Border News Agency
စစ်ကိုင်း၊အောက်တိုဘာ ၃။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ အဝေးပြေးလမ်းမကြီးတွေပေါ်မှာ “ငါတို့သံအမတ်၊ ငါတို့ အသံ”ဆိုတဲ့ စာသားပါ ဦးကျော်မိုးထွန်းရဲ့ ရုပ်ပုံဆိုင်းဘုတ်တွေကို ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက လိုက်လံချိတ်ဆွဲခဲ့ပါတယ်။
ပြည်သူ့သဘောထားနဲ့ အသံကိုအလေးထားပြီး ပြည်သူ့ဘက်မှရပ်တည်ပေးနေတဲ့ သံအမတ်ကြီးရဲ့ ရုပ်ပုံပါဆိုင်းဘုတ်တွေကို ပြည်သူတွေရဲ့ ကိုယ်စားအဝေးပြေးလမ်းမတွေပေါ်မှာ သွားရောက်ချိတ်ဆွဲခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ဦးကျော်မိုးထွန်းအနေနဲ့ ကုလသမဂ္ဂမှာ မြန်မာပြည်သူတွေရဲ့ သံအမတ်ကြီးအဖြစ် ဆက်လက်ကိုယ်စားပြုခွင့်ရရှိရေးဟာ အလွန်အရေးကြီးတယ်လို့လည်း ဦးဆောင်ကော်မတီကထောက်ပြထားပါတယ်။
အဲဒီအပြင် သံအမတ်ကြီးဆက်လက်ကိုယ်စားပြုခွင့်ရရှိရေးအတွက် ပြည်သူတွေရဲ့ထောက်ခံတဲ့အသံဟာ အဓိကအရာရောက်တယ်လို့လည်း အသိပေးထားပါတယ်။
















