Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး နိုင်ငံရေး မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် လူ့အခွင့်အရေး အာရက္ခဒေသ

အရှေ့တီမော၏အခင်းအကျင်းအားလေ့လာခြင်း ၂ ။

Author picture

By

BNA Author
Reading Time: 5 mins read
0
A A
0
SHARES
105
VIEWS
Share on FacebookShare on Twitter

မောင်တူ ရေးသည်။

Border News Agency
မြောက်ဦး၊ မေ ၁၆။

ဆိုရှယ်ဒီမိုကရေစီမိတ်ဆက် အပိုင်း ၂ ။

နိုင်ငံအချို့၏စနစ်၊မူဝါဒအပြောင်းအလဲနှင့်ပြန်လည်တည်ဆောက်ရေးဖြစ် စဉ်အစ…။

အရှေ့တီမော၏အခင်းအကျင်းအားလေ့လာခြင်း ၂။

အပြင်ပဋိပက္ခနှင့် အတွင်းပဋိပက္ခ

အရေ့တီမော၏အပြင်ပဋိပက္ခကိုပြောရလျှင် စင်ကာပူဆောင်းပါးတွင် ဖော်ပြခဲ့သည့် Greater Malay မဟာမလေးဝါဒကို ပြောရမည်ဖြစ်သည်။ မဟာမလေးဝါဒသည် အင်ဒိုနီးရှားသို့ ရောက် လာသောအခါ မဟာအင်ဒိုဝါဒ (Greater Indonesia)ဘက်ကိုရောက်သွားသည်။ မဟာအင်ဒိုဝါဒီများက မလေးရှားပြည်ထောင်စုကိုပင် ဥရောပကိုလိုနီများစနက်အဖြစ်မြင်သည်။

ထိုအတူ အင်ဒိုနီးရှားပြည်ထောင်စုကိုလည်း ဥရောပကိုလိုနီများ၏ စနက်အ ဖြစ်မြင်သည်။ ပြည်ထောင်စုစနစ်သည် အိန္ဒိယသမုဒ္ဒရာ၊ တောင်တရုတ်ပင်လယ်၊ တောင်ပစိဖိတ်တို့နှင့်ဆက်စပ်နေသော လူဦးရေများပြားသည် မလေးအနွယ်များကို စိတ်ဝမ်းကွဲစေသည်၊ မလေးပဒေသရာဇ်စူလတန်အချင်းချင်းမညီညွှတ်၍ ဥရောပကိုလိုနီလက်အောက်ကျခဲ့ရသည်ဟုရှုမြင်သည်။

ဥရောပကိုလိုနီများက မလေးအုပ်စုများကို ပြည်ထောင်စုလုပ်ခိုင်းကာ လွ တ်လပ်ရေးယူခိုင်းခြင်းသည် ရိုးသားမှုမရှိဟုရှုမြင်သည်။

ထိုအမြင်ကပင် အင်ဒိုနီးရှားအား ပြည်ထောင်စုနိုင်ငံဘဝမှတပြည်ထောင်နိုင်ငံဘက်ကို ပြန်လှည့်စေခဲ့ခြင်းဖြစ်သည်။

မလေးရှားဒေသရှိ စူလတန်များက မဟာမလေးဝါဒ၏ဆွဲဆောင်မှုကိုခံရသော်လည်း မဟာအင်ဒိုဝါဒကိုတော့ ကြောက်ကြသည်။ အင်ဒိုနီးရှားအနေဖြင့် ဆာဘတ်၊ ဆာရာဝတ်၊ ဘရိုနိုင်းစူလတန်များကိုလည်း မရလိုက်၊ မလေးရှားကလည်း ပြည်ထောင်စုဖွဲ့တော့သည်။ မလေးရှားပြည်ထောင်စုဖွဲ့သည်ကို အင်ဒိုစူလတန်များအားကျလာပါက အင်ဒို ၏အမျိုးသားညီညွှတ်ရေးပျက်သွားနိုင်သည်။

သို့ဖြစ်၍ ဆူဟာတိုလက်ထက်တွင် ဗာလီကျွန်းလူထုမှ ကန့်ကွက်သည့်ကြားမှ တပြည်ထောင်ဘက်ကိုပြောင်းလဲတော့ သည်။အစ္စလမ်မဟုတ်သည့် ဘာလီကျွန်းသားများအား ၎င်းတို့၏ဒေသပ ညတ်(Desa Prakama)အောက်တွင် အကန်အသတ်ဖြင့်ကိုယ်ပိုင်အုပ်ချုပ်ရေးပေးကာနှစ်သိမ့်ထားလိုက်သည်။

