Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
Analysis ဆောင်းပါး နိုင်ငံရေး မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် အာရက္ခဒေသ

အသက်လုပြေးကာ အငတ်ဘေးကို အံတုရှင်သန်နေကြရသူတွေ

Author picture

By

Saw Shin Nyo
Reading Time: 1 min read
0
A A
0
SHARES
15
VIEWS
Share on FacebookShare on Twitter

လင်းခိုင်ရေးတယ်။

မခင်ခင်တယောက် ရက်သားအရွယ် မွေးကင်းစသားကလေးကို ရင်ခွင်ပိုက်ပြီး စစ်ကောင်စီတပ်သားတွေ အသွားအလာရှိ၊မရှိ ရင်တထိတ်ထိတ်နဲ့ သတိထားစောင့်ကြည့်နေတယ်။

စစ်ကောင်စီတပ်သားတွေအသွားအလာမရှိခိုက် မြစ်ကမ်းစပ်သို့ဆင်းကာ စက်လှေနဲ့ကုလားတန်မြစ် တဖက်ကမ်းလွတ်မြောက်ရာနယ်မြေဆီ ခိုးထွက်ဖို့ကြံစည်နေကြတာဖြစ်ပါတယ်။

အရပ်သားပြည်သူ အမျိုးသမီး၊ကလေးငယ်တွေပါမချန် ဖမ်းဆီး၊ရိုက်နှက်၊ထောင်ချ၊သတ်ဖြတ်တာတွေ ဆက်တိုက်လုပ်နေတဲ့ စစ်ကောင်စီရဲ့ရန်ကြောင့် စစ်တွေမြို့ကနေ တိမ်းရှောင်ထွက်ပြေးဖို့ ကြိုးစားနေကြတာပါ။

မခင်ခင်တို့ဟာ စစ်ကောင်စီတပ်သားတွေ အနီးအနားပတ်လည်မှာမရှိတုန်း ညဥ့်နှစ်နာရီအချိန်ခန့်မှာ အသင့်ပြင်ဆင်ထားတဲ့အထုတ်အပိုးတွေကိုယူပြီး မြစ်ကမ်းစပ်ဆီ ဆင်းကြရတယ်။

ဆိပ်ခံတံတားတွေကနေဆင်းရင် စစ်ကောင်စီတပ်သားတွေနဲ့တိုးကာ ဖမ်းဆီး၊ရိုက်နှက်ခံရမှာစိုးရိမ်တာကြောင့် ရွံ့ထူလှတဲ့ ပြာ(ဒီရေ)တောထဲဖြတ်၊ပုန်းကွယ်ပြီး စီစဉ်ထားတဲ့စက်တပ်လှေဆီ တိုးတိုးတိတ်တိတ် ဆင်းကြရ တယ်။

“အထုတ်တွေနဲ့တွေ့ရင် ဖမ်းတယ်။ရိုက်တယ်။” လို့ မခင်ခင်က ပြောပါတယ်။

စက်လှေဆီရောက်တော့လည်း ရွာထိပ်မှာ စခန်းချနေတဲ့ စစ်ကောင်စီတပ်သားတွေ သတိထားမိသွားမှာ စိုးရိမ်ရတာကြောင့် စက်မနိုးရဲဘဲ လှော်တက်နဲ့သာ လှော်သွားကြရတယ်။

“ဟိုးဖက်ကမ်း သဲသောင်ထိရောက်အောင်လှော်သွားရတယ်။နေဗီနဲ့တွေ့ရင် ပစ်ခံရမှာလေ။” လို့ မခင်ခင်က ပြောပါတယ်။

မခင်ခင်တို့စီးလာတဲ့ စက်တပ်လှေငယ်လေးပေါ် လူတဆယ်ကျော်ပါလာပြီး ကုလားတန်မြစ်ကြောင်းတလျှောက် လှော်ခပ်သွားနေစဉ် လှိုင်းကလည်း တအားထန်နေခဲ့တယ်လို့ ဆိုပါတယ်။

“မြှပ်ရင်လည်းသေမယ်။(စစ်ကောင်စီတပ်က)ပစ်လိုက်ရင်လည်း သေမယ်ဆိုတော့ တအားကြောက်တာပေါ့။” လို့ မခင်ခင်က ပြောပါတယ်။

