Border News Agency
ချမ်ဖိုင်၊ အောက်တိုဘာ ၁၁။
မီဇိုရမ်ပြည်နယ်၊ ချမ်ဖိုင်မြို့၊ ဘေသယ်ဒေသမှာ အောက်တိုဘာလ ၈ ရက်နေ့က အာသမ်ရိုင်ဖယ်တပ်ဖွဲ့က နယ်မြေအတွင်း လုံခြုံရေးနဲ့ တရားမဝင်ကုန်စည် တားဆီးရေးလုပ်ငန်းတွေကိုလုပ်ဆောင်ခဲ့ပါတယ်။
အဲဒီတပ်ဖွဲ့ဝင်တွေဟာ သတင်းအချက်အလက်အရ သီးသန့်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး တရားမဝင်တင်သွင်းလာတဲ့ပစ္စည်းတွေကို ပိတ်ဆို့ရှာဖွေခဲ့တာ ဖြစ်ပါတယ်။
အဲဒီနေရာမှာ ပြည်ပနိုင်ငံဖြစ် တရားမဝင် ဗွီ (V) ဆေးလိပ် ဖာပေါင်းသုံးဆယ်ကို ဖမ်းဆီးရမိခဲ့ပြီး ကာလတန်ဖိုး ရူပီခုနှစ်ဆယ်နှစ်သိန်းခန့်ရှိပါတယ်။
အဲဒီတရားမဝင်တင်သွင်းမှုမှာ ပါဝင်သူလူတဦးကိုလည်း သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းဆီးခဲ့ပါတယ်။
ခုဖမ်းဆီးရမိတဲ့ပစ္စည်းတွေနဲ့ တရားခံကိုဥပဒေနဲ့အညီဆက်လက်အရေးယူဆောင်ရွက်နိုင်ဖို့ ချမ်ဖိုင်မြို့ရှိဥပဒေတိုင်းတာရေးဌာနဆီ လွှဲပြောင်းထားပါတယ်။








