Border News Agency
နေပြည်တော်၊ စက်တင်ဘာ ၂၃။
ဂျပန် – မြန်မာပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ODA စီမံကိန်းတွေပြန်လည်စတင်နိုင်ရေးအတွက် ဂျပန်အောက်လွှတ်တော်အမတ် မစ္စတာ ဟီရိုမီချီဝါတာနာဘေး (Mr. Hiromichi Watanabe) က မြန်မာနိုင်ငံသို့ရောက်နေပါတယ်။
သူဟာ စက်တင်ဘာလ ၂၂ ရက်နေ့က အာဏာသိမ်းစစ်တပ်ရဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီနဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့တာပါ။
တွေ့ဆုံချိန် ODA စီမံကိန်းတွေပြန်စဖို့ လွှတ်တော်ချင်းပူးပေါင်းဆောင်ရွက်မှုမှ စတင်သင့်ကြောင်း၊သီလဝါစက်မှုဇုန်နဲ့ စိုက်ပျိုးရေးကဏ္ဍတွေ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။
အဲဒီအပြင် နှစ်နိုင်ငံအကြား ယဉ်ကျေးမှုဖလှယ်ရေးမှတဆင့် ပြည်သူအချင်းချင်းပိုမိုရင်းနှီးမှုရှိစေဖို့ ဆောင်ရွက်လိုပြီး ဦးခင်ရီကိုလည်း ဂျပန်နိုင်ငံသို့ လာရောက်ရန် ဖိတ်ကြားခဲ့ပါတယ်။











