Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ကျောက်တော်မြို့နယ် စစ်ရေး ဆောင်းပါး မြောက်ဦးခရိုင် အာရက္ခဒေသ

အရပ်သားပြည်သူတွေရဲ့အကာအကွယ်ကို ပျက်စီးအောင်လုပ်ခြင်း

Author picture

By

Saw Shin Nyo
Reading Time: 2 mins read
0
A A
0
SHARES
4
VIEWS
Share on FacebookShare on Twitter

Border News Agency
ကျောက်တော်၊အောက်တိုဘာ ၁၀။

​စစ်ပွဲတွေရဲ့ဆိုးဝါးခါးသီးမှုတွေထဲမှာ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် သာမန်အရပ်သားပြည်သူတွေ ထိခိုက်သေကြေရတဲ့ အချက်ဟာလည်းပါပါတယ်။

ဘယ်နေရာကိုဗုံးကြဲလိုက်လို့ ဘယ်နေရာမှာအရပ်သားတွေ ဘယ်လောက်သေကြတယ်ဆိုတဲ့ သတင်းမျိုးဟာ စိတ်နှလုံးထိခိုက်ကြေကွဲဖွယ်ရာအတိပါ။

​နောက်ကွယ်ကအဓိပ္ပါယ်

​အရပ်သားတွေဟာ စစ်ရေးပစ်မှတ်မဟုတ်ပါဘူး။ ဖြစ်လည်း မဖြစ်သင့်ပါဘူး။အဲဒါဟာငြင်းစရာမလိုတဲ့အမှန်တရားလည်းဖြစ်ပါတယ်။

အရပ်သားတွေဟာ စစ်ရေးပစ်မှတ်မဟုတ်ဆိုတဲ့စကားရဲ့နောက်မှာ နက်ရှိုင်းတဲ့အဓိပ္ပါယ်တွေပါနေပါတယ်။အဲ​ဒါဟာ နိုင်ငံတကာစံနှုန်းအရ…

၁။အရပ်သားတွေကို တိုက်ခိုက်တာလက်မခံကြသလို…။

၂။အရပ်သားတွေ အကာအကွယ်ကို ပျက်စီးအောင်မလုပ်ရဘူးဆိုတဲ့ သဘောလည်းဖြစ်ပါတယ်။

​တိုက်နေတဲ့အုပ်စုတွေ နားခါးတဲ့အပိုဒ်တွေ…

​စစ်ပွဲတွေမှာ အရပ်သားတွေရဲ့အကာအကွယ်အကြောင်းကိုပြောတဲ့စကားဟာ အန္တရာယ်များပါတယ်။

သာမန်လူထုရဲ့လုံခြုံရေးကိုသာဗဟိုပြုတဲ့အခါ မြေပြင်မှာတိုက်ခိုက်နေတဲ့ အုပ်စုအသီးသီးအတွက်တော့ နားကြားမြင်းကပ်စရာတွေပါ။

စစ်ပွဲရဲ့သဘောသဘာဝအရ အနိုင်ရမှုကိုသာဦးတည်တဲ့အခါ အရပ်သားလုံခြုံရေးဆိုတာဟာ ချောင်ထိုးခံထားရပါတယ်။

အဲဒီလိုချောင်ထိုးလိုက်တဲ့အကျိုးဆက်က အရပ်သားတွေထိခိုက်သေကြေမှုပျက်စီးမှုတွေပါပဲ။

အဲဒါထက်ကြေကွဲစရာ ပိုကောင်းတာက အရပ်သားတွေသေကြေပျက်စီးမှုကို တဖန်ပြန်ပြီးအုပ်စုအသီးသီးက အပြန်အလှန်စွပ်စွဲတာ၊ အပြန်အလှန်အပြစ်တင်တာ၊ မိမိတို့နိုင်ငံရေးအာဂျင်ဒါအတွက် အသုံးချအမြတ်ထုတ်တာ၊လူထုအပေါ် ပိုမိုပိတ်ပင်ကန့်သတ်ဖို့ အကြောင်းပြတာတွေဖြစ်လာတာပါ။

