Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်တွေခရိုင် စစ်ရေး နိုင်ငံရေး ပုဏ္ဏားကျွန်းမြို့နယ် သတင်း အာရက္ခဒေသ

ငပြီကျွန်းတိုက်ပွဲမှာ နှစ်ဘက်အကျအဆုံး များ

(ဓာတ်ပုံ - ငပြီကျွန်းအနီး ကုလားတန်မြစ်ထဲမှာတွေ့ရတဲ့ အာဏာသိမ်းရေတပ်ကမ်းထိုးရေယာဥ်နှစ်စီး/BNA)

(ဓာတ်ပုံ - ငပြီကျွန်းအနီး ကုလားတန်မြစ်ထဲမှာတွေ့ရတဲ့ အာဏာသိမ်းရေတပ်ကမ်းထိုးရေယာဥ်နှစ်စီး/BNA)

Author picture

By

Swe Zin Htike
Reading Time: 1 min read
0
A A
0
SHARES
0
VIEWS
Share on FacebookShare on Twitter

Border News Agency

ပုဏ္ဏားကျွန်း ၊အောက်တိုဘာ ၁၅။

အာဏာသိမ်းစစ်တပ်ကမ်းတက်ထိုးစစ်ဆင်သိမ်းယူဖို့ကြိုးစားနေတဲ့ ငပြီကျွန်းတိုက်ပွဲမှာ နှစ်ဘက်အကျအဆုံးများတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက အတည်ပြုပြောကြပါတယ်။

အဲဒီငပြီကျွန်းဟာ ကုလားတန်မြစ်ဝမှာတည်ရှိပြီး ကုလားတန်မြစ်ကြောင်းထိန်းချုပ်စိုးမိုးရေးဝင်ပေါက်ဖြစ်တာမို့ နှစ်ဘက်အပြင်းထန်ဆုံးတိုက်ခိုက်နေကြတယ်လို့ ဆိုကြပါတယ်။

“တပ်တော်ကတော့ မြေပြင်ထိတွေ့တိုက်ပွဲမှာအားသာပါတယ်။ ခွေးတွေဖက်ကတော့ လေကြောင်းပစ်ကူတွေအပြင်းထန်းဆုံးလုပ်နေပါတယ်။ နှစ်ဘက်ကျဆုံးတာများပါတယ်။”လို့ မြေပြင်သတင်းရင်းမြစ်တဦးက Border News Agency ကိုပြောပါတယ်။

အဲဒီငပြီကျွန်းကို ကြည်း၊ရေ၊လေပူး ပေါင်းစစ်ဆင်ပြီး အာဏာသိမ်းစစ်တပ်ကကမ်းတက်နိုင်ခဲ့ပေမယ့် အာရက္ခတပ်တော်ရဲ့အပြင်းထန်ဆုံးတိုက်ခိုက်မှုကိုခံနေရတယ်လို့ ဆိုကြပါတယ်။

အဲဒီငပြီကျွန်းတိုက်ပွဲမှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းက အာရက္ခတပ်တော်မှ ဗိုလ်မှူးနဂါးအပါအဝင်တပ်ဖွဲ့ဝင်တချို့ကျဆုံးသွားတယ်လို့ အာရက္ခတပ်တော်ရဲ့မြေပြင်တပ်ဖွဲ့ဝင်တချို့က အတည်ပြုပြောကြပါတယ်။

အဲဒီဗိုလ်မှူးနဂါးနဲ့အဖွဲ့ဟာ ငပြီကျွန်းကိုကမ်းကပ်လာတဲ့ အာဏာသိမ်းစစ်တပ်ရေတပ်စစ်သင်္ဘောတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး အာဏာသိမ်းစစ်တပ်ရဲ့တိုက်လေယာဥ်အုပ်ဗုံးကြဲတိုက်ခိုက်မှုမှာကျဆုံးသွားခဲ့ကြတာလို့ အာရက္ခတပ်တော်ရဲ့မြေပြင်တပ်ဖွဲ့ဝင်တချို့က အတည်ပြုပြောကြပါတယ်။