အင်ဒိုနီရှားအနေဖြင့် ဆန္ဒကျွန်းစုကြီးများ (Greater Sunda Islands) များတွင်ထိုသို့ပြုလုပ်ပြီးနောက် ဆန္ဒကျွန်းစုငယ် (Lesser Sunda Islands) များဘက်ရှိ ဆွေမျိုးတူမလေးအနွယ်များဘက်သို့ မျက်နှာမူရပြန်သည်။

ဆန္ဒကျွန်းစုငယ်များ၏ အရှေ့ဘက်အစွန်းဆုံးကျွန်းအား “အရှေ့ကျွန်းသို့ မဟုတ် နေထွက်အရပ်တွင်ရှိသောကျွန်းဟု” ခေါ်သည်။

အရှေ့ဘက်အစွန်းတွင်ရှိသောကျွန်း သြစတရိုနီးရှန်းဘာသာစကား၏ လက်ခွဲဖြစ်သော မလေးယို – ပိုလီနီးရှင်းမလေးဘာသာဝေါ်ဟာရဖြင့် “တီမော ” (Timol)ဟု ခေါ်ကြသည်။

အရှေ့ဘက်အရပ်အား ပေါ်တူဂီများက ၎င်းတို့ဘာသာ ဝေါ်ဟာရဖြင့် “လစ္စတေ” (Leste) ဟုခေါ်ကြသည်။ တီမောကျွန်း ၏အရှေ့ဘက်ခြမ်းများအား ပေါ်တူဂီများကက သိမ်းပိုက်ပြီး အ‌နောက်ဘက်ခြမ်းအား ဒက်(ချ်)များက သိမ်းပိုက်ထားခဲ့သည်။ ပေါ်တူဂီတို့သိမ်းပိုက်ထားသော အရှေ့ဘက်ကျွန်းတွင် ရိုမန်ကတ်သလစ်ခရစ်ယန်ဘာသာထဲသို့ ဒေသခံမလေးအနွယ်များကူးပြောင်းသွားကြသည်။

ဒက်(ချ်)များသိမ်းပိုက်ထားသည့် အနောက်ဘက်ခြမ်းရှိ ဒေသခံများက ပရိုတက်စတင်ခရစ်ယန်ဘာသာထဲသို့ ရောက်ရှိသွားကြပြီး အစ္စလာမ်ဦးရေအချို့တဝက်သာကျန်ခဲ့သည်။

တီမောကျွန်းသည် ရှည်မျောမျောပုံရှိသော (Elongated) ပုံစံရှိသည်။ တီမောကျွန်း၏(Elongated ပုံစံသည် ဗီယက်နမ်ကဲ့သို့ တောင်မြောက် (North- to- South) မဟုတ်ဘဲအရှေ့အနောက် (East-to-West)သာ ဖြစ်နေသည်။

မညျသို့ပငျဖွစျစေ (Elongated) များ၏ ဗီဇထုံးစံအတိုင်း ဗီယက်နမ်တွင် တောင်ပိုင်း၊မြောက်ပိုင်း အားပြိုင်သကဲ့သို့ တီမောကျွန်းတွင်လည်း အရှေ့ပိုင်း၊ အနောက်ပိုင်း အားပြိုင်ကြတော့သည်။ တီမောကျွန်းသားများအချင်းချင်း ထိုသို့အားပြိုင်မှုအား ဒက်(ချ်)- ပေါ်တူဂီ အားပြိုင်မှုက ပို၍အရှိန်မြင့်ပေသည်။ ထိုမျှမက ကတ်သလစ်- ပရိုတကျစတင့် ဂိုဏ်းကွဲမှုကလည်း မီးထိုးပေးသည်။

ဤသို့ဖြင့် တီမောကျွန်းသားအချင်းချင်း အရှေ့ပိုင်း၊ အနောက်ပိုင်း ဇာတိမာန်ပြနေကြတော့သည်။ လူမှုစီးပွားအရလည်း အရှေ့ပိုင်းရှိ တီမောများအဖို့ အရှေ့ဘက်တွင်ပင်လယ်ပြင်သာရှိသည်။အနောက်ဘက်တွင် သူနှင့် အစေးမကပ်သည့် အနောက်ဘက်သားများရှိသည်။အနောက်ပိုင်းရှိ တီမောများအတွက်တော့ ကူးလူဆက်ဆံစရာ အင်ဒိုနီရှားနယ်မြေများရှိနေသည်။

ဤသို့ဖြင့် အနောက်ပိုင်းသားများက အင်ဒိုနီးရှားနယ်မြေများနှင့်လူမှုစီးပွားကူးသန်းမှုက အရှေ့ပိုင်းသားများထက်ပိုရှိသည်။

ဒက်(ချ်)များက အင်ဒိုနီးရှားအား ၁၉၄၅ ခုနှစ်တွင် လွတ်လပ်ရေးပေးသည့်အခါ အနောက်တီမောသည်လည်း အင်ဒိုနီးရှားနယ်မြေထဲပါသွားသည်။