​အရပ်သားတွေရဲ့အထူးအကာအကွယ်

​နိုင်ငံတကာစံနှုန်းတွေအရ အရပ်သားတွေမှာ အထူးအကာအကွယ်ဆိုတဲ့ (Special Protection)ဟာရှိပါတယ်။

အဲဒီအကာအကွယ်ရဲ့ တရားဝင်မှုကို ဘက်အသီးသီးဟာ မဖျက်စီးပစ်ဖို့လိုပါတယ်။အရပ်သားတွေရဲ့အထူးအကာအကွယ်ဆိုတာမှာ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုမပြုရဘူးဆိုတဲ့ အဓိပ္ပါယ်သက်ရောက်သလို အရပ်သားနေရာတွေဖြစ်တဲ့ လူနေရပ်ရွာတွေ၊စာသင်ကျောင်း၊ဆေးရုံ၊ဈေးစတဲ့နေရာတွေမှာ စစ်ဘက်နဲ့ဆိုင်တဲ့ကိစ္စရပ်တွေ၊ပုဂ္ဂိုလ်တွေက နေရာယူတာ၊နေထိုင်တာ၊သွားလာလှုပ်ရှားတာ၊အသုံးချတာတွေကိုလည်းမပြုရဘူးဆိုတဲ့ အဓိပ္ပါယ်လည်းဖြစ်ပါတယ်။

​ICC ရောမပဋိညာဉ်ရဲ့အပိုဒ် (၈) ထဲမှာ ကောက်ကျစ်စဉ်းလဲမှု၊ကျင့်ဝတ်ဖောက်ပြန်မှု(Perfidy)ဟာလည်း စစ်ရာဇဝညတ်မှုမြောက်တယ်လို့ ဆိုထားပါတယ်။

​စစ်ပွဲအတွင်း အရပ်ဘက်အခြေအနေတွေကို စစ်ရေးအတွက်လွှဲမှားစွာအသုံးပြုလိုက်တဲ့အခါ တဖက်ကအဲဒီနေရာတွေအတွက် အရပ်ဘက်အထူးအကာအကွယ်တွေဟာ ဥပဒေကြောင်းအရပျက်ပြယ်သွားပါတယ်။

အဲဒီလိုအကာအကွယ်ပျက်ပြယ်အောင် ပြုလုပ်တာ ဒါမှမဟုတ် အကာအကွယ်ရနေတဲ့နေရာကို မတရားအကာအကွယ်ယူတာ ဒါမှမဟုတ် စစ်ရေးအတွက် အသုံးချတာတွေဟာ အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေ(IHL)နဲ့အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ဥပဒေများအရစစ်ရာဇဝတ်မှု (War Crime)မြောက်ပြီး ကြီးလေးစွာအရေးယူခံရနိုင်ပါတယ်။

အဲဒါတွေဟာ “လူသားဒိုင်းကာ”(Huma n Shield)အဖြစ် အသုံးချမှုနဲ့လည်း ငြိစွန်းနိုင်ပါတယ်။

အဲဒီလိုရည်ရွယ်ချက်ရှိရှိ၊မရှိရှိ အရပ်ဘက်နေရာတွေမှာ စစ်ရေးဆိုင်ရာကိစ္စရပ်တွေ၊စစ်ရေးဆိုင်ရာပုဂ္ဂိုလ်တွေရှိနေတာဟာ အရပ်သားတွေရဲ့နိုင်ငံတကာဥပဒေဆိုင်ရာအကာအကွယ်ပျက်ပြယ်အောင်လုပ်ဆောင်တာလည်းဖြစ်သလို ရန်သူရဲ့တိုက်ခိုက်မှုကို ဖိတ်ခေါ်နေတာဖြစ်ပြီး အရပ်သားလူထုအတွက် ကူရာမဲ့ကယ်ရာမဲ့ဖြစ်အောင်လုပ်တဲ့လုပ်ရပ်ဖြစ်ပါတယ်။

