Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်တွေခရိုင် စစ်ဘေးရှောင် ပုဏ္ဏားကျွန်းမြို့နယ် မြို လူမျိုး လူမျိုးရေးရာ သတင်း အာရက္ခဒေသ

စစ်ဘေးရှောင်မြိုလူမျိုးတွေ ပြန်လည်ထူထောင်ရေးအတွက် အကူအညီတွေလိုအပ်နေ

(ဓာတ်ပုံ - ပုဏ္ဏားကျွန်းမြို့နယ်၊အထက်မြတ်လှဲ့စစ်ဘေးရှောင်စခန်းက မြိုလူမျိုးတွေ / BNA)

(ဓာတ်ပုံ - ပုဏ္ဏားကျွန်းမြို့နယ်၊အထက်မြတ်လှဲ့စစ်ဘေးရှောင်စခန်းက မြိုလူမျိုးတွေ / BNA)

Author picture

By

BNA Author
Reading Time: 1 min read
0
A A
0
SHARES
13
VIEWS
Share on FacebookShare on Twitter

Border News Agency
ပုဏ္ဏားကျွန်း၊ မေ ၁၄။

အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ အထက်မြတ်လှဲ့စစ်ဘေးရှောင်စခန်းက စစ်ဘေးရှောင်မြိုလူမျိုးတွေဟာ ပြန်လည်ထူထောင်ရေးအတွက် အကူအညီတွေ လိုအပ်နေကြတယ်လို့ စစ်ဘေးရှောင်မြိုလူမျိုးတွေက ဆိုကြပါတယ်။

အဲဒီစစ်ဘေးရှောင်တွေဟာ ပုဏ္ဏားကျွန်းမြို့နယ်က ဆင်သည်ဖျား၊အောင်မကျော်၊လောင်းဘုတ်စတဲ့ ဝေးလံခေါင်ဖျားတဲ့နေရာတွေက စစ်ဘေးရှောင်လာကြတဲ့မြိုလူမျိုးတွေဖြစ်ကြပါတယ်။

အဲဒီစစ်ဘေးရှောင်တွေပြည်လည်ထူထောင်ရေးအတွက် သက်မွေးဝမ်း ကျောင်းပညာသင်တန်းတွေပို့ချပေးတာတွေ၊ ရေရှည်ရပ်တည်ဖို့အတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန် တီးပေးဖို့ လို့အပ်တယ်လို့ ​စစ်ဘေးရှောင်မြိုလူမျိုးတွေက ဆိုကြပါတယ်။

“ကျနော်တို့ ဒီမှာရေရှည်နေထိုင်ဖို့အတွက်ဆိုရင် သက်မွေးဝမ်းကျောင်းသ င်တန်းတွေ၊အလုပ်အကိုင်အခွင့်အလ မ်းတွေ ဖန်တီးပေးဖို့လိုအပ်တယ်။” လို့ စစ်ဘေးရှောင်မြိုလူမျိုးတဦးက Border News Agency ကို ပြောပါတယ်။

အဲဒီစစ်ဘေးရှောင်မြိုလူမျိုးတွေဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ဒီဇင်ဘာလကနေ စစ်ရေးပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်လာခဲ့ကြတာဖြစ်တယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာအာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအဝင် တဆယ့်ငါးမြို့နယ်ကို အပြီးသတ်သိမ်းပိုက်ထားပြီး အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ်အုပ်ချုပ်ရေးယန္တရားတွေ ဖော်ဆောင်နေပါတယ်။

အဲဒီပုဏ္ဏားကျွန်းမြို့နယ်ကို အာရက္ခတ ပ်တော်ကသိမ်းပိုက်ထိန်းချုပ်ထားပြီမို့စစ်ဘေးရှောင်တွေကို နေရပ်ပြန်ခွင့်ပြုထားပေမယ့်လည်း သူတို့ဇာတိကျေးရွာမှာ မြေမြုပ်မိုင်းတွေ၊စစ်ကျန်လက်နက်အန္တရာယ်တွေရှိနေသေးတာမို့ နေရပ်မပြန်ချင်ကြတော့ဘူးလို့ စစ်ဘေးရှောင်မြိုလူမျိုးတွေက ဆိုကြပါတယ်။

“နေရပ်ပြန်ရင် ကျွန်တော်တို့အတွက် အ ခက်အခဲတွေအများကြီးကြုံရမယ်။ ဒီမှာဆိုရင် တနေ့တာလုပ်ကိုင်စားသောက်ဖို့ တောထဲသွားပြီးငါးဖမ်း၊ဟင်းရှာလာရင်တောင် ရောင်းချပြီး မိသားစုစားဝတ်နေရေးကို ဖြေရှင်းလို့ရတယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေလည်းရှိတယ်။ အခွင့်အလမ်းတွေပေါတယ်။ကိုယ့်ဒေသမှာက အရမ်းခေါင်တော့ အဆင်မပြေဘူး။ အလုပ်အကိုင်တွေလည်း မရှိဘူး။ ဒီစခန်းမှာရှိတဲ့ စစ်ဘေးရှောင်တွေက နေရပ်မပြန်ချင်ကြတော့ဘူး” လို့ စစ်ဘေးရှောင်တဦးဖြစ်တဲ့ဦးကြာနီအောင်က Border News Agency ကို ပြောပါတယ်။

