်လပ်သောအချုပ်အခြာအာဏာဖြစ်မှုနှင့်လည်းတထပ်တည်းကျပေသည်။ တန်းတူညီမျှ၊ တရားမျှတ၊ လွတ်လပ်သောလူ့ဘောင်တခု၏ ကျောရိုးမဏ္ဏိုင်လည်းဖြစ်ပေသည်။

အမေရိကန်ပြည်ထောင်စုအား ထည်ထောင်သူ ဖခင်များထဲတွင်ပါဝင်သော အမေရိကန်ဖွဲ့စည်းပုံအခြေခံံဥပဒေကို ရေးသားသူ သောမတ်စ်ဂျက်ဖာဆင် (Thomas Jefferson)က “လွတ်လပ်ရေးကို ကြေညာခြင်းဟူသည် ကျွန်ုပ်တို့၏အခွင့်အရေး၊ လူသားတို့၏အခွင့်အရေးကို ပဋိညာဉ်ပြုကာကြေညာခြင်းဖြစ်သည်။” ဟု ဆိုထားခြင်းဖြစ်ပေသည်။

သောမတ်စ်ဂျက်ဖာဆင်(Thomas Jefferson) ကပင် ကျင့်ဝတ်စံနှုန်းနှင့်ပတ်သက်၍ “ကျင့်ဝတ်စံနှုန်းဟူသည် လူသားများကို အုပ်ချုပ်သည့်အစိုးရထဲတွင် ယုံကြည်ကိုးကွယ်မှုကဲ့သို့ဖြည့်စွက်ထားရှိရမည့်ဥပဒေအရာ” ဖြစ်သည်ဟု ဆိုထားပေသည်။

အာရက္ခလူ့ဘောင်သည် ကျင့်ဝတ်သီလအား စောင့်ထိန်းမှုကို နှစ်သက်သော လူ့ဘောင်ဖြစ်သည်။

“ကုန်းဆင်းမျောပါသူ(Free Riders) များနှင့် အပေါ်ထပ်အလွှာကိုချဉ်းကပ်ခြင်း(Elite Orientation)” များက မည်မျှပင် ကျင့်ဝတ်စံနှုန်းနှင့်ပဋိညာဉ်ပြုမှုကို မျက်ကွယ်ပြုခြင်းသက်ရောက်မှုအား ကြီးနေပါစေ… အာရက္ခလူ့ဘောင်သည် ထိုအရာများအား တချိန်ချိန်တွင် မလွဲမသွေ ကျော်ဖြတ်ကာ အကြောက်တရားကိုအနိုင်ယူမည့်လူ့ဘောင်တရပ်လည်းဖြစ်ပေသည်။

ဆက်လက်ဖော်ပြပါမည်။

ဆက်စပ်ဆောင်းပါးများ အားဖတ်ရှုရန် –

  • အာရက္ခလူ့ဘောင်နှင့်လီဗီးယားသန်
  • နိုင်ငံတော်(သို့မဟုတ်)လူဖြစ်ရကျိုးနပ်သောနေရာ
  • ပြန်လည်ရှင်သန် ထမြောက်ခွင့်အား ပိတ်ပင်ခြင်း
PrevPreviousကျောက်တော်မှာ စစ်ကျန်ဗုံးပေါက်ကွဲလို့ ကလေးတဦးသေဆုံးပြီးလေးဦးဒဏ်ရာရ
Nextရှေးဟောင်းနယ်မြေက တက်တူးဆရာNext
Previous Post

ကျောက်တော်မှာ စစ်ကျန်ဗုံးပေါက်ကွဲလို့ ကလေးတဦးသေဆုံးပြီးလေးဦးဒဏ်ရာရ

Next Post

ရှေးဟောင်းနယ်မြေက တက်တူးဆရာ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

​တီဟီရန်ရှိဆေးရုံတိုက်ခိုက်ခံရမှုအပေါ် အီရန်ကျန်းမာရေးဝန်ထမ်းတွေဆန္ဒပြ

March 10, 2026
ဓာတ်ပုံ - ယောအလင်းတန်း

ထီးလင်းမှာစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သား ၂ ဦးသေဆုံး

March 10, 2026

ဒုံးပိုက်ရွာအနောက်ဖက် ပင်လယ်ကမ်းခြေမှာအမျိုးသားတလောင်းတွေ့

March 10, 2026

​မီနပ်မြို့ရှိမူလတန်းကျောင်း တိုက်ခိုက်ခံရမှုအပေါ် ထရမ့်ငြင်းဆို

March 10, 2026

​တီဟီရန်ရှိဆေးရုံတိုက်ခိုက်ခံရမှုအပေါ် အီရန်ကျန်းမာရေးဝန်ထမ်းတွေဆန္ဒပြ

ထီးလင်းမှာစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သား ၂ ဦးသေဆုံး

လယ်မူလားမှာ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ ‎အရပ်သားလေးဦးသေဆုံး

ဒုံးပိုက်ရွာအနောက်ဖက် ပင်လယ်ကမ်းခြေမှာအမျိုးသားတလောင်းတွေ့

​မီနပ်မြို့ရှိမူလတန်းကျောင်း တိုက်ခိုက်ခံရမှုအပေါ် ထရမ့်ငြင်းဆို

​အီရန်စစ်ပွဲမှာ သေဆုံးတဲ့ တပ်ကြပ်ကြီးရုပ်အလောင်းကို ဒုသမ္မတကြိုဆို

Releated Post

​တီဟီရန်ရှိဆေးရုံတိုက်ခိုက်ခံရမှုအပေါ် အီရန်ကျန်းမာရေးဝန်ထမ်းတွေဆန္ဒပြ

March 10, 2026
ဓာတ်ပုံ - ယောအလင်းတန်း

ထီးလင်းမှာစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သား ၂ ဦးသေဆုံး

March 10, 2026

လယ်မူလားမှာ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ ‎အရပ်သားလေးဦးသေဆုံး

March 10, 2026

ဒုံးပိုက်ရွာအနောက်ဖက် ပင်လယ်ကမ်းခြေမှာအမျိုးသားတလောင်းတွေ့

March 10, 2026

​မီနပ်မြို့ရှိမူလတန်းကျောင်း တိုက်ခိုက်ခံရမှုအပေါ် ထရမ့်ငြင်းဆို

March 10, 2026
Photo - Vice President JD Vance

​အီရန်စစ်ပွဲမှာ သေဆုံးတဲ့ တပ်ကြပ်ကြီးရုပ်အလောင်းကို ဒုသမ္မတကြိုဆို

March 10, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page