​နိုင်ငံတကာဥပဒေအရတော့ လိုက်နာရမယ့်ကျင့်ဝတ်ကို လက်တလုံးခြားလုပ်ကောက်ကျစ်စဉ်းလဲပြီး ကျင့်ဝတ်ဖောက်ပြန်တဲ့လုပ်ရပ်ဟာလည်း (Perfidy) ဖြစ်ပါတယ်။မဖြစ်မနေလိုက်နာရမယ့် စစ်ပွဲဆိုင်ရာကျင့်ဝတ်ဥပဒေတွေကိုချိုးဖောက်ပြီး စစ်ဖြစ်နေစဉ်မှာ ကျင့်ဝတ်အရလှည့်ဖြားတဲ့လုပ်ရပ်ဟာ (Perfidy)ဖြစ်ပါတယ်။

​အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)က ကျင့်ဝတ်စံနှုန်းတွေအပေါ် လှည့်ဖြားဖောက်ဖျက်မှုကို တင်းကြပ်စွာတားမြစ်သလို စစ်ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားပါတယ်။

စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်တဦးဟာ နိုင်ငံတကာဥပဒေအရ အကာအကွယ်ပေးထားတဲ့အခြေအနေကို အသုံးချ၊အလွှဲသုံးစားပြုပြီး စစ်ရေးအရအကျိုးအမြတ်ယူမှုကို(Perfidy)အဖြစ် သတ်မှတ်ပါတယ်။

​Perfidy အဖြစ် သတ်မှတ်နိုင်တဲ့ကိစ္စတွေ…။

​-အရပ်သား ဒါမှမဟုတ် စစ်ရေးနဲ့ မဆိုင်တဲ့ပုဂ္ဂိုလ်အဖြစ်ဟန်ဆောင်ပြီး စစ်ရေးအရဆောင်ရွက်တာမျိုး၊စစ်ရေးအရအသာစီးယူတာမျိုး။

-အကာအကွယ်ပေးထားတဲ့အမှတ်တံဆိပ်တွေ ဥပမာ- ကြက်ခြေနီ၊လခြမ်းနီ အမှတ်တံဆိပ်၊ကုလသမဂ္ဂတံဆိပ်၊ ကြားနေနိုင်ငံတခုရဲ့တံဆိပ်၊ယူနီဖောင်း
တွေကို အသုံးပြုဟန်ဆောင်တာမျိုး၊ရန်သူ့တပ်ဖွဲ့ဝင်ယူနီဖောင်းတွေကို မသမာတဲ့​နည်းအသုံးပြုပြီး စစ်ရေးအရဆောင်ရွက်တာမျိုး၊စစ်ရေးအရအသာစီးယူတာမျိုး။

​-စစ်ပြေငြိမ်းရေးအလံမျိုးကိုပြပြီး ညှိနှိုင်းတော့မလိုဟန်ဆောင်တာ၊ အရှုံးပေးချင်ဟန်ဆောင်ပြီး စစ်ရေးအရဆောင်ရွက်တာမျိုး၊ စစ်ရေးအရအသာစီးယူတာမျိုး။
​
-ရန်သူကအကာအကွယ်မယူဘဲစိတ်ချသွားစေဖို့ ဒဏ်ရာရသလိုနေမကောင်းသလို၊မကျန်းမာသလိုဟန်ဆောင်ပြီး စစ်ရေးအရဆောင်ရွက်တာမျိုး၊ စစ်ရေးအရ အသာစီးယူတာမျိုးစတဲ့ လုပ်ရပ်တွေကို Perfidy အဖြစ်သတ်မှတ်ပါတယ်။

အဲဒီနေရာမှာ စစ်ပွဲဆိုင်ရာလှည့်ကွက် (ruses of war)ပြုလုပ်ပိုင်ခွင့်ကို သဘောပေါက်ဖို့လိုပါတယ်။ဥပမာစစ်ရေးလှည့်စားမှုတွေ၊ရုပ်ဖျက်တာ၊တပ်ဖျောက်တာ၊ရန်သူ့အာရုံလွှဲဖို့ စစ်ရေးအရအတုပြုလုပ်တာ၊ရေဒီယိုလိုင်းအတုထုတ်လွှင့်တာ၊တခြားပရိယာယ်ဆင်တာ၊အကွက်ဆင်တာတွေကိုလုပ်ခွင့်ရှိပါတယ်။

