Border News Agency
ရသေ့တောင်၊ အောက်တိုဘာ ၃။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရသေ့တောင်မြို့နယ်၊အငူမော်ကို အောက်တိုဘာလ ၂ ရက်နေ့ ည ၁၁ နာရီကျော်အချိန်က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ သုံးဦးဒဏ်ရာရသွားတယ်လို့ အငူမော်ဒေသခံတွေကဆိုကြပါတယ်။
အဲဒီရသေ့တောင်မြို့နယ်၊အငူမော်ကို အောက်တိုဘာလ ၂ ရက်နေ့ ည ၁၁ နာရီကျော်အချိန်က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ မိသားစုသုံးဦးဒဏ်ရာရသွားကြတာပါ။
အဲဒီရသေ့တောင်မြို့နယ်၊အငူမော်ကျေးရွာက ဦးဖြူသီး၊ဇနီးဒေါ်သိန်းလှ၊သမီးမဆန်းဝင်း ဒဏ်ရာရသွားကြတာပါ။
ရသေ့တောင်မြို့နယ်၊လောင်းချောင်းကျေးရွာအနီးရှိ သရက်ချောင်းကျေးရွာမှာ စစ်ဘေးရှောင်နေကြသူတွေဖြစ်ကြပြီး သူတို့ဟာ ရသေ့တောင်မြို့နယ်၊အငူမော်ရွာဇာတိဖြစ်တယ်လို့ ဆိုကြပါတယ်။
အဲဒီအပြင် ရသေ့တောင်မြို့ပေါ်ရပ်ကွက်တွေနဲ့ မြို့အနီးရှိကျေးရွာတချို့ကို အောက်တိုဘာလ ၃ ရက်၊ဒီနေ့ ၁ နာရီကျော်အချိန်ခန့်က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့လို့ နှစ်ဦးသေဆုံးပြီး တဆယ်နှစ်ဦးဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီရသေ့တောင်မြို့၊ကမ်းနားလမ်း၊စိုက်ပျိုးရေးရုံး၊အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်းအပါအဝင် မြို့ပေါ်ရပ်ကွက်တွေကို လေကြောင်းတိုက်ခိုက်ခဲ့တာပါ။
အဲဒီအပြင် မြို့အနီးရှိ၊ပြားချောင်းကြီးကျေးရွာနဲ့ပြင်ခေါင်ကျေးရွာကိုလည်းလေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ရသေ့တောင်ဒေသခံတွေကဆိုကြပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် ရသေ့တောင်မြို့နယ်၊ချွတ်ပြင်ကျေးရွာမှ ဦးမောင်ကျော်ကျာ်ဝေရဲ့ သမီးအသက်ဆယ့်ငါးနှစ်အရွယ်မိုးမိုးနွယ်နဲ့ ပြားချောင်းကြီးကျေးရွာမှအသက်ခုနှစ်ဆယ်အရွယ်ဦးအောင်ကျော်သေဆုံးခဲ့ပါတယ်။
အဲဒီအပြင်အသက်ဆယ့်သုံးနှစ်အရွယ် မျိုးမြတ်ခိုင်နဲ့ အသက်သုံးဆယ်တနှစ်အရွယ် မျိုးဝေလင်းအပါအဝင်တဆယ့်နှစ်ဦးဒဏ်ရာရသွားတယ်လို့ ရသေ့တောင်ဒေသခံတွေက ဆိုကြပါတယ်။








