Border News Agency
မင်းတုန်း၊ အောက်တိုဘာ ၉။
မကွေးတိုင်း၊မင်းတုန်းမြို့နယ်၊ချင်းနစ်ကျေးရွာကို အာဏာသိမ်းစစ်တပ်က ပါရာမော်တာနဲ့တိုက်ခိုက်ခဲ့တာကြောင့် ကလေးတဦးအပါအဝင် အရပ်သားနှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီချင်းနစ်ရွာကို အောက်တိုဘာလ၈ ရက်၊ညနေပိုင်းက သရက်ကပစ (၁၂)မှ တက်လာတဲ့ ပါရာမော်တာ သုံးစီးနဲ့တိုက်ခိုက်ခဲ့သလိုစက်တပ်လေထီးပေါ်ကနေ လက်နက်ငယ်တွေနဲ့ပါပစ်ခတ်တိုက်ခိုက်ခဲ့ကြတာပါ။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် အသက်ရှစ်ဆယ်သုံးနှစ်အရွယ် ဦးထွန်းတင်နဲ့ အသက်ဆယ့်နှစ်နှစ်အရွယ် မောင်ဝေယံဦးတို့သေဆုံးခဲ့ရသလို အရပ်သားသုံးဦး ဒဏ်ရာရရှိခဲ့ပါတယ်။
အဲဒီအပြင်နွားခုနှစ်ကောင်သေဆုံးကာ ကျေးရွာဆေးခန်းနဲ့ နေအိမ်အများအပြားလည်း ပျက်စီးသွားခဲ့ပါတယ်။












