Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် အာရက္ခဒေသ

ဒက်စတိုပီးယန်းဘဝတွေ-နိဂုံး

Author picture

By

Saw Shin Nyo
Reading Time: 2 mins read
0
A A
0
SHARES
6
VIEWS
Share on FacebookShare on Twitter

Border News Agency
မြောက်ဦး၊စက်တင်ဘာ ၁၇။

အာရက္ခဒေဒေသရဲ့ လူသားချင်းစာနာမှုအကျပ်အတည်းတွေဟာ လက်ရှိမှာတော့အဖြေမရှိတဲ့ပုစ္ဆာလိုဖြစ်နေပါတယ်။

အဲဒီလိုထိခိုက်လွယ်သူတွေ၊သာမန်အောက်ခြေလူတန်းစားတွေလိမ့်ပြီးခံရမယ့်သဘောရှိနေပါတယ်။

အဲဒီလိုအကျပ်အတည်းတွေဟာ အာရက္ခဒေသရဲ့နိုင်ငံရေးအပေါ်မှာလည်း သက်ရောက်မှုကြီးကြီးမားမားရှိနေမှာပါ။

အဲဒီလို​စီးပွားရေးပြိုလဲမှု၊သဘာဝကပ်ဘေးတွေ၊အစုလိုက်အပြုံလိုက်နေရာရွှေ့ပြောင်းရမှုတွေအပါအဝင် လက်ရှိအချိန်ထိတင်းမာပြင်းထန်နေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် အာရက္ခဒေသရဲ့လူသားချင်းစာနာမှုအကျပ်အတည်းဟာ မြန်မာနိုင်ငံထဲမှာအဆိုးဝါးဆုံးနဲ့ အရှုပ်ထွေးဆုံးနေရာတွေထဲကတခုဖြစ်နေတယ်လို့ UNOCHA က ၂၀၂၆ ခုနှစ်၊ဇူလိုင်လ ၂၃ ရက်နေ့က ဆိုပါတ ယ်။

​အာရက္ခဒေသအလယ်ပိုင်းနေရာတွေဟာ WFP ရဲ့ ခန့်မှန်းချက်အရ မိမိရဲ့အခြေခံအစားအစာအတွက် မိမိကိုယ်တိုင်မထုတ်နိုင်တော့တဲ့အခြေအနေဟာ ဒေသနေအိမ်ထောင်စုတွေရဲ့တဝက်ကို ကျော်လာနေတယ်လို့ ဆိုပါတယ်။

WFP က ဒေသရဲ့အိမ်ထောင်စုပေါင်း ၅၇ ရာခိုင်နှုန်းခန့်ဟာ အဲဒီလိုအခက်အခဲတွေကိုရင်ဆိုင်နေရပြီး အဲဒါဟာ ၂၀၂၄ ခုနှစ်က ၃၃ ရာခိုင်နှုန်းထက် ပိုများလာတယ်လို့ဆိုပါတယ်။

အဲဒီလို​ကြေကွဲစရာကောင်းတာက တချို့အိမ်ထောင်စုတွေမှာ ကလေးငယ်တွေစားဖို့အတွက် လူကြီးတွေကအငတ်ခံနေရတာတွေရှိနေတယ်လို့ EU က ထုတ်ပြန်ပါတယ်။

လက်နက်ကိုင်ပဋိပက္ခတွေနဲ့မတည်ငြိမ်မှုတွေဆက်ရှိနေတာကြောင့် လယ်ယာလုပ်ငန်းခွင်ကိုမဝင်နိုင်ကြဘူးလို့ဆိုပါတယ်။

ဒေသရဲ့ထုတ်ကုန်တွေကို ရောင်းချရမယ့်ဈေးကွက်လည်း ပျောက်ဆုံးနေခဲ့ရသလို ကုန်ဈေးနှုန်းတွေလည်းကြီမြင့်နေပြီး ဝင်ငွေရရှိမှုဟာပိုပြီးအကန့်အသတ်ရှိလာပါတယ်။

ရခိုင်မြောက်ပိုင်းကို အကူအညီတွေရောက်ရှိဖို့ကိစ္စကလည်း အင်မတန်ခက်ခဲနေသလို လက်ရှိအကျပ်အတည်းတွေဟာလည်း အဓိကအဟန့်အတားတွေဖြစ်နေပါတယ်။

အစားအစာအတွက်လူတွေဟာ မရှိ၊ရှိတာကိုရောင်းချတာ၊ချေးငှားအကြွေးယူတာမျိုးတွေနဲ့ဖြေရှင်းနေရတယ်လို့ EU ရဲ့ ၂၀၂၆ ခုနှစ်၊မေလ ၂၆ ရက်နေ့ ထုတ်ပြန်ပါတယ်။