၁၉၇၄ ခုနှစ်တွင် ပေါ်တူဂီ၌လည်း အာဏာရှင်ကိုဖြုတ်ချသည့် ဇော်မွှားပန်းတော်လှန်ရေး (Carnation Revolution) ဖြစ်လာပြီး ပေါ်တူဂီကိုလိုနီများကို လွတ်လပ်ရေးပေးရန်ပြင်ဆင်လာတော့ သည်။

ဤသို့ဖြင့် ပေါ်တူဂီလက်အောက်ရှိ တီမောကျွန်း၏အရှေ့ပိုင်းသည်လည်း လွတ်လပ်ရေးရရန်ဖြစ်လာသည်။

ဤတွင် ဆန္ဒကျွန်းစုကြီးများရှိဆာဘ တ်၊ဆာရာဝတ်၊ဘရိုနိုင်းကိုမစည်းရုံးနိုင်ခဲ့သော မဟာအင်ဒိုဝါဒသည် တီမောကျွန်းအရှေ့ပိုင်းကို ရိုက်ခတ်လာတော့ သည်။တီမောအရှေ့ပိုင်းတွင်ပင်တခါ အင်ဒိုနီးရှားထဲတွင်ပါဝင်သင့်သည်ဟု ယူဆသည့် နိုင်ငံရေးအုပ်စုများပေါ်လာတော့သည်။

သို့သော် ဖရက်တလင် (Feritilin) ကဲ့သို့ နိုင်ငံရေးအုပ်စုများက သီးသန့်လွတ်လပ်ရေးကိုသာယူချင်သည်။

ဤသို့ဖြင့် တီမောအရှေ့ပိုင်းတွင် နိုင်ငံရေးအယူအဆပိုင်း အားပြိုင်မှုက ဖြစ်လာတော့သည်။

ထိုအချိန်က ဖရက်တလင်အုပ်စုကလည်း လက်ဝဲဘက်ကို ပိုယိမ်းသည်။ အင်ဒိုနီးရှားကလည်း လက်ဝဲကွန်မြူနစ်စနစ်ကိုကြောက်သည်။

တီမောသာလွတ်လပ်သွားလျှင် အင်ဒိုနီးရှားရှိ နေရာဒေသအချို့ကလည်း လွတ်လပ်ရေးတောင်းလာနိုင်သည်။

ဤသို့ဖြင့် အင်ဒိုနီးရှား၏ အချုပ်အခြာအဏာကို ထိခိုက်နိုင်စေသည်ဟုမြင်သည်။

အနောက်တီမောနှင့် အရှေ့တီမောမြေပုံ

ကိုးကား – Wekipedia

၁၉၇၅ ခုနှစ်တွင် ပေါ်တူဂီက တီမောအရှေ့ပိုင်းအားလွတ်လပ်ရေးပေးလိုက်တော့သည်။ လွတ်လပ်ရေးရပြီလပိုင်းအကြာတွင် အင်ဒိုနီးရှားက တီမောအရှေ့ပိုင်းအား ဝင်တိုက်တော့သည်။

ဤသို့ဖြင့် တီမောအရှေ့ပိုင်းသားများ အင်ဒိုနီးရှား၏ကျူးကျော်မှုကို ၂၄ နှစ်ကြာအောင် ပြန်လည်တွန်းလှန်ကြကာ အရှေ့တီမောအဖြစ် လွတ်လပ်ရေးကို ရယူနိုင်ခဲ့တော့သည်။ အနောက်တီမောမှာ အင်ဒိုနီးရှားနှင့်သာ ပေါင်းသွားခဲ့ပြီး လွတ်လပ်ရေးတိုက်ပွဲတွင် မပါခဲ့ပေ။

ဒေသန္တရ ရပ်ရွာပြည်သူလူထုအတွင်းရှိ ပဋိပက္ခ

အရှေ့တီမောတွင်လည်း ရပ်ရွာဒေသန္တ ရအစွဲများက ပြင်းထန်သည်။“တီမောကျွန်းတွင်ဘာသာရေးကို အခြေပြုမှုနှင့်အုပ်ချုပ်သူကိုလိုနီမတူညီမှုတို့ကြောင့်” “အရှေ့တီမောနှင့်အနောက်တီမော”ဟူ၍ ကွဲကြသည်။

“အရှေ့တီမောဟူသော သီးသန့်အစိတ် အပိုင်းထဲတွင်ပင်ထပ်၍ “အရှေ့ပိုင်းသားနှင့်အနောက်ပိုင်းသားဟုတခါ” ထပ်ကွဲကြသည်။” အရှေ့တီမောတွင် ဒေသန္တရလေယူလေသိမ်းကွဲပြားမှု ၃၂ မျိုးကျော်ရှိသည်။