အဲဒီလိုလှိုင်းလေထန်တဲ့ကြား မခင်ခင်တို့ မြစ်ကူးထွက်ပြေးလာကြစဉ် စစ်တွေအခြေစိုက်စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးတွေ အဆက်အပြတ်ပစ်ခတ်နေခဲ့တာမို့ ပိုပြီးထိန်လန့်ခဲ့ရတယ်လို့ မခင်ခင်က ပြန်ပြောပြပါတ ။

“ခေါင်းပေါ်ကနေ နီရဲပြီးတော့ တဂျိမ်းဂျိမ်းနဲ့ သွားနေတာမြင်ရတယ်။သေနတ်သံတွေလည်း ကြားရတယ်။အဲဒီတုန်းက ပုဏ္ဏားကျွန်း(တိုက်ပွဲ)ဖြစ်တုန်းလေ။” လို့ မခင်ခင်က သူကြုံခဲ့ရတာကို ပြောပြပါတယ်။

လှော်တက်နဲ့လှော်ပြီး နာရီအတန်ကြာသွားပြီးမှသာ ဟွန်ဒါစက်ကိုနိုးပြီး သွားကြရတယ်လို့ ဆိုပါတယ်။

“ဒီဖက်ကမ်းရောက်မှပဲစိတ်အေးတယ်။”လို့ မခင်ခင်က ပြောပါတယ်။

မခင်ခင်ဟာ စစ်တွေမြို့ နဲ့ကပ်ရပ်မှာရှိတဲ့ကျေးတောရွာမှဖြစ်ပြီး စစ်တွေမြို့အနီးပတ်လည်ကျေးရွာတွေကို စစ်ကောင်စီတပ်က စီးနင်းဖမ်းဆီး၊နှင်ထုတ်နေချိန် ဒုတိယမြောက်သားငယ်ကို ၀မ်းထဲ လွယ်ထားရတာပါ။

ကိုယ်၀န်ကိုးလရှိပြီဖြစ်တဲ့ မခင်ခင်ဟာ နောက်တလစောင့်ပြီး ဆယ်လပြည့်ကလေးမွေးပြီးမှပဲ စစ်တွေကနေ ထွက်ခွာတိမ်းရှောင်ဖို့ စဉ်းစားကာ နေထိုင်ခဲ့ပါသေးတယ်။

ဒါပေမယ့် အဲဒီလိုအခြေအနေမပေးတော့ပါဘူး။ကျေးတောရွာထဲမှာ မခင်ခင်တို့အပါအ၀င် မိသားစု သုံး၊လေးစုသာ ကျန်တော့ပြီး အနီး၀န်းကျင်ကျေးရွာတွေမှာ လည်း လူတွေမရှိကြတော့ပါဘူး။အကုန်လုံး စစ်ကောင်စီရန်ကြောင့် တိမ်းရှောင်သွားနှင့်ကြပြီ။

အဲဒါကြောင့် မခင်ခင်ဟာ မွေးဖွားဖို့ တလလိုသေးတဲ့ သူ့ဗိုက်ထဲက ဒုတိယသားရင်သွေးကို ခွဲမွေးဖို့ ခက်ခက်ခဲခဲဆုံးဖြတ်ခဲ့ရတာလို့ ဆိုပါတယ်။

“ကလေးမွေးဖို့ စောင့်နေတာ။ရွာမှာလူကတယောက်မှ မရှိတော့ဘူး။အဲဒါနဲ့ ဆရာမနဲ့ တိုင်ပင်ပြီး ခွဲလိုက်တာ။ပြေးလာတော့ ကလေးကတပတ်ပဲရှိသေးတယ်။” လို့ မခင်ခင်က ပြောပါတယ်။

စစ်တွေမြို့ကနေ ထွက်လာခဲ့ရင် လမ်းခရီးမှာ ကိုယ်၀န်မပေါ့မပါးနဲ့ အန္တရာယ်ဖြစ်မှာ စိုးရိမ်တာ၊တိမ်းရှောင်ခိုလှုံ ရာအရပ်မှာ ဆေးရုံ၊ဆေးခန်းမရှိခဲ့ရင် မီးဖွားဖို့ အဆင်မပြေမှာစိုးရိမ်တာကြောင့်  သူမက ပြောပြပါတယ်။