​နေ့စဉ်ထမင်းစားဖို့ကိစ္စတောင် အခက်အခဲတွေနဲ့ရင်ဆိုင်နေရတာဟာ ဖြစ်ရိုးဖြစ်စဉ်လိုဖြစ်နေတယ်လို့လည်း EU က ဆိုပါတယ်။

​”မြန်မာနိုင်ငံရဲ့စားနပ်ရိက္ခာအကျပ်အတည်းအခြေအနေဆိုးလာနေပါတယ်။ ဒါဟာ မကြာသေးတဲ့ကာလအတွင်း အဆိုးဆုံးစားနပ်ရိက္ခာအကျပ်အတည်းများထဲကတခုပါ”၊ “ဒီအကျပ်အတည်းက လူအများအပြားရဲ့မျက်စိရှေ့မှာတင်ဖြစ်ပျက်နေပေမယ့် ကမ္ဘာကြီးကတော့သတိမထားမိပါဘူး။မြန်မာနိုင်ငံက သူတွေကတော့ ဒါအတွက်ပေးဆပ်နေကြရပါတယ်။လူအများအပြားဟာအသက်ရှင်ရပ်တည်စရာနည်းလမ်းလုံး ဝမရှိသလောက်ဖြစ်နေရတယ်။”လို့ မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂ(EU)လူ သားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးအရာရှိဗာရွန်နီကာ ကောလင်စ်(Veronica Collins)က ဆိုပါတယ်။

အဲဒီ​ထိခိုက်လွယ်တဲ့အုပ်စုတွေအပေါ် လူ့အခွင့်အရေးအဖွဲ့တွေနဲ့ကုလအဖွဲ့အစည်းတွေ သွားရောက်အကူအညီပေးနိုင်ဖို့က လက်ရှိအချိန်ထိအကန့်အသတ်တွေ တင်းကြပ်နေတုန်းပါ။

အဲဒီအကူအညီတွေစစ်ဆေးခံနေရပြီး ဆေးဝါးနဲ့အခြေခံလိုအပ်ချက်တွေကို ကုန်းလမ်း၊ရေလမ်းတွေက မပို့ပေးနိုင်ပါဘူး။မြို့နယ်တခုနဲ့တခု ဖြတ်သန်းဖို့ခက်ခဲနေပါတယ်။

​အသက်မွေးဝမ်းကျောင်းအလုပ်တွေပြိုလဲကုန်ပြီး စားသောက်ကုန်တွေနဲ့စိုက်ပျိုးရေးသုံးလိုအပ်ချက်ပစ္စည်းတွေဈေးကြီးလာပါတယ်။

အဲဒီလိုအခြေအနေတွေက ဆာလောင်ငတ်မွတ်မှုဒဏ်ကိုဖြစ်စေပြီး အာဟာရလိုအပ်မှုကို အလူးအလဲအဆက်မပြတ်
ခံစားနေရပါတယ်။

အဲဒါဟာ အာရက္ခဒေသထဲကရိုဟင်ဂျာတွေအပါအဝင် ရခိုင်လူမှုအသိုက်အဝန်းတွေရင်ဆိုင်နေရတဲ့ အခြေအနေတွေလို့ EU က ဆိုပါတယ်။

အဲ​ဒါတွေဟာ အာရက္ခဒေသရဲ့ လူသားချင်းစာနာမှုအကျပ်အတည်းတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာအဖွဲ့အစည်းတွေက ပြောဆိုနေမှုတွေပါ။

လက်ရှိမြေပြင်အနေအထားအခြေအနေတွေမှာလည်း လူသားချင်းစာနာမှုအကျပ်အတည်းကိုပိုမိုဆိုးဝါးအောင် ဘူးလေးရာဖရုံဆင့်နေတဲ့ဖြစ်စဉ်တွေလည်းဖြစ်နေပါတယ်။

​ULA/AA ကိုယ်တိုင်ဖန်တီးလိုက်တဲ့ဖြစ်စဉ်တွေ

​အာရက္ခဒေသရဲ့တချို့နေရာတွေမှာ လူမှုဒုက္ခကိုမငဲ့မကွက်ဘဲ မရောင်ရာဆီလူးအမိန့်ပြလိုက်တာတွေကြောင့်လည်း လူထုရဲ့စားဝတ်နေရေးကို ထိခိုက်တဲ့ကိစ္စတွေရှိလာပါတယ်။

