Border News Agency
မြောက်ဦး၊နိုဝင်ဘာ ၁။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မြောက်ဦးမြို့ရှိ ယာယီသားဖွားဆေးရုံကို နိုဝင်ဘာလ ၁ ရက်၊ဒီနေ့ ညနေ ၅ နာရီခွဲအချိန်မှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသားနှစ်ဦးနဲ့အမျိုးသမီးနှစ်ဦး၊စုစုပေါင်း အရပ်သားလေးဦးသေဆုံးကာ လေးဦး ဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် အနီးအနားရှိ လူနေအိမ်တလုံးလည်းထိခိုက်ပျက်စီးသွားခဲ့တာဖြစ်ပါတယ်။
အဲဒီကျောက်တော်မြို့နယ်ရှိ ယိုးချောင်းတံတားကိုလည်း ဒီနေ့ ညနေက အာဏာသိမ်းစစ်တပ်ကလေကြောင်းမှ ပေါင် ၅၀၀ ဗုံးနဲ့တိုက်ခိုက်ခဲ့တာကြောင့် လမ်းသွားလမ်းလာ ပြည်သူခုနှစ်ဦးထက်မနည်း သေဆုံးပြီးဆယ်ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါသေးတယ်။
အဲဒီမြောက်ဦးမြို့နယ် ဗုံးကြဲခံရမှုအတွင်းသေဆုံး၊ ဒဏ်ရာရရှိခဲ့သူတွေရဲ့အသေးစိတ်အချက်အလက်တွေကိုဆက်လက် စုံစမ်းနေပါတယ်။
