“စစ်သားဆီမှာ အသတ်မခံချင်လို့ ဒီဖက်ပြေးလာတာ။ဒီဖက်မှာဆိုရင်အနည်းဆုံးအသက်တချောင်းရှင်မယ်။ဖြစ်ချင်ရာဖြစ်ဆိုပြီးလာကြတာ။” လို့ မခင်ခင်တို့နဲ့အတူတိမ်းရှောင်လာတဲ့ မခင်ခင်ရဲ့ ယောက္ခမဖြစ်သူက ပြောပါတယ်။

မခင်ခင်တို့ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလကုန်မှာ စစ်တွေကနေ ကုလားတန်မြစ်အရှေ့ဖက်ကမ်း ပေါက်တောမြို့နယ်အတွင်းရှိ ကျေးရွာတခုဆီ တိမ်းရှောင်ဖို့ ရောက်လာခဲ့တာပါ။

မခင်ခင်တို့ ငှားရမ်းလာတဲ့စက်လှေဟာ ဆွေမျိုးအသိအကျွမ်းမရှိ။တခါမှ မရောက်ဖူးတဲ့ ရွာတရွာမှာ ဆိုက်ကပ်ပါ တယ်။အဲဒီရွာမှာပဲ အထိုင်ချဖို့ စီစဉ်ကြရတယ်။

ရွာသားတွေ စီစဉ်နေရာချပေးတဲ့ အဆောက်အဦးတခုမှာ နေထိုင်ရင်း စောင်၊အနွေးထည်လုံလုံလောက်လောက် ပါမလာတဲ့ မခင်ခင်တို့ဟာ အေးစိမ့်လှတဲ့ ဆောင်းချမ်းဒဏ်ကို ကြံ့ကြံ့ခံခဲ့ကြရတယ်လို့ ဆိုပါတယ်။

“ကိုယ်တွေအတွက် ဘာမှမပါလာဘူး။အကုန်လုံးက ကလေးပစ္စည်းတွေပဲယူလာတာ။ကလေးစိတ်ပဲရှိတယ်။” လို့ မခင်ခင်က ပြောပါတယ်။

စစ်ကောင်စီဘေးကို ကြောက်ကာ ထွက်ပြေးလာကြတဲ့ မခင်ခင်တို့ဟာ လွတ်မြောက်နယ်မြေဆီ ရောက်လာပြန်တော့လည်း စား၀တ်နေရေးအကြပ်အတည်းနဲ့ ရင်ဆိုင်ကြရပြန်ပါတယ်။

မခင်ခင်တို့ရောက်ကာစ ကူညီရေးအဖွဲ့တွေရဲ့ အထောက်အပံ့လည်းမရ၊ရလာပြန်တော့လည်း လုံလုံလောက်မရှိ၊ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(WFP)က ပေးတဲ့တမိသားစုစာ လစဉ်ထောက်ပံ့ငွေဟာ မွေးကင်းစကလေးငယ်အတွက် နို့မှုန့်ဖိုးသာ ရှိတယ်လို့ ဆိုပါတယ်။

ပြည်မနဲ့ အာရက္ခပြည်ကြား ကုန်စည်၊ဆေးဝါးသယ်ယူရေးလမ်းကြောင်းအား လုံးကို စစ်ကောင်စီကပိတ်ထားတာကြောင့် အာရက္ခပြည်မှာ ကလေးနို့မှုန့်တဗူးကို ကျပ်တသိန်းထိပေးရပြီး ကလေးအနှီးဆယ်ထည်ပါ တထုတ်ကိုလည်း ကျပ်ခြောက်သောင်း၀န်းကျင်ထိ ပေးဝယ်ကြရပါတယ်။

