Border News Agency
မလေးရှား၊ စက်တင်ဘာ ၂၃။
မလေးရှားနိုင်ငံ၊ Kedah ပြည်နယ်၊ Jitra နဲ့ Pokok Sena ဒေသတို့မှာ စက်တင်ဘာလ ၂၂ ရက်နေ့က Ops Sapu စစ်ဆင်ရေးအတွင်း မြန်မာနိုင်ငံသား ၁၂ ဦးအပါအဝင် တရားမဝင်ရွှေ့ပြောင်းလုပ်သား ၂၈ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။
Kedah ပြည်နယ် လ.ဝ.က အရာရှိ ၂၁ ဦးက အဆောက်အအုံ ၄ ခုကို ဝင်ရောက်စီးနင်းစစ်ဆေးခဲ့တာဖြစ်ပြီး စုစုပေါင်း လူ ၆၃ ဦးကို စစ်ဆေးမေးမြန်းခဲ့အပြီး အခုလိုဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ အသက် ၁ နှစ်ကနေ ၄၇ နှစ်အတွင်းရှိ အမျိုးသား ၂၅ ဦး၊ အမျိုးသမီး ၂ ဦးနဲ့ ကလေးငယ် ၁ ဦး ပါဝင်ပြီး မြန်မာ ၁၂ ဦး၊ ဘင်္ဂလားဒေ့ရှ် ၁၉ ဦးနဲ့ အင်ဒိုနီးရှား ၄ ဦးတို့ ဖြစ်ကြပါတယ်။
သူတို့ဟာ တရားဝင်အထောက်အထားမရှိဘဲ ဝင်ရောက်နေထိုင်မှု၊ သက်တမ်းလွန် နေထိုင်မှုတို့နဲ့ ဖမ်းဆီးခံရတာဖြစ်ပြီး Kedah ပြည်နယ် လ.ဝ.က အနေနဲ့ နယ်မြေအတွင်း တရားမဝင် ဝင်ရောက်နေထိုင်သူတွေနဲ့ လက်ခံထားသူတွေကို ဆက်လက်အရေးယူ ဆောင်ရွက်သွားမယ်လို့ သတိပေးထားပါတယ်။
