အဲဒီစစ်ဘေးရှောင်တွေထဲက တချို့သူတွေဟာ မိမိနေရပ်ကိုပြန်သွားကြတာရှိပေမယ့် အလုပ်အကိုင်ရှားပါးတာတွေ တောင်ယာ၊ဥယာဥ်ခြံမြေတွေမှာလည်း မြေမြုပ်မိုင်းအန္တရာယ်ကြောင့် လုပ်ကိုင်စားသောက်ဖို့ အဆင်မပြေတော့တာမို့စားဝတ်နေရေးအခက်အခဲတွေနဲ့ ရင် ဆိုင်နေကြရတယ်လို့ မြိုလူမျိုးတွေကဆိုကြပါတယ်။

အဲဒါကြောင့် စစ်ဘေးရှောင်မြိုလူမျိုးအများစုဟာ နေရပ်မပြန်ကြတော့ဘဲ အလုပ်အကိုင်အခွင့်အလမ်းတွေရှိပြီး မိသားစုစားဝတ်နေရေးအတွက် ရှာဖွေစားသောက်လို့လွယ်ကူတဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊အထက်မြတ်လှဲ့စစ်ဘေးရှောင် စခန်းမှာ ဆက်ပြီးနေထိုင်နေကြတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။

အဲဒီစစ်ဘေးရှောင်စခန်းမှာနေရတာဟာ စားဝတ်နေရေးအခက်အခဲတွေရှိပေမယ့် သားသမီးတွေရဲ့ပညာရေး၊ကျ န်းမာရေးနဲ့လမ်းပန်းဆက်သွယ်ရေးအခွင့်အလမ်းတွေရှိတာကြောင့် နေရပ်မပြန်ဖို့ဆုံးဖြတ်ထားတယ်လို့ စစ်ဘေးရှောင်မြိုလူမျိုးတွေက ဆိုကြပါတယ်။

“ဒီကာလမှာကကိုယ့်ဒေသမှာဆို က လေးတွေပညာသင်ကြားနိုင်မယ့်အခြေ အနေလုံးဝမရှိဘူး။ဝေးလံခေါင်ဖျားတဲ့အရပ်ဒေသဖြစ်ရုံတင်မကဘူး။ပညာ တတ်မြောက်တဲ့လူတွေလည်းရှားတော့ ဆရာ၊ ဆရာမတွေလည်း မရှိဘူး။ ဒီစခန်းမှာနေနေတော့ ရွာက ကလေးတွေနဲ့အတူတနည်းနည်းနဲ့တော့ ပညာသင်ကြားနိုင်တဲ့ အခွင့်အလမ်းတွေရှိတာကြောင့် နေရပ်မပြန်ချင်တော့ဘူး။” လို့ စစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးအောင်မြင့်က Border News Ageny ကိုပြောပါတယ်။

အဲဒီမြိုလူမျိုးတွေဟာ အာရက္ခဒေသက တောတောင်တွေ၊ဝေလံခေါင်းပါးနေရာတွေ၊လမ်းပန်းဆက်သွယ် ရေးခက်ခဲတဲ့နေရာတွေမှာသာ ဘိုးဘွားဘိုဘင်အ ဆက်ဆက်နေထိုင်လာခဲ့ကြတာဖြစ်ပါတယ်။

အဲဒါတွေကြောင့် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးအပါအဝင် အရာအားလုံးနိမ့်ကျနေခဲ့ကြပြီး အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာပဋိပက္ခဒဏ်တွေကို အများဆုံးကြုံတွေ့ခံစားခဲ့ကြရတယ်လို့ ဆိုကြပါတယ်။

ဒါပေမယ့် လက်နက်ကိုင်ပဋိပက္ခတွေမပြီးဆုံးသေးတာမို့ အာရက္ခပြည်သူလူ ထုကို ပြည်လည်တည်ဆောက်ရေးတွေအပြည့်အဝမဆောင်ရွက်ပေးနိုင်သေးဘူးလို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အာရက္ခဒေသမှာ လူနည်းစုမြိုလူမျိုးတွေဟာ မောင်တော၊ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်စတဲ့မြို့နယ်တွေမှာ အဓိကနေထိုင်နေကြပြီး အာရက္ခဒေသပဋိပက္ခတွေကြားထဲမှာ လူနည်းစုမြိုလူမျိုးတွေဟာ ရှင်သန်ရပ် တည်ဖို့ ကြိုးစားနေကြရပြီး ရေရှည်ရပ်တည်ဖို့အတွက် အသက်မွေးဝမ်းကျောင်းသင်တန်းပို့ချပေးတာတွေ၊ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးဖို့အများကြီးလိုအပ်တယ်လို့ မြိုလူမျိုးတွေက တောင်းဆိုနေကြပါတယ်။