“နို့မှုန့်တဗူးတပတ်ကျော်ပဲတိုက်ရတယ်။” လို့ မခင်ခင်က ပြောပါတယ်။

အဲဒါကြောင့် စစ်တွေမြို့မှာ တုတ်တုတ်(သုံးဘီး)မောင်းလာခဲ့တဲ့ မခင်ခင်အမျိုးသားဟာ နံရံဆေးသုတ်၊ပန်းရံ၊ကုန်ထမ်းစတဲ့ ကြုံရာအလုပ်လုပ်ကာ မိသားစု၀မ်းရေးထိန်းကျောင်းနေတယ်လို့ ဆိုပါတယ်။

ခုတော့ လစဉ်ထောက်ပံ့ပေးနေခဲ့တဲ့ WFP ကလည်း စစ်ရှောင်ထောက်ပံ့ငွေတွေကို ဖြတ်တောက်လိုက်တာ ကြောင့် မခင်ခင်တို့အပါအ၀င် အာရက္ခပြည်က စစ်ဘေးရှောင်တွေ အထောက်အပံ့လုံး၀ မရကြတော့ပါဘူး။

“စိတ်ထဲမှာ အော်ဟစ်ပြီးတော့ ငိုကြွေးပစ်ချင်တော့တယ်။”လို့ မခင်ခင်က ဆို့ဆို့နင့်နင့် ပြောပါတယ်။

လူဦးရေခြောက်သိန်းကျော်သော အာရက္ခပြည်တွင်းမှ စစ်ဘေးရှောင်တွေဟာ အကူအညီထောက်ပံ့ငွေတွေ လုံး၀မရကြတာ လေးလ၀န်းကျင်ရှိခဲ့ပြီဖြစ်ပါတယ်။

အဲဒါကြောင့် အလုပ်အကိုင်မရှိ၊ပုံမှန်၀င် ငွေမရှိ၊စုဆောင်းထားတဲ့ အပိုငွေတွေလည်းမရှိတဲ့ စစ်ရှောင်တွေဟာ ငတ်မွတ်ဘေးနဲ့ ကြုံနေကြရပြီလို့ ဆိုကြပါတယ်။

“စားစရာမရှိရင် ရွာတွေပတ်ပြီး အကူအညီတောင်းရတယ်။အလှူခံရတာပေါ့။အလုပ်လည်းမကျဘူး။” လို့ မြေပုံ မြို့နယ်မှာ ခိုလှုံနေတဲ့ မိအိုဖအိုနှစ်ဦး၊သားငယ်တဦးနဲ့အတူ စစ်ဘေးရှောင်အမျိုးသမီးတဦးက ပြောပါတယ်။

မိသားစု၀င်လေးဦးနဲ့အတူ ကျောက်တော်မြို့ နယ်မှာခိုလှုံနေတဲ့အသက်သုံးဆယ်ကျော်အရွယ်အမျိုးသမီးတဦးက လည်း နှစ်နပ်စာကို တနပ်စာလုပ်ကာငတ်တလှည့် မွတ်တလှည့် စားနေကြတယ်လို့ ဆိုပါတယ်။

“ရေရှည်မှာငတ်ဖို့ပဲရှိတော့တယ်။ကလေးနှစ်ယောက်ကို ၀အောင်ကျွေးပြီးမငတ်ရုံတမယ်စားနေကြရတာ။” လို့ စစ်တွေမြိုမှ တိမ်းရှောင်လာတာ တနှစ်ကျော်ရှိပြီဖြစ်တဲ့အမျိုးသမီးက ပြောပါတယ်။

အာရက္ခပြည်တွင်းမှာ ဆန်ကြမ်းတပြည်ကို ကျပ်သုံးထောင်၀န်းကျင်၊ပေါ်ဆန်းမွှေးဆန်တပြည်ကို လေးထောင်၀န်းကျင်၊စားဆီတလီတာကို တသောင်း၀န်းကျင်၊အသားတပိဿာလေးသောင်း၀န်းကျင်၊ငါးပိဿာနှစ်သောင်း ၀န်းကျင်ရှိနေပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ဖွံ့ ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)ကတော့ အာရက္ခပြည်တွင်းရှိ စစ်ဘေးရှောင်တွေထဲက ဆေးဝါးကုသဖို့အခက်အခဲရှိသူတွေ၊လွန်စွာအခက်အခဲကြုံနေသူအချို့ကိုငွေ ကြေးထောက်ပံ့တာတွေရှိနေပေမယ့် အလုံစုံလွှမ်းခြုံနိုင်မှုမရှိဘူးလို့ ဆိုကြပါတယ်။

