Border News Agency
မလေးရှား၊ အောက်တိုဘာ ၇။
အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ မလေးရှားနိုင်ငံဝန်ကြီးချုပ် ဒါတို ဆရီ အန်နဝါဘင် အီဘရာဟင်ရဲ့ ဖိတ်ကြားချက်နဲ့ မလေးရှားနိုင်ငံသို့သွားရောက်ဖို့ အောက်တိုဘာလ ၇ ရက်၊ဒီနေ့ မနက်မှာထွက်ခွာသွားခဲ့ပါတယ်။
ခရီးစဉ်အတွင်း အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ မလေးရှားဝန်ကြီးချုပ်နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ အဆင့်မြင့် ဆွေးနွေးပွဲတွေပြုလုပ်သွားဖို့ရှိနေပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း စစ်ခေါင်းဆောင်ရဲ့ မလေးရှားခရီးစဉ်ဟာ ပထမဦးဆုံးအကြိမ်ဖြစ်သလို ခုခရီးစဉ်ကတဆင့် နိုင်ငံတကာတရားဝင်မှုရဖို့ ကြိုးပမ်းနေတာပါ။
အာဏာသိမ်းစစ်တပ်ဟာ အရပ်သား ပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုတွေ ဆက်တိုက် ကျူးလွန်နေတာကြောင့် အာဆီယံ ထိပ်သီးအစည်းအဝေးတွေကို တက်ရောက်ခွင့် ပိတ်ပင်ခံထားရဆဲ ဖြစ်ပါတယ်။










