Border News Agency
ထားဝယ်၊ အောက်တိုဘာ ၂။
တနင်္သာရီတိုင်း၊ထားဝယ်ခရိုင်၊လောင်းလုံမြို့နယ်၊ကဒက်ငယ်ထိန်ကျေးရွာမှာ မြေပြိုမှုဖြစ်ပွားခဲ့တာကြောင့် အရပ်သားဆယ့်နှစ်ဦး သေဆုံးခဲ့ပြီး သုံးဦးပျောက်ဆုံးနေသလို နေအိမ်လေးဆယ်ခန့်ပျက်စီးသွားပါတယ်။
အဲဒီမြေပြိုမှုကြောင့် ကဒက်ငယ်ထိန်ရွာရှိ သုံးဆယ့်တအိမ်မှာ လုံးဝပြိုပျက်သွားခဲ့ပြီး ကိုးအိမ်မှာထိခိုက်ပျက်စီးကာ နေထိုင်လို့မရတော့ပါဘူး။
လက်ရှိအချိန်အထိ ပျောက်ဆုံးနေသူ သုံးဦးကို ဆက်လက်ရှာဖွေနေကြရဆဲဖြစ်ပါတယ်။
အိုးအိမ်နဲ့ စည်းစိမ်ဥစ္စာတွေ လုံးဝပျက်စီးဆုံးရှုံးသွားရတဲ့ ဘေးဒုက္ခသည်တွေမှာ စားနပ်ရိက္ခာ၊သောက်သုံးရေနဲ့ အရေးပေါ်အကူအညီတွေ လိုအပ်နေကြပါတယ်။