အဲဒီအပြင် နိုင်ငံတကာကူညီရေးအဖွဲ့တွေကိုလည်း အာရက္ခပြည်တွင်းမှ ဒုက္ခသည်တွေကို ကူညီထောက်ပံ့ပေး ကြဖို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက မကြာမခဏအကူအညီတောင်းတာတွေ ရှိနေပါတယ်။

စစ်ကောင်စီတပ်ရဲအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြောင့် ဒေသခံအရပ်သား ၇၉ ဦးထက်မနည်း သေဆုံးခဲ့ရပြီး တရာကျော်ဖမ်းဆီးခံခဲ့ရတဲ့ စစ်တွေမြို့ နယ်၊ဗျိုင်းဖြူရွာမှ စစ်ရှောင်အမျိုးသမီးတဦးကတော့ စုဆောင်းထား သမျှ ပါလာတဲ့ငွေကြေးတွေလည်း ကုန်တော့မှာဖြစ်ပြီး အဲဒါတွေကုန်ရင် အငတ်ဘေးစဆိုက်ပြီလို့ ဆိုပါတယ်။

“နှစ်လပိုင်း၊ သုံးလပိုင်းတိုက်ပွဲဖြစ်၊လေးလပိုင်းငါးလပိုင်းလောက်ဆိုရင် အပြတ်ဆိုပြီးလာကြတာ။(စစ်တွေက)အိမ်မှာလည်း စစ်တပ်က ယူသွားတာဘာမှမရှိတော့ဘူး။ဒီမှာလည်း စားစရာဘာမှမကျန်တော့ဘူးဖြစ်နေပြီ။” မိသားစု၀င်ခုနှစ်ယောက်နဲ့အတူ ပေါက်တောမြို့နယ်မှာ ခိုလှုံနေတဲ့ဗျိုင်းဖြူရွာမှအမျိုးသမီးက ပြောပါတယ်။

စစ်‌တွေမြို့နယ်မှာ အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတပ်ကြား ရံဖန်ရံခါ တိုက်ပွဲဖြစ်ပွားမှုတွေရှိနေပြီး မြေပြင်တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားတာမတွေ့ရသေးပါဘူး။

အာရက္ခ‌ဒေသတခုလုံးကိုသိမ်းပိုက်ထိန်းချုပ်သွားမယ်လို့ ကြွေးကြော်ထားတဲ့ အာရက္ခတပ်တော်ဟာ အာရက္ခပြည်ကို ထိန်းချုပ်ထားပြီး အုပ်ချုပ်ရေးယန္တရားတွေ ဖော်ဆောင်နေပါတယ်။

စစ်တွေ၊ကျောက်ဖြူ၊မာန်အောင် သုံးမြို့နယ်မှာတော့ ထိုးစစ်ပြင်းပြင်းထန်ထန်လုပ်တာ မတွေ့ရသေးပါဘူး။

အာရက္ခတပ်တော်ကတော့ အကြိမ်ကြိမ်ကြွေးကြော်ထားတဲ့အတိုင်း အာရက္ခဒေသတခုလုံးကို သေချာပေါက်သိမ်းပိုက်လာလိမ့်မယ်လို့  စစ်ရေး၊နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ထားကြပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ စား၀တ်နေရေးအခက်အခဲဖြစ်နေကြတဲ့ စစ်ရှောင်တချို့ဟာ အာရက္ခဒေသတခုလုံးကို အာရက္ခတပ်တော်သိမ်းပိုက်ပြီးသွားရင် အေးချမ်းသာယာအဆင်ပြေသွားလိမ့်မယ်လို့ မျှော်လင့်နေ ကြတယ်လို့ ဆိုကြပါတယ်။

