Border News Agency
နေပြည်တော်၊ နိုဝင်ဘာ ၁၃။
နှစ်ထောင့်ရှစ်ဖွဲ့စည်းပုံအခြေခံဥပဒေမှ အချက် လေးဆယ့်သုံးချက်ကို ပြင်ဆင်ဖြည့်စွက်နိုင်ဖို့နဲ့ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်းတ၊ နှစ်၊ သုံး ပါ အချက်တွေကို သုံးသပ်နိုင်ဖို့ လေ့လာသုံးသပ်ရေးနဲ့ ဥပဒေမူကြမ်းပြုစုရေး ပူးပေါင်းကော်မတီကို လွှတ်တော်ကိုယ်စားလှယ် ကိုးဆယ်ဦးနဲ့ ဖွဲ့စည်းသွားမယ်လို့ အာဏာသိမ်းစစ်တပ်ထုတ်ပြန်ပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့နိုဝင်ဘာလ ၁၂ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ဒုတိယနာယက Jeng Phang နော်တောင်က ရှင်းလင်းပြီးနောက် ကန့်ကွက်သူမရှိအတည်ပြုခဲ့ပါတယ်။
အဲဒီပူးပေါင်းကော်မတီမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သုံးဆယ့်ရှစ်ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် သုံးဆယ့်ရှစ်ဦးနဲ့ အာဏာသိမ်းစစ်တပ်ကိုယ်စားလှယ် တဆယ့်လေးဦးပါဝင်ဖွဲ့စည်းသွားမှာပါ။
အဲဒီကော်မတီရဲ့ ဥက္ကဋ္ဌအဖြစ် ဦးလှသိန်း၊ ဒုတိယဥက္ကဋ္ဌအဖြစ် ဒေါ်နွယ်နွယ်ဦး၊ အတွင်းရေးမှူးအဖြစ် ဦးဇင်မင်းထက်နဲ့ တွဲဖက်အတွင်းရေးမှူးအဖြစ် ဦးသိန်းထွန်းဦးကို တာဝန်ပေးထားပါတယ်။
အဲဒီအပြင် ကော်မတီရဲ့ ဦးတည်ချက် သုံး ရပ်၊ တာဝန် တဆယ့်တရပ်အပါအဝင် လုပ်ပိုင်ခွင့်နဲ့ သက်တမ်းတွေကိုလည်း ရှင်းလင်းတင်ပြခဲ့ပြီးကော်မတီဖွဲ့စည်းရေးအဆိုကို နိုဝင်ဘာလ ၅ ရက်နေ့ အစည်းအဝေးမှာ တင်သွင်းခဲ့တာဖြစ်ပါတယ်။










