Border News Agency
မြောင်၊ နိုဝင်ဘာ ၁။
စစ်ကိုင်းဒေသ၊မြောင်မြို့ပေါ်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေးအတွက် တောင်းဆိုတဲ့ လှုပ်ရှားမှုတခုကို အောက်တိုဘာလ ၃၀ ရက်နေ့က ပြုလုပ်ခဲ့ကြပါတယ်။
အဲဒီလှုပ်ရှားမှုကို မြောင်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီနဲ့ ဒေသတွင်း လူငယ်တွေက ဦးဆောင်ပြီး မြောင်မြို့ပေါ်ရှိ လူစည်ကားရာ မြို့မဈေးအတွင်းမှာ ပြုလုပ်ခဲ့ကြတာပါ။
လှုပ်ရှားမှုအတွင်းလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိချက်ချင်းလွှတ်ပေးရေးနဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးလွတ်မြောက်ရေးအတွက် အဓိကတောင်းဆိုခဲ့ကြပါတယ်။
အဲဒီအပြင် “Free Her” နဲ့ “Free all Political Prisoners” စာသားတွေပါရှိတဲ့ ဘန်နာနဲ့ စတစ်ကာတွေကိုလည်း ဈေးအနှံ့လိုက်လံကပ်ပြီး လူထုလှုပ်ရှားမှုအဖြစ် ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။

