“စစ်ပွဲမှာကတော့ ကိုယ့်ရခိုင်ပြည်ရရင်တော့ ပိုကောင်းတာပေါ့။ကိုယ့်ရခိုင်ပြည်ရဖို့ ကြိုးစားနေကြတာကို။ရခိုင်သားတွေတိုက်လို့နိုင်ရင်တော့အေးချမ်းဖို့ သာယာဖို့မှန်းတာပေါ့။အဲလိုဖြစ်ရင် ကောင်းပြီလေ။”လို့ ဗျိုင်းဖြူရွာမှစစ်ရှောင်အမျိုးသမီးက ပြောပါတယ်။

PrevPreviousဆိုရှယ်ဒီမိုကရေစီနှင့်ဒီမိုကရက်တစ်ဆို ရှယ်လစ်ဇင်ကြားကွာခြားချက်
Nextအာရက္ခဒေသက စုံလင်ကွဲပြားလူမှုဘ၀တွေကို ဘယ်လိုတည်ဆောက်ကြမလဲNext
Previous Post

ဆိုရှယ်ဒီမိုကရေစီနှင့်ဒီမိုကရက်တစ်ဆို ရှယ်လစ်ဇင်ကြားကွာခြားချက်

Next Post

အာရက္ခဒေသက စုံလင်ကွဲပြားလူမှုဘ၀တွေကို ဘယ်လိုတည်ဆောက်ကြမလဲ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

​ဓာတ်ပုံ - APM

ကျောက်တော်ရှိရွာနှစ်ရွာမှာ ငှက်ဖျားပိုးတွေ့လို့ အာရက္ခကျန်းမာရေးဌာန စစ်ဆေး

July 27, 2026

ကပ်ဘေးစုံအကျပ်အတည်းကြား မြေယာပဋိပက္ခများ

July 27, 2026
​Photo- APM

ပုဏ္ဏားကျွန်းမှာ ခမီရိုးရာယာဟင်းကိုင်ပွဲကျင်းပ

July 27, 2026

ထိုင်းမှာ မူးယစ်ဆေးပါတီလုပ်နေတဲ့ မြန်မာနဲ့တရုတ်နိုင်ငံသားတွေကို ဖမ်းဆီး

July 27, 2026

အီရတ်ဝန်ကြီးချုပ် စစ်လေယာဉ်တွေရံပြီး တဟီရန်ရောက်

မလေးရှားမှာ မြန်မာအပါအဝင် နိုင်ငံခြားသား တရာ့ကိုးဦး ဖမ်းခံရ

စာမေးပွဲမသမာမှုပြဿနာကို ဖြေရှင်းဖို့ CJP အဖွဲ့နဲ့အိန္ဒိယအစိုးရဆွေးနွေးမယ်

သံတွဲမြို့ကို အာဏာသိမ်းစစ်တပ် ထပ်လေကြောင်းတိုက်ခိုက်

သံတွဲမှာစစ်တပ်လေကြောင်းတိုက်ခိုက်လို့ လေးဦးဒဏ်ရာရ

ခရိုင်သုံးခုက ယစ်မျိုးကုန်တွေကို FDA ကွင်းဆင်းစစ်ဆေး

Releated Post

ကိုးကား/ဓာတ်ပုံ - World News

အီရတ်ဝန်ကြီးချုပ် စစ်လေယာဉ်တွေရံပြီး တဟီရန်ရောက်

July 24, 2026

မလေးရှားမှာ မြန်မာအပါအဝင် နိုင်ငံခြားသား တရာ့ကိုးဦး ဖမ်းခံရ

July 24, 2026

စာမေးပွဲမသမာမှုပြဿနာကို ဖြေရှင်းဖို့ CJP အဖွဲ့နဲ့အိန္ဒိယအစိုးရဆွေးနွေးမယ်

July 24, 2026

သံတွဲမြို့ကို အာဏာသိမ်းစစ်တပ် ထပ်လေကြောင်းတိုက်ခိုက်

July 24, 2026
Phpto - APM

သံတွဲမှာစစ်တပ်လေကြောင်းတိုက်ခိုက်လို့ လေးဦးဒဏ်ရာရ

July 24, 2026
Photo - APM

ခရိုင်သုံးခုက ယစ်မျိုးကုန်တွေကို FDA ကွင်းဆင်းစစ်ဆေး

July 24, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page