ဥပမာ-လမ်းဘေးကွမ်းယာဆိုင်တွေ၊လမ်းဘေးဈေးရောင်းနေသူတွေရဲ့ဘဝကိုထည့်မတွက်ပဲ အမိန့်ပြနေတဲ့ဖြစ်စဉ်မျိုးတွေပါ။လမ်းဘေးမှာ သူ့တဝမ်းတခါးအတွက် ဈေးရောင်းနေသူတွေကို တားဆီးတာတွေဟာ စစ်ရေးစစ်ရာနဲ့လည်းမဆိုင်ပါဘူး။

လက်ရှိစစ်ဖြစ်နေတဲ့အချိန်၊စားဝတ်နေရေးအတွက် အကျပ်အတည်းအကြီးအကျယ်ဆိုင်နေတဲ့အချိန်မှာ အခြေခံမြို့ ပြစီမံကိန်းတွေဆိုတာလည်းတည်ဆောက်လို့ရသေးတဲ့အခြေအနေတွေမဟုတ်ပါဘူး။

လမ်းနဲ့မလွတ်လို့ အိုးအိမ်တွေကို ဖျက်ခိုင်းတာတွေ၊စစ်ဖြစ်နေဆဲမှာပဲ မြေသိမ်းနေတာတွေဟာ လက်ရှိရင်ဆိုင်နေရတဲ့လူမှုဒုက္ခတွေကို မဖြေရှင်းနိုင်ရုံမက လူတွေကို ငရဲခန်းထဲတွန်းပို့နေသလိုဖြစ်နေပါတယ်။

​အလုပ်အကိုင်အခွင့်အလန်းတွေကိုမဖန်တီးပေးနိုင်ရင် ရှိပြီးသားအလုပ်အကိုင်လေးတွေကို မထိခိုက်အောင်တော့ထားသင့်ပါတယ်။

လူထုကိုတိုက်အိမ်ပေါ် မတင်နိုင်သေးရင် သူရဲ့ရှိပြီးသားတဲအိမ်ကိုတော့ မဖျက်မိဖို့လိုပါတယ်။

​အကျပ်အတည်းဖြစ်နေတဲ့လူထုအတွက် သက်သာချောင်ချိရေးကို မျက်ကွယ်ပြုထားတဲ့အချက်ကလည်း ဆိုးဝါးပါတယ်။

ကုန်သည်တွေဈေးတင်တာကို ခြိမ်းခြောက်တာထက် ကိုယ်တိုင်ကသက်သာတဲ့ဈေးနှုန်းနဲ့ကုန်ပစ္စည်းတွေကို ဖြန့်ချိနိုင်တာက ပိုပြီးအုပ်ချုပ်ရေးမှာ လူကြီးလူကောင်းပိုဆန်ပါတယ်။

ကုန်သွယ်ခွင့်ကို တန်းတူညီမျှအကော င်အထည်မဖော်နိုင်ဘဲ လက်သင့်ရာစား တော်ခေါ်နေသလိုလုပ်နေတဲ့ ကိစ္စတွေကလည်း အဆုံးသတ်မှာ လူထုကိုသာ ထိခိုက်ပါတယ်။

​အုပ်ချုပ်ရေးတရပ်ဟာ ကိုယ်တိုင်ကလည်းအားစိုက်ပြီး လူထုကိုဝန်ဆောင်မှုပေးဖို့လိုသလို လူထုဆီကပဲညှစ်ထုတ်နေလို့မရပါဘူး။

လူသားချင်းစာနာမှုအကျပ်အတည်းတွေဟာ အပြီးသတ်နိုင်ဖို့က နိုင်ငံရေးပြဿနာအပေါ်မှာ အခြေခံနေပါတယ်။

လက်ရှိမှာတော့ အတတ်နိုင်ဆုံးကုစားနိုင်တဲ့ဘက်က ကုစားနေဖို့လည်းလိုပါတယ်။

လူသားချင်းစာနာမှုအကျပ်အတည်းတွေဆိုးဝါးလာတာနဲ့အမျှ ဒါဟာလူ့အဖွဲ့အစည်းတခုလုံးရဲ့ရေရှည်မှာ နာလန်ပြန်ထူမယ့်အရေးကိုလာပြီး ထိခိုက်နေမှာလည်းဖြစ်ပါတယ်။

​ပြီး

​ကိုးကား…

https://www.unocha.org/publications/report/myanmar/myanmar-humanitarian-update-no-52-13-july-2026?hl=en-GB
​https://civil-protection-humanitarian-aid.ec.europa.eu/news-stories/stories/brink-deepening-hunger-crisis-myanmar_en?hl=en-GB