အရှေ့တီမော၏အ ရှေ့ပိုင်းသားများက သမိုင်းအရ ဇာတိမာန်ပြင်းသည်ဟုဆိုရမည်။ လွတ်လပ်ရေးတိုက်ပွဲကာလတလျှောက်အရှေ့ပိုင်းဘက်မှ စစ်မှုထမ်းသူများသည်။

အနောက်ပိုင်းသားများကိုမူ အရှေ့ပိုင်းသားများလောက် ဇာတိမာန်မရှိဟု မြင်ကြသည်။အနောက်တီမောနှင့် ပထဝီဝင်ချင်းနီးကပ်နေသည့် အနောက်ပိုင်းသားများအဖို့အရှေ့ပိုင်သားများလော က်တော့ မစွာနိုင်ပေ။

အရှေ့တီမောတှငျ ၂၀၀၆ ခုနှစျ အရှေ့ပိုင်း၊အနောကျပိုင်းပဋိပက္ခဖြစ်ရခြင်းအပေါ် ပညာရှင်များက တရားဥပဒေစိုးမိုးရေးအင်စတီကျူးရှင်းများ အားနည်းမှုကို အဓိကအချက်အဖြစ်ထောက်ပြကြသည်။

လွတ်လပ်ပြီးစလေးနှစ်ကျော်အကြာ ၂၀၀၆ခုနှစ် အရှေ့တီမော၏တရားဥပ ဒေစိုးမိုးရေးလုပ်ငန်းစဉ်များတွင် လုပ်ငန်းသဘောသဘာဝကို မကျွမ်းကျင်ခြင်း၊ရုပ်ပိုင်းဆိုင်ရာပညာရပ်ပိုင်းဆိုင် ရာလိုအပ်ချက်များရှိနေခြင်း၊အပြန်အ လှန်အထိမ်းအကျောင်းသဘောအားမကောင်းခြင်းများရှိနေသည်။

လုပ်ကိုင်ဆောင်ရွက်ပုံ နေရာမကျခြင်း၊ မတော်တရော်လုပ်ရပ်များရှိနေခြင်းများသည် တရားမျှတမှုကို ပျက်စေသည်။

တရားမျှတမှုပျက်သည်ဟု ခံစားလာရသည့်အခါ မကြေနပ်ချက်က များလာသည်၊ယုံကြည်မှုက ပျက်လာသည်။ ထိုသို့ဖြင့် ပဋိပက္ခဆီကိုဦးတည်သွားတော့သည်။

အာရက္ခလူ့ဘောင်အခြေအနေနှင့်ဆန်းစစ်ခြင်း။

အာရက္ခလူ့ဘောင်သည်လည်း အရှေ့တီမောကဲ့သို့ပင် လွတ်လပ်သော တ ရားစီရင်ရေးစနစ်အတွက် စိန်ခေါ်ချက်များ၊အားနည်းချက်များရှိနေသည်။အ ရှေ့တီမောအနေဖြင့် ဒေသန္တရဓလေ့ထုံးတမ်းများကို အမှုအခင်းပြဿနာများတွင် ဖြန့်ဖြေရေးနှင့်ရင်ကြားစေ့နိုင်ရေးအတွက် အသုံးချသည်။

လက်ရှိအခြေအနေထိ အာရက္ခလူ့ ဘောင်ထဲတွင် ဖွဲ့စည်းပုံအခြေခံဥပဒေအယူအဆသည်အားမကောင်းပေ။အင်စတီကျူရှင်းများ၌ နယ်ပါယ်အလိုက် ကျွမ်းကျင်သူများ လိုအပ်ချက်ရှိနေမှုဖွဲ့စည်းပုံအခြေခံဥပဒေအယူအဆ အားမကောင်းခြင်းက အဂတိနှင့်တရားမျှ တမှုမှ သွယ်ဖယ်သောကိစ္စများကို ထိန်းရန်အခက်အခဲကို ဖြစ်စေသည်။

ပြည်သူ့အခွင့်အရေးကာကွယ်မှုဆိုင်ရာ အသိပညာပေးမှုများ၊ Public Defender ဖြစ်သည့် ရဲဌာန၊ဥပဒေရုံးကဲ့သို့ ဆိုင်ရာနယ်ပါယ်များက အခြေခံအခွင့်အရေးများကို အသိပေးဖြန့်ဝေပို့ချသည့် ဝန် ဆောင်မှုများကိုလည်း အာရက္ခလူထုသည် သိမြင်ကြားသိခွင့်မရသေးချေ။