အဲဒီငပြီကျွန်းတိုက်ပွဲမှာ အာရက္ခတပ်တော်က တပ်ဖွဲ့ဝင်တဦးကျရင်တဦးအမြန်ပြန်ဖြည့်သလို တပ်ဖွဲ့ဝင်ငါးဦးကျရင်လည်းငါးဦးအမြန်ပြန်ဖြည့်ပြီး အပြင်းအထန်ခုခံကာကွယ်တိုက်ခိုက်နေတယ်လို့ အာရက္ခတပ်တော်ရဲ့မြေပြင်တပ်ဖွဲ့ဝင်တွေက ဆိုကြပါတယ်။

“ခွေးတွေကတော့ ကြည်ရေလေပူးပေါင်းအပြင်းအထန်ပစ်ကူပေးနေပါတယ်။ ကိုယ့်ဖက်ကတော့ မြေပြင်ထိုးစစ်မှာအပြင်းအထန်တိုက်နေတာပါ။ ခွေးလေယာဥ်တွေကတော့ နေ့တိုင်းလာပစ်နေပါတယ်။”လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက Border News Agency ကို ပြောပါတယ်။

အဲဒီငပြီကျွန်းတိုက်ပွဲမှာ အာရက္ခတပ်တော်ကစစ်သည်လက်နက်ခဲယမ်းထောက်ပို့နေရာတွေလို့ ယူဆတာတွေအပါအဝင် ကြိမ်ခွေမော်ကိုလည်း အပြင်းအထန်လေကြောင်းတိုက်ခိုက်နေသလို ရေတပ်စစ်သင်္ဘောတွေကလည်း လက်နက်ကြီးပစ်ကူပေးနေတယ်လို့ဆိုကြပါတယ်။

အဲဒီကုလားတန်မြစ်အရှေ့ဖက်ကမ်းပွဲကြည့်တောင်အနီးမှာ အာဏာသိမ်းစစ်တပ်ရေတပ်စစ်သင်္ဘောကြီးတွေ ရပ်တန့်ပစ်ကူပေးနေသလို ငပြီကျွန်းကို အာဏာသိမ်းစစ်တပ်က အလုံးစုံသိမ်းပိုက်ထိန်းချုပ်နိုင်သွားရင် ကုလားတန်မြစ်ကြောင်းထဲကို အာဏာသိမ်းစစ်တပ်ရေတပ်စစ်သင်္ဘောတွေဝင်ရောက်လှုပ်ရှားနိုင်သွားမယ်လို့ ဆိုကြပါတယ်။

အဲဒီအပြင် ကုလားတန်မြစ်ကြောင်းတလျှောက်ကို ရေတပ်စစ်သင်္ဘောတွေပစ်ခတ်စစ်ကူပေးနိုင်ပြီး ကုလားတန်မြစ်ကမ်းဘေးရှိ အရပ်သားပြည်သူတွေနေထိုင်ရာနေရာတွေ ပစ်ခတ်တိုက်ခိုက်ခံရလာနိုင်တယ်လို့ ဆိုကြပါတယ်။

အဲဒီငပြီကျွန်းထိုးစစ်မှာ အာဏာသိမ်းစစ်သားတွေလည်း သေဆုံးဒဏ်ရာများသလို ရေတပ်စစ်သင်္ဘောတွေလည်း ပ စ်ခတ်တိုက်ခိုက်ခဲရတာမို့ အာဏာသိမ်းစစ်တပ်ရေတပ်စစ်သင်္ဘောကြီးတွေ ငပြီကျွန်းအနီးကို ကမ်းမကပ်ရဲကြဘူးလို့ဆိုကြပါတယ်။