PrevPreviousတောင်တွင်းကြီးမှာတော်လှန်ရေးတပ်တွေတိုက်ခိုက်လို့ ​ရဲနှစ်ဦးသေဆုံး (ဓာတ်ပုံသတင်း)
Nextထိုင်းရောက်မြန်မာလုပ်သားစာရင်းကောက်ရေး နှစ်နိုင်ငံဆွေးနွေးNext
Previous Post

တောင်တွင်းကြီးမှာတော်လှန်ရေးတပ်တွေတိုက်ခိုက်လို့ ​ရဲနှစ်ဦးသေဆုံး (ဓာတ်ပုံသတင်း)

Next Post

ထိုင်းရောက်မြန်မာလုပ်သားစာရင်းကောက်ရေး နှစ်နိုင်ငံဆွေးနွေး

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

(ဓာတ်ပုံ - ရမ်းဗြဲမြို့နယ်ရှိ ဝမ်ဖိုင်ဒီရေတောတနေရာ/BNA)

ရမ်းဗြဲမှာ နေ့စားထင်းခုတ်တဲ့စစ်ရှောင်ရှစ်ဦးကို ပြန်လွတ်ပေးဖို့ မိသားစုတွေတောင်းဆို

October 22, 2026

အယ်လ်နီညိုဒဏ်မှ တောင်သူတွေရဲ့ သီးနှံတွေကိုဘယ်လိုကာကွယ်ကြမလဲ

October 22, 2026
Photo - APM

အဥ္ဇနပူရမြို့ကို စစ်တပ်လေကြောင်းတိုက်ခိုက်လို့ နှစ်ဦးဒဏ်ရာရ

October 22, 2026
ဓာတ်ပုံ - BNA

အယ်လ်နီညိုဒဏ်မှ ရပ်ရွာအသက်မွေးဝမ်းကျောင်းတွေကို ဘယ်လိုကာကွယ်ကြမလဲ

October 22, 2026

ရမ်းဗြဲမှာ နေ့စားထင်းခုတ်တဲ့စစ်ရှောင်ရှစ်ဦးကို ပြန်လွတ်ပေးဖို့ မိသားစုတွေတောင်းဆို

ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူ ဖုန်းပြောဆိုစဉ် ဓာတ်ပုံထုတ်ပြ

မီဇိုရမ်မှာ မူးယစ်ဆေးဝါးနဲ့အတူ မြန်မာနိုင်ငံသား တ ဦး ဖမ်းခံရ

ငါးနှစ်ကျော်အကြာမှဒေါ်အောင်ဆန်းစုကြည်နဲ့သားဖြစ်သူစကားပြောခွင့်ရ

အယ်လ်နီညိုဒဏ်မှ တောင်သူတွေရဲ့ သီးနှံတွေကိုဘယ်လိုကာကွယ်ကြမလဲ

ကျင်ဒွေးလမ်းကြောင်းရှိ လှိုင်ဒုတ်ရွာကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ အာဏာသိမ်းစစ်တပ်ဆို

Releated Post

(ဓာတ်ပုံ - ရမ်းဗြဲမြို့နယ်ရှိ ဝမ်ဖိုင်ဒီရေတောတနေရာ/BNA)

ရမ်းဗြဲမှာ နေ့စားထင်းခုတ်တဲ့စစ်ရှောင်ရှစ်ဦးကို ပြန်လွတ်ပေးဖို့ မိသားစုတွေတောင်းဆို

October 22, 2026
ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူ ဖုန်းပြောဆိုစဉ် ဓာတ်ပုံထုတ်ပြ

October 22, 2026

မီဇိုရမ်မှာ မူးယစ်ဆေးဝါးနဲ့အတူ မြန်မာနိုင်ငံသား တ ဦး ဖမ်းခံရ

October 22, 2026
​ဓာတ်ပုံ-ကိုထိန်လင်း

ငါးနှစ်ကျော်အကြာမှဒေါ်အောင်ဆန်းစုကြည်နဲ့သားဖြစ်သူစကားပြောခွင့်ရ

October 22, 2026

အယ်လ်နီညိုဒဏ်မှ တောင်သူတွေရဲ့ သီးနှံတွေကိုဘယ်လိုကာကွယ်ကြမလဲ

October 22, 2026
​ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

ကျင်ဒွေးလမ်းကြောင်းရှိ လှိုင်ဒုတ်ရွာကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ အာဏာသိမ်းစစ်တပ်ဆို

October 22, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page