Border News Agency
ပုဏ္ဏားကျွန်း၊အောက်တိုဘာ ၃၀။
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ကျောက်ဆိပ်ရွာစာသင်ကျောင်းကို အောက်တိုဘာလ ၂၉ ရက်နေ့က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီကျောက်ဆိပ်ရွာစာသင်ကျောင်းကို အောက်တိုဘာလ ၂၉ ရက်၊ ညအချိန်မှာ အာဏာသိမ်းစစ်တပ်မှ ဆူဆိုက်ဒရုန်းနဲ့ ဗုံးသီးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့တာပါ။
အဲဒီလိုလေကြောင်းတိုက်ခိုက်မှုအတွင်း ဗုံးသီးနှစ်လုံးထဲမှတလုံးဟာ ကျောက်ဆိပ်ရွာစာသင်ကျောင်းအရှေ့ဖက် ခြံစည်းရိုးနားမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး စာသင်ကျောင်းခြံစည်းရိုးအပါအဝင် ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ စစ်တင်ဘာလ ၁၁ ရက်၊မနက် ၂ နာရီအချိန်ခန့်ကလည်း ကျောက်ဆိပ်ရွာကိုစစ်တပ်လေကြောင်းတိုက်ခိုက်လို့ ကျောက်ဆိပ်ရွာမှာစစ်ရှောင်နေတဲ့ ဝီရဌာနီမြို့နယ်၊သဝင်ချောင်းရွာမှ အမျိုးသမီးတဦးသေဆုံးသွားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အရပ်သားပြည်သူတွေနေထိုင်ရာမြို့၊ကျေးရွာ၊စာသင်ကျောင်း၊ဆေးရုံ၊ဆေးခန်းတွေကို လေကြောင်းကနေရည်ရွယ်ချက်ရှိရှိပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် အရပ်သားပြည်သူတွေ သေဆုံးရာရနေကြပါတယ်။