အဲဒါတွေဟာ တရားဝင်လုပ်လို့ရတဲ့ (Ruses of war)တွေပါ။

ဒါပေမယ့် ဒီလို (Ruses of War) စစ်ပွဲ လှည့်ကွက်တွေကို ဥပဒေအရအကာအကွယ်ပေးထားတဲ့ အရပ်ဘက်အခြေအနေတွေ၊ ဥပဒေအခြေအနေတွေကို အလွှဲသုံးစားပြုပြီး စစ်ရေးဆိုင်ရာကိစ္စရပ်တွေကို ဆောင်ရွက်တာ၊ စစ်ရေးအသာစီးယူဖို့ ကြိုးစားတာမျိုးတွေကို မလုပ်ရဘူးလို့ ဆိုလိုတာပါ။ (Ruses of war) ဟာ (Perfidy) ဖြစ်သွားလို့မရပါဘူး။

​Perfidy နဲ့ ပြစ်မှုမြောက်ကြောင်း သတ်မှတ်ချက်

​ICC ရဲ့ ပြစ်မှုမြောက်ကြောင်း သတ်မှတ်ချက်တွေ(Elements of Crimes)အရ Perfidy ပြစ်မှုမြောက်ဖို့ဆိုရင်

၁။ဆေးရုံ၊ဆေးခန်း၊ကြက်ခြေနီ ဒါမှမဟုတ် အရပ်သားအသွင်ယူပြီး နိုင်ငံတကာစစ်ဥပဒေအရ”အကာအကွယ်ရရှိထားသူလို့”ရန်သူက ယုံကြည်လက်ခံသွားအောင်ပြုလုပ်ကာ…။

၂။အခွင့်ကောင်းယူတိုက်ခိုက်ရန် ကြံစည်ထားမှုရှိပြီး…။

၃။အဲဒီလိုလှည့်ဖြားတိုက်ခိုက်မှုကြောင့် ရန်သူ့တပ်ဖွဲ့ဝင်တွေ သေဆုံးတာ ဒါမှမဟုတ် ပြင်းထန်တဲ့ဒဏ်ရာရရှိတာမျိုးရှိရမယ်ဆိုတဲ့ အချက်တွေနဲ့ ပြည့်စုံရမယ်လို့ ဆိုပါတယ်။

​Perfidy နဲ့ပတ်သက်တဲ့ သဘောတရားတွေဟာ ICC ပဋိညာဉ်ပုဒ်မတွေဖြစ်တဲ့
၁။ Article 8(2)(b)(vii)၊
၂။ Article 8(2)(b)(xi)၊
၃။ Article 8(2)(e)(ix) တွေထဲမှာလည်း ပါပါတယ်။

​အရပ်သားအကာအကွယ်ဟာ သီးသန့်ကင်းလွတ်ခွင့်ရှိနေတဲ့ကိစ္စပါ။

အဲဒီအခြေအနေဟာ ကျင့်ဝတ်အရအသုံးချစရာမဟုတ်ပါဘူး။(Ruses of war)ဟာ (Perfidy) ဖြစ်သွားလို့မရပါဘူး။

​နိဂုံးပိုင်းအား ဆက်ဖတ်ပါ…။

​ကိုးကား…
​https://guide-humanitarian-law.org/perfidy
​https://redcross.org.ua/en/news/2026/02/139034/
​https://ihl-databases.icrc.org/en/ihl-treaties/api-1977/article-37
​https://ihl-databases.icrc.org/en/customary-ihl/v1/rule65
​https://en.wikipedia.org/wiki/Perfidy

PrevPreviousတရားမဝင်မလေးရှားသွားမယ့် မြန်မာဆယ့်ခုနှစ်ဦး ထိုင်းတောင်ပိုင်းမှာဖမ်းခံရ
NextSCEF နဲ့ ULA/AA ထိပ်ပိုင်းခေါင်းဆောင်တွေ ဒုတိယအကြိမ်အွန်လိုင်းကတွေ့Next
Previous Post