လက်ရှိအခြေအနေတွင် တရားမျှတမှုလမ်းကြောင်းမှ သွယ်ဖယ်သလိုဖြစ်နေသော အင်စတီကျူရှင်းဆိုင်ရာကိစ္စရပ်များကို စတုတ္တမဏ္ဍိုင်မီဒီယာများနှင့် လူထုဘက်မှအပြန်အလှန်ထိန်းကျော င်းမှုမျာကိုတောင်မှ ရန်ရှာလာကြသ ည်။

ဤကဲ့သို့အနေအထားမျိုးဖြင့် အာရက္ခလူ့ဘောင်၏ငြိမ်းချမ်းမှု၊သာတူညီမျှမှုကို မည်သို့တည်ဆောက်နိုင်ပါမည်နည်း ။လူ့အဖွဲ့အစည်းတရပ်သည် မောင်းနှင့်နေသော ယာဉ်နှင့်အလားသဏ္ဍာန်တူပါသည်။မောင်းနှင်နေသောယာဉ်တစီးအတွက်ထိန်းကျောင်းမှု”တက်မ”လိုသ ည်။မည်မျှပင်အရှိန်ရနေပါစေ တက်မအား လွတ်ထား၍မရပေ။

အာရက္ခလူ့ဘောင်ထဲရှိ ဒေသန္တရဘာ သာစကားကွဲပြားသူများ၊လူမျိုးစုများ၊စုံလင်ကွဲပြားသည့် ဘာသာရေးအသို က်အဝန်းများကြား စည်းလုံးညီညွှတ်မှုသည် တရားမျှတမှုရှိမှသာ အကောင် အထည်ပေါ်လာမည်ဖြစ်သည်။တရားမျှတမှုသည် အဓိကဇစ်မြစ်ဖြစ်သည်။ ထိုတရားမျှတအတွက်ပင် အုပ်ချုပ်ရေးယန္တရားထဲရှိ တရားနည်းလမ်းမကျမှုများကို ထိန်းကျောင်းမှုသည် လိုအပ်ချက်တရပ်ဖြစ်သည်။

သို့မှသာ လူထုသည်အထိအခိုက်နည်းမည်ဖြစ်သည်။လူထု၏ ထိန်းကျောင်းမှုရှိသော အုပ်ချုပ်ရေးစနစ်တရပ်သည် အုပ်ချုပ်သူများအတွက်လည်း ဂုဏ်သိက္ခာပင်ဖြစ်သည်။

လူထုတွင်ထောက်ပြရန်တာဝန်ရှိသည်။ (https://burmese.bnanews.net/articles/4001/)

လက်ရှိတွင်တော့ ULA/AA သည် လူ မျိုးစုများ၊ဘာသာရေးအုပ်စုများ၊ရပ် ရွာများတွင် လူထုအခြေပြုအုပ်ချုပ်ရေးစနစ်ကို အကောင်အထည်ဖော်နေပြီဖြစ်သည်။

စုံလင်ကွဲပြားသည်ယဉ်ကျေးမှုဘာသာ စကားဆိုင်ရာအုပ်စုများအတွင်း အုပ်ချုပ်ရေး၊ တရားစီရင်ရေးကို ဖော်ဆောင်ရာတွင် အာရက္ခလူ့ဘောင်၌ လက်ရှိအချိန်ထိ မူဝါဒလေဟာနယ်မှာ ဖြစ်နေဆဲပင်ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအသံတိတ်ဆိ တ်ခြင်း၊ဗဟိုချုပ်ကိုင်မှုကို ကျင့်သုံးနေရခြင်းနှင့်မူဝါဒလေဟာနယ်ဖြစ်ပေါ်ခြ င်းက လူထုအခြေပြုအုပ်ချုပ်ရေးအ ဝိုင်းအဝန်းများတွင် အားနည်းချက်များရှိနေမည်ဖြစ်သည်။

လူမျိုးစုများရပ်ရွာကိုယ်တိုင်အုပ်ချုပ်ရေးနှင့်မူဝါဒပိုင်းဆိုင်ရာလေဟာနယ် – (https://burmese.bnanews.net/articles/4405/)

ရပ်ရွာလူထုကိုယ်ပိုင်အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတွင် ဒေသန္တရဓလေ့ထုံးတမ်းအရ ဖြေရှင်းမှုဆိုရာတွင်လည်း ဥပဒေပိုင်းသဘောသဘာဝနှင့်မရင်းနှီးမှုသည် အာရက္ခလူ့ဘောင်အတွက် ပြဿနာဖြစ်သည်။

ရဲလုပ်ငန်းများ၊တရားရုံးများနှင့်အုပ် ချုပ်ရေးတို့တွင် “ချင့်ချိန်စဉ်းစားမှု၊ ခွဲ ခြမ်းစိတ်ဖြာမှုနှင့်တီထွင်ကြံဆမှုစွမ်းရည်” လိုအပ်ကြောင်းကို ရှေ့တွင်တင်ခဲ့ပြီးပြီဖြစ်သည်။