PrevPreviousပြန်လည်ထူထောင်ရေးအတွက် အကူအညီတွေလိုအပ်နေတဲ့ မြိုစစ်ဘေးရှောင်တွေ (ဓာတ်ပုံသတင်း)
Next“အမြန်သိမ်းယူတာဟာ တော်လှန်ရေးကို အမြန်အဆုံးသတ်ပါမယ်။”Next
Previous Post

ပြန်လည်ထူထောင်ရေးအတွက် အကူအညီတွေလိုအပ်နေတဲ့ မြိုစစ်ဘေးရှောင်တွေ (ဓာတ်ပုံသတင်း)

Next Post

“အမြန်သိမ်းယူတာဟာ တော်လှန်ရေးကို အမြန်အဆုံးသတ်ပါမယ်။”

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ - NUG

သယံဇာတဘဏ္ဍာငွေအသုံးပြုမှု ပြည်သူတွေသိစေဖို့ အဆင့်ဆင့်ထုတ်ပြန်မယ်လို့ NUG ဆို

May 30, 2026

ဘန်ကောက်မှာ Brand နာမည်ကြီး ရေမွှေးအတုတွေ အွန်လိုင်းမှရောင်းသူကို ထိုင်းရဲဖမ်းဆီး

May 30, 2026
ဓာတ်ပုံ - Al Jazeera

အီရန်နဲ့သဘောတူညီချက်အပေါ် နောက်ဆုံး ဆုံးဖြတ်ချက်ချဖို့ ထရမ့်ပြင်ဆင်နေ

May 30, 2026
ဓာတ်ပုံ - CDF-Kanpetlet

ကန်ပက်လက်မြို့နယ်မှာ ညမထွက်ရ အမိန့်ထုတ်

May 30, 2026

သယံဇာတဘဏ္ဍာငွေအသုံးပြုမှု ပြည်သူတွေသိစေဖို့ အဆင့်ဆင့်ထုတ်ပြန်မယ်လို့ NUG ဆို

ဘန်ကောက်မှာ Brand နာမည်ကြီး ရေမွှေးအတုတွေ အွန်လိုင်းမှရောင်းသူကို ထိုင်းရဲဖမ်းဆီး

အီရန်နဲ့သဘောတူညီချက်အပေါ် နောက်ဆုံး ဆုံးဖြတ်ချက်ချဖို့ ထရမ့်ပြင်ဆင်နေ

ကန်ပက်လက်မြို့နယ်မှာ ညမထွက်ရ အမိန့်ထုတ်

အာဏာသိမ်းစစ်တပ်ရဲ့ ရာဇဝတ်မှုတွေမှာ ကြံရာပါဖြစ်နေတာကိုရပ်ဖို့ အိန္ဒိယကို JFM တောင်းဆို

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ မြို့ပြစီမံကိန်းတွေ ဖော်ဆောင်နေ

Releated Post

ဓာတ်ပုံ - NUG

သယံဇာတဘဏ္ဍာငွေအသုံးပြုမှု ပြည်သူတွေသိစေဖို့ အဆင့်ဆင့်ထုတ်ပြန်မယ်လို့ NUG ဆို

May 30, 2026

ဘန်ကောက်မှာ Brand နာမည်ကြီး ရေမွှေးအတုတွေ အွန်လိုင်းမှရောင်းသူကို ထိုင်းရဲဖမ်းဆီး

May 30, 2026
ဓာတ်ပုံ - Al Jazeera

အီရန်နဲ့သဘောတူညီချက်အပေါ် နောက်ဆုံး ဆုံးဖြတ်ချက်ချဖို့ ထရမ့်ပြင်ဆင်နေ

May 30, 2026
ဓာတ်ပုံ - CDF-Kanpetlet

ကန်ပက်လက်မြို့နယ်မှာ ညမထွက်ရ အမိန့်ထုတ်

May 30, 2026
ဓာတ်ပုံ - JFM

အာဏာသိမ်းစစ်တပ်ရဲ့ ရာဇဝတ်မှုတွေမှာ ကြံရာပါဖြစ်နေတာကိုရပ်ဖို့ အိန္ဒိယကို JFM တောင်းဆို

May 30, 2026
ဓာတ်ပုံ - မြောက်ဦးမြို့ပြတည်ဆောက်ရေးစီမံကိန်းဖော်ဆောင်မယ့်မြေနေရာ / BNA

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ မြို့ပြစီမံကိန်းတွေ ဖော်ဆောင်နေ

May 30, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page