PrevPreviousမလေးရှားမှပြန်လာတဲ့ မြန်မာနိုင်ငံသားတရာ့လေးဆယ်ကျော် မြိတ်သို့ရောက်
Nextလောင်တလိုင်မှာ တာတာယိုဓာယာဉ်ဆယ်စီးဖမ်းဆီးရမိမှု ခရိုင်အုပ်ချုပ်ရေးနဲ့ CYLA ညှိနှိုင်းNext
Previous Post

မလေးရှားမှပြန်လာတဲ့ မြန်မာနိုင်ငံသားတရာ့လေးဆယ်ကျော် မြိတ်သို့ရောက်

Next Post

လောင်တလိုင်မှာ တာတာယိုဓာယာဉ်ဆယ်စီးဖမ်းဆီးရမိမှု ခရိုင်အုပ်ချုပ်ရေးနဲ့ CYLA ညှိနှိုင်း

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

မလေးရှားမှပြန်လာတဲ့ မြန်မာနိုင်ငံသားတရာ့လေးဆယ်ကျော် မြိတ်သို့ရောက်

October 15, 2026

အာဆီယံအထူးကိုယ်စားလှယ်တွေနဲ့ ပေါင်းလုပ်နေတယ်လို့ အာဏာသိမ်းစစ်တပ်ဆို

October 15, 2026
ဓာတ်ပုံ- ဝေဟင်အောင်

ကျောက်တော်လေကြောင်းတိုက်ခိုက်ခံရမှုကို ကျပ်သိန်းနှစ်ထောင်ကျော်ထောက်ပံ့ (ဓာတ်ပုံသတင်း)

October 15, 2026
​ဓာတ်ပုံ- မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့

နောင်ချိုမှာ ငွေကျပ်သိန်းသုံးထောင်ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားတွေဖမ်းမိ

October 15, 2026

နောင်ချိုမှာ ငွေကျပ်သိန်းသုံးထောင်ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားတွေဖမ်းမိ

NCA ၁၁ နှစ်မြောက် နှစ်ပတ်လည်နေ့လုပ်

ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကို ကာကွယ်ရေးဝန်ကြီးခန့်

ရန်ကုန်မှာ တရုတ်ကွန်မြူနစ်ပါတီနဲ့နိုင်ငံရေးပါတီတချို့တွေ့ (ဓာတ်ပုံသတင်း)

ကျိုက်ထိုမှာ စစ်တပ်လေကြောင်းတိုက်ခိုက်လို့ လူနေအိမ်နဲ့ရေသန့်စက်ရုံပျက်စီး

ပါတီ၊လမ်းစဉ်နဲ့ “ဇဒါနော့ဖ်ဖော်မြူလာ”

Releated Post

​ဓာတ်ပုံ- မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့

နောင်ချိုမှာ ငွေကျပ်သိန်းသုံးထောင်ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားတွေဖမ်းမိ

October 15, 2026

NCA ၁၁ နှစ်မြောက် နှစ်ပတ်လည်နေ့လုပ်

October 15, 2026

ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကို ကာကွယ်ရေးဝန်ကြီးခန့်

October 15, 2026
ဓာတ်ပုံ - ပြည်သူ့ပါတီ

ရန်ကုန်မှာ တရုတ်ကွန်မြူနစ်ပါတီနဲ့နိုင်ငံရေးပါတီတချို့တွေ့ (ဓာတ်ပုံသတင်း)

October 14, 2026
ဓာတ်ပုံ - ကရင်အမျိုးသားအစည်းအရုံး

ကျိုက်ထိုမှာ စစ်တပ်လေကြောင်းတိုက်ခိုက်လို့ လူနေအိမ်နဲ့ရေသန့်စက်ရုံပျက်စီး

October 14, 2026

ပါတီ၊လမ်းစဉ်နဲ့ “ဇဒါနော့ဖ်ဖော်မြူလာ”

October 13, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page