စည်းဘောင်စံနှုန်းအား ချိုးဖောက်မှုကြောင့် အပြစ်ပေးခံရမှုသည် အထက်အမိန့်အပေါ် အကျိုးအကြောင်းဖြင့် ချင့်ချိန်၍ ပြန်တင်ပြရဲသော လုပ်ရပ်နှင့်ပရော်ဖက်ရှင်နယ်ကျင့်ဝတ်ကို နှိပ် ကွပ်ခြင်းမဟုတ်ကြောင်းလည်း ပြည် သူလူထုကို ချပြရဲရန်လိုသည်။

မူဝါဒလေဟာနယ်ဖြစ်မှုသည် ”ငါ့ပါးစပ်ကထွက်သည့်ဥပဒေ” ဆိုသည့် သဘောကိုဖြစ်စေသည်။ မည်သို့ပင်ဆိုစေ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၏အခြေခံမူများဖြစ်သော “တရားမျှတမှု၊ အကျိုး အကြောင်းဆီလျော်မှု၊ဖြောင့်မတ်မှန်ကန်မှု” ကို အားပေးရန်လည်းလိုသည်။

“တရားမျှတမှု၊ အကျိုးအကြောင်းဆီလျော်မှု၊ ဖြောင့်မတ်မှန်ကန်မှု” သည် အာရက္ခလူ့ဘောင်၏ဒေသန္တရလေယူလေ သိမ်းကွဲပြားသူများ၊လူမျိုးစုများ၊ ဘာသာရေးအဝိုင်းအဝန်း အားရှင်သန်ထ မြောက်စေသည့် အရာများလည်ဖြစ် သည်။

ပြန်လည်ရှင်သန်ထမြောက်ခွင့်အားပိတ်ပင်ခြင်း။

အရှေ့တီမော၏ ဒေသန္တရ အရှေ့-အ နောက်အားပြိုင်လွန်ဆွဲမှုနှင့်အာရက္ခဒေသ၏ တောင်-မြောက်အားပြိုင်လွန် ဆွဲမှုများကိုတော့ ထပ်တူပြု၍ရနိုင်သော အချက်များရှိနေသည်။

အရှေ့တီမောလွတ်လပ်ပြီးစ အခြေအ နေတွင် စတင်လာခဲ့သော ပဋိပက္ခသည် တရားမျှတမှုမရှိဟုခံစားချက်၊ ဒေသစွဲစိတ်ခံစားချက်၊နိုင်ငံရေးအားပြိုင်မှုစသည့်အချက်များပေါင်းဆုံရာမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ပကတိအရှိတရားကို ပွင့်ပွင့်လင်းလင်းပြောရလျှင် အာရက္ခဒေသတွင်လည်း တောင်-မြောက် ဒေသစွဲစိတ်ခံစားချက်များရှိသည်။

အာရက္ခဒေသ၏ နောင်လာမည့်အနာဂ တ်ကာလတွင် အရှေ့တီမော၏ ၂၀၀၆ အကျပ်အတည်းကဲ့သို့ ပြဿနာမျိုးကို ဖြစ်မလာရန် အာရက္ခလူထုသည် နိုင်ငံရေးရေချိန်မြင့်ရန်လိုအပ်သည်။

အရှေ့တီမောထံမှ သင်ခန်းစာထုတ်ရလျှင် တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်များတွင် လုပ်ငန်းသဘောသဘာဝကို မကျွမ်းကျင်ခြင်း၊ရုပ်ပိုင်းဆိုင်ရာ ပညာ ရပ်ပိုင်းဆိုင်ရာလိုအပ်ချက်များရှိနေခြင်း၊ အပြန်အလှန် အထိမ်းအကျောင်း သဘောအားမကောင်းခြင်း၊အင်စတီကျူးရှင်းမျ၏လုပ်ကိုင်ဆောင်ရွက်ပုံ နေရာမကျခြင်း၊မတော်တရော်လုပ်ရပ်များရှိနေခြင်းကြောင့် တရားမျှတမပျ က်သည်ဟု ခံစားလာရခြင်း၊ထိုခံစားချက်ကြောင့် မကြေနပ်ချက်များ ဖြစ်ပေါ်လာခြင်း၊ မကြေနပ်မှုကြောင့် ယုံကြည်မှုက ပျက်လာခြင်းသည် လူ့အဖွဲ့အစည်း၏တည်ငြိမ်မှုကို ထိခိုက်စေတတ်ကြောင်း အချက်ပေးနေသည်။

