Border News Agency။
ဒါကာ၊ အောက်တိုဘာ ၂၁။
အာရက္ခဒေသမှာ အာရက္ခတပ်တော် (AA) နဲ့ အာဏာသိမ်းစစ်တပ်ကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခအတွင်း နှစ်ဖက်စလုံးက ကျူးလွန်နေတယ်ဆိုတဲ့ နိုင်ငံတကာ ရာဇဝတ်မှု စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) ရဲ့ အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်က ပြောပါတယ်။
နီကိုလတ်စ်ခွန်ဂျန်ကဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ခြောက်ရက်ကြာခရီးစဉ်အတွင်း ကော့စ်ဘဇားရှိ ဒုက္ခသည်စခန်းတွေမှ ရိုဟင်ဂျာ နှစ်ရာကျော်နဲ့ သွားရောက်တွေ့ဆုံခဲ့ပြီး မကြာသေးမီက ထွက်ပြေးလာသူတွေရဲ့ ထွက်ဆိုချက်တွေကို စုဆောင်းခဲ့တာဖြစ်ပါတယ်။
အာရက္ခဒေသအတွင်း ပဋိပက္ခနဲ့ အကြမ်းဖက်မှုတွေကြောင့် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အစောပိုင်းကစလို့ ဘင်္ဂလားဒေ့ရှ်သို့ ရိုဟင်ဂျာတသိန်းငါးသောင်းလေးထောင်ကျော် ထပ်မံထွက်ပြေးခဲ့ရတာကြောင့် လက်ရှိမှာ စုစုပေါင်း ရိုဟင်ဂျာ တစ်ဒသမနှစ်သန်းကျော် ခိုလှုံနေကြရပါတယ်။
အရပ်သားတွေကို အကြမ်းဖက်နေမှုတွေ ချက်ချင်းရပ်တန့်ပြီး တရားမျှတမှု ရရှိအောင် ဆောင်ရွက်နိုင်မှသာ ရိုဟင်ဂျာတွေဘေးကင်းစွာ နေရပ်ပြန်နိုင်မှာဖြစ်ကြောင်းနဲ့ IIMM အနေနဲ့ တာဝန်ရှိသူတွေကို အရေးယူနိုင်ဖို့ အထောက်အထားတွေဆက်လက် စုဆောင်းနေတယ်လို့ဆိုပါတယ်။
ဒီခရီးစဉ်ဟာ အိုင်စီဂျေ (ICJ) တရားရုံးမှာ မြန်မာနိုင်ငံရဲ့ လူမျိုးပြုန်းစေမှုတားဆီးရေးသဘောတူစာချုပ် ပျက်ကွက်မှုနဲ့ပတ်သက်လို့ ဆုံးဖြတ်ချက်မချမီ သွားရောက်ခဲ့တာဖြစ်ပါတယ်။














