Border News Agency
အိုက်ဇော၊ အောက်တိုဘာ ၂၁။
မိဇိုရမ်ပြည်နယ်၊စိုင်သိုရ်ခရိုင် ရဲတပ်ဖွဲ့က အောက်တိုဘာလ ၂၁ ရက်၊ဒီနေ့ မနက်ပိုင်းက ကေးဖန်းမြို့အနီးမှာ လမ်းကင်းစစ်ဆေးမှုတွေကိုဆောင်ရွက်ခဲ့ပါတယ်။
အဲဒီလို လမ်းကင်းစစ်ဆေးနေစဉ် မဏိပူရ်ပြည်နယ်ဘက်ကနေ အိုက်ဇောမြို့ဘက်ကို မောင်းနှင်လာတဲ့ မာရူတီ ဆူဇူးကီး ဘရက်ဇာ အမျိုးအစား အဖြူရောင် မော်တော်ယာဉ်တစီးကို ရဲတပ်ဖွဲ့က သံသယနဲ့ တားဆီးခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက် ရဲတပ်ဖွဲ့ဝင်တွေက သက်သေတွေရှေ့မှာ မော်တော်ယာဉ်ကို အသေးစိတ် ရှာဖွေစစ်ဆေးခဲ့ရာမှာယာဉ်ပေါ်ကနေ မူးယစ်ဆေးဝါး ဆပ်ပြာခွက်တရာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေဟာ စုစုပေါင်း အလေးချိန် တကီလိုလေးရာ့ငါးဆယ့်ခုနှစ် ဂရမ်ရှိပြီး ဒေသကာလတန်ဖိုး အိန္ဒိယရူပီနှစ်ဒသမကိုးဆယ့်လေးကုဋေ တန်ဖိုးရှိတာဖြစ်ပါတယ်။
မူးယစ်ဆေးဝါးတွေနဲ့အတူ ယာဉ်မောင်းဖြစ်သူ မဏိပူရ်ပြည်နယ်၊ကန်ပေါ့ပီခရိုင်မှ အသက်နှစ်ဆယ့်လေး နှစ်အရွယ် သန်းမင်လွန် ဘိုက်တေးကို အခင်းဖြစ်နေရာမှာတင် ဖမ်းဆီးခဲ့ပါတယ်။