အာရက္ခလူ့ဘောင်၏ သရုပ်လက္ခဏာကို ULA/AA က အာရက္ခဒေသရှိလူထုအားလုံးကို ရည်ညွှန်းမှုအဖြစ် သရုပ်ဖော်နိုင်ရန် ကြိုးစားအားထုတ်မှုများရှိထားသည်။

သိုဖြစ်၍ ရက္ခိုင့်တပ်တော်အမည်အား “အာရက္ခတပ်တော်” ဟုအမည်ပြောင်းလိုက်သည်။ ထိုသို့ လူမျိုးတခုကိုအခြေပြုသည့်အမျိုးသားရေးဝါဒ (Ethnic Nationalism)ဘက်မှ ပြည်သူလူထုကို ဗဟိုပြုသည့် (Civic Nationalism) ဘ က်သို့ မည်မျှပင်ရှေးရှူနေစေကာမူ မြေပြင်ပကတိအနေအထားတွင်တော့ ULA အဖွဲ့ဝင်တချို့တွင်ကော၊ AA အော က်ခြေအဖွဲ့ဝင်တချို့တွင်ပါ “ဒေသန္တရ လေယူလေသိမ်းကွဲပြားမှုအပေါ်တွင် သည်းခံလိုစိတ်နည်းနေသည်”ကိုတွေ့နေရသည်။

ရခိုင်တောင်ပိုင်းရှိ လေယူလေသိမ်းကွဲပြားသော ရပ်ရွာလူထုအပေါ် ဆက်ဆံရာတွင် “ခွဲခြားဆက်ဆံမှုကရှိနေသည်။” ရက္ခိလမ်းစဉ်အရ “အာရက္ခ” နယ်မြေရှိ ပြည်သူလူထုတိုင်းတွင် ၎င်းတို့၏ ဘာ သာရေး၊ယဉ်ကျေးမှု၊ဘာသာစကား၊ အပေါ်လိုက်၍ ခွဲခြားဆက်ဆံခြင်းကို မပြုလုပ်ရဆိုသည့် ကျင့်ဝတ်ကိုလည်း အဆိုပါအဖွဲ့ဝင်အချို့သည်နားလည်ပုံလည်းမရပေ။

၎င်းတို့၏အမျိုးသားရေးအပေါ်နားလည်မှုအပိုင်းတွင် “အာရက္ခစိတ်ခံယူချက်” ကို ရခိုင်မြောက်ပိုင်းလေသံ ပြောမှုအဖြစ်လောက်သာ နားလည်နေပုံရသည်။

လက်ရှိအနေအထားထိ ထိုကဲ့သို့ ခွဲခြားဆက်ဆံမှုခံနေရသည့် “အောက်ချီးသံ” ဟု တံဆိပ်ကပ်ခံရသောရပ်ရွာလူထုသ ည် ထိုကိစ္စနှင့်ပတ်သက်၍ နာကြင်မှုအား ထုတ်ဖော်မပြကြသေးပဲ အောင့်အီးကြိတ်မိတ်ခံနေဆဲဖြစ်သည်။

ဤသို့အခြေအနေမျိုးသည် တောင်၊ မြောက် ဒေသန္တရအားပြိုင်မှုကို ပို၍နက်ရှိုင်းစေသည်။

ထို့အတူ လူမျိုးစုများ၊မတူညီသော ဘာသာရေးအဝိုင်းအဝန်းများအပေါ်တွင်လည်း “ခွဲခြားဆက်ဆံမှုအလေ့အထအကျင့်ပါနေသော အဖွဲ့ဝင်အချို့သည် ရှိနေမည်ဖြစ်သည်။

ဤသို့သော ကိစ္စမျိုးကို လူမှုဝန်းကျင်တွင် အသံပူပူလောင်လောင်ထွက်လာချိန်မှ ကျူးလွန်မိသူ အဖွဲ့ဝင်များအား ပြစ်ဒဏ်ပေးအရေးယူဖြေရှင်းမှုမျိုးကဲ့ သို့ ဆေးမြီးတိုကုစားနည်းဖြင့် ဖြေရှင်းပုံကလည်း ရေရှည်ထိ စိတ်မချရပေ။

အမှန်ပြုလုပ်သင့်သည်က အာရက္ခဟူ သောတန်ဖိုး၏အနှစ်သာရအား ရပ်ရွာလူထုကို ထပ်တလဲလဲရှင်းပြ နိုးဆော်ပေးရမည်အလုပ်မျိုးကသာ ရေရှည်အတွက် ဖြေရှင်းနည်းဖြစ်သည်။

ထို့သို့အာရက္ခစံတန်ဖိုးအား တန်းတူညီမျှ၊ တရားမျှတမှုအနှစ်သာရဖြင့် ခိုင်မာအောင်တည်ဆောက်ခြင်းသည် အရှေ့တီမော၏ ၂၀၀၆ အကျပ်အတည်းကဲ့သို့ပဋိပက္ခမျိုးကို လျော့နည်းစေမည့် နည်းလမ်းလည်းဖြစ်သည်။

