Border News Agency
ကမ္ဘောဒီးယား၊ စက်တင်ဘာ ၉။
အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ကမ္ဘောဒီးယားနိုင်ငံဘုရင်မင်းမြတ် နိုရိုဒွန် သီဟာမိုနီရဲ့ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံသို့ သွားရောက်ဖို့ပြင်ဆင်နေပါတယ်။
စစ်ခေါင်းဆောင်ဟာ စက်တင်ဘာလ ၄ ရက်နေ့က ဗီယက်နမ်ကိုသွားရောက်ခဲ့ပြီး ပြီးခဲ့တဲ့လတွေကလည်း တရုတ်၊အိန္ဒိယ၊လာအို၊ ရုရှားစတဲ့ အိမ်နီးချင်းနဲ့ဒေသတွင်း နိုင်ငံအချို့သို့ ဆက်တိုက်သွားရောက်ခဲ့တာဖြစ်ပါတယ်။
အဲဒီခရီးစဉ်တွေဟာ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတကာရဲ့ သီးခြားခွဲထွက် ပိတ်ဆို့ခံထားရမှုကိုကျော်လွှားဖို့နဲ့ သံတမန်ရေးအရ တရားဝင်မှုရရှိဖို့အတွက်ကြိုးပမ်းနေတာလို့ သံတမန်ရေးရာလေ့လာသူအချို့ကထောက်ပြကြပါတယ်။
ဒါပေမယ့်လည်းအာဆီယံအနေနဲ့ မြန်မာနိုင်ငံရဲ့ပဋိပက္ခတွေကိုဖြေရှင်းဖို့ ချမှတ်ထားတဲ့ဘုံသဘောတူညီချက်ငါးချက်ကို အာဏာသိမ်းစစ်တပ်ကလိုက်နာတာမရှိတာကြောင့် အာဆီယံထိပ်သီးအစည်းအဝေးတွေတက်ရောက်ခွင့် ဆက်လက်ပိတ်ပင်ထားဆဲဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ကတော့သူတို့ရဲ့ခရီးစဉ်အတွင်း နှစ်နိုင်ငံချစ်ကြည်ရေး၊ စီးပွားရေးနဲ့ ကဏ္ဍပေါင်းစုံပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးသွားမယ်လို့ဆိုပါတယ်။