တရားမဝင်မလေးရှားသွားမယ့် မြန်မာဆယ့်ခုနှစ်ဦး ထိုင်းတောင်ပိုင်းမှာဖမ်းခံရ

Next Post

SCEF နဲ့ ULA/AA ထိပ်ပိုင်းခေါင်းဆောင်တွေ ဒုတိယအကြိမ်အွန်လိုင်းကတွေ့

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

​ဓာတ်ပုံ - ONN

မောင်တောရှိ မြကန်သာကန်တော်ကြီးကို အာရက္ခအစိုးရသန့်ရှင်းရေးလုပ်

October 10, 2026
(ဓာတ်ပုံ - စစ်တွေမြို့နယ်၊ရွှေမင်းဂံရှိ အာဏာသိမ်းစစ်တပ်ရေတပ်/BNA)

ငပြီကျွန်းကို အာဏာသိမ်းစစ်တပ် ထိုးစစ်ဆင်တိုက်ခိုက်နေ

October 9, 2026
​ဓာတ်ပုံ - PDF သရက်ခရိုင် အမှတ် (၄) တပ်ရင်း

မင်းတုန်းမှာ စစ်တပ်က စက်တပ်လေထီးနဲ့တိုက်ခိုက်လို့ နှစ်ဦးသေဆုံး

October 9, 2026

အာရက္ခဒေသမှာ မြန်မာကျပ်ငွေ ငွေသားရှားပါးနေ

October 9, 2026

အိန္ဒိယ-မြန်မာနယ်စပ် မဏိပူရပိုင်းမှာထပ်ခြံစည်းရိုးခတ်မယ်(ဓာတ်ပုံသတင်း)

​မလေးရှားမှာ မြန်မာတရာ့လေးဆယ်ဦးဖမ်းခံရ(ဓာတ်ပုံသတင်း)

SCEF နဲ့ ULA/AA ထိပ်ပိုင်းခေါင်းဆောင်တွေ ဒုတိယအကြိမ်အွန်လိုင်းကတွေ့

အရပ်သားပြည်သူတွေရဲ့အကာအကွယ်ကို ပျက်စီးအောင်လုပ်ခြင်း

တရားမဝင်မလေးရှားသွားမယ့် မြန်မာဆယ့်ခုနှစ်ဦး ထိုင်းတောင်ပိုင်းမှာဖမ်းခံရ

မောင်တောရှိ မြကန်သာကန်တော်ကြီးကို အာရက္ခအစိုးရသန့်ရှင်းရေးလုပ်

Releated Post

​ဓာတ်ပုံ - N. Biren Singh

အိန္ဒိယ-မြန်မာနယ်စပ် မဏိပူရပိုင်းမှာထပ်ခြံစည်းရိုးခတ်မယ်(ဓာတ်ပုံသတင်း)

October 10, 2026
ဓာတ်ပုံ-မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန

​မလေးရှားမှာ မြန်မာတရာ့လေးဆယ်ဦးဖမ်းခံရ(ဓာတ်ပုံသတင်း)

October 10, 2026
​ဓာတ်ပုံ - SCEF

SCEF နဲ့ ULA/AA ထိပ်ပိုင်းခေါင်းဆောင်တွေ ဒုတိယအကြိမ်အွန်လိုင်းကတွေ့

October 10, 2026

အရပ်သားပြည်သူတွေရဲ့အကာအကွယ်ကို ပျက်စီးအောင်လုပ်ခြင်း

October 10, 2026
​ဓာတ်ပုံ - The Reporters

တရားမဝင်မလေးရှားသွားမယ့် မြန်မာဆယ့်ခုနှစ်ဦး ထိုင်းတောင်ပိုင်းမှာဖမ်းခံရ

October 10, 2026
​ဓာတ်ပုံ - ONN

မောင်တောရှိ မြကန်သာကန်တော်ကြီးကို အာရက္ခအစိုးရသန့်ရှင်းရေးလုပ်

October 10, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page