အာရက္ခဒေသအတွင်း လေယူလေသိမ်းကွဲပြားမှု၊ယဉ်ကျေးမှု ဘာသာစကားများစုံလင်ကွဲပြားမှု၊ဘာသာရေးကွဲပြားမှုများသည် ပကတိအရှိတရားများလ ည်းဖြစ်သည်။

အာရက္ခဒေသတွင် ပကတိတရားအရ ရှိနှင့်နေပြီးသော မည်သည့်ဒေသန္တရ လေယူလေသိမ်း၊ ယဉ်ကျေးမှု၊ ဘာသာစကားနှင့် ဘာသာရေးကွဲပြားမှုများအား ပပျောက်သွားစေရန် အားမထုတ်ကော င်းပေ။

ထိုအရှိတရားများကို တန်းတူညီမျှ၊ တရားမျှတမှုဖြင့်သာ ချဉ်းကပ်ရမည်ဖြစ်သည်။ တန်းတူညီမျှ၊ တရားမျှတမှုမဲ့ကာ ခွဲခြားဆက်ဆံရပါက ထိုအခြေအညနေအား အမြတ်ထုတ်မည့်သူများက ရှိနေသည်ကိုလည်း မျက်ကွယ်မပြုသင့်ပေ။

၂၀၀၆ အကျပ်အတည်းတွင် အရှေ့တီမောအတွက် စိတ်ရင်းစေတနာမှန်သည့်အိမ်နီးချင်း ဩစတေးလကဲ့သို့ ဖွံ့ဖြိုးပြီး စက်မှုအရင်းရှင်နိုင်ငံများကရှိနေသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ သဘောတူညီချက်မရလျှင်တောင် ဩစတေးလျလိုနိုင်ငံမျိုးက ကိုယ်ထမင်းကိုယ်စား၍ နိုင်ငံစုံတပ်ဖွဲ့ဖွဲ့ကာ ပဋိပက္ခငြိမ်းအေးစေရန် ဝင်ရောက်စွက်ဖက် အကူအညီပေးခဲ့သည်။

အာရက္ခလူ့ဘောင်၌သာ ၂၀၀၆ အကျပ်အတည်းကဲ့သို့ ပြဿနာမျိုးဖြစ်ပေါ် လာပါက အားကိုးအားထားပြုနိုင်မည့် အိမ်နီးချင်းများလည်း ရှိနေမည်မဟုတ်ပေ။

အကယ်၍ အားကိုးရနိုင်သည့် အိမ်နီး ချင်းရှိနေလျှင်တောင်မှ အရှေ့တီမောကဲ့သို့ အချုပ်အခြာပါဝါအဆင့်အတန်းအရ တံခါးဖွင့်ပေးနိုင်သည့် နိုင်ငံရေးအဆင့်အတန်း အာရက္ခလူ့ဘောင် ရှိမနေသေးပေ။

အပိုင်း ၃ ကို ဆက်လက်ဖော်ပြပါမည်။

PrevPreviousဒုက္ခပင်လယ်ထဲ လူးလိမ့်နေရတဲ့ စစ်ဘေးရှောင်တွေရဲ့မှုန်ဝါးဆဲအိမ်ပြန်လမ်းတွေ
Nextအာရက္ခတပ်တော်ထိန်းသိမ်းထားတဲ့စစ်သုံ့ပန်းမိသားစုဝင်နှစ်ရာကျော်လွှတ်ပေးNext
Previous Post

ဒုက္ခပင်လယ်ထဲ လူးလိမ့်နေရတဲ့ စစ်ဘေးရှောင်တွေရဲ့မှုန်ဝါးဆဲအိမ်ပြန်လမ်းတွေ

Next Post

အာရက္ခတပ်တော်ထိန်းသိမ်းထားတဲ့စစ်သုံ့ပန်းမိသားစုဝင်နှစ်ရာကျော်လွှတ်ပေး

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

​အီရန်အစိုးရပြိုလဲမယ့်အခြေအနေမရှိသေးဘူးလို့ အမေရိကန်ထောက်လှမ်းရေးသုံးသပ်

March 12, 2026

​ဒူဘိုင်းရှိ အထပ်မြင့်တိုက်ခန်းကိုဒရုန်းထိမှန်

March 12, 2026
Photo-AA

​အမ်းရှိစစ်သုံ့ပန်းစခန်းလေကြောင်းတိုက်ခိုက်ခံရမှုမှာ ဗိုလ်မှူးချုပ်နဲ့အရာရှိကြီး အများအပြားသေဆုံး

March 12, 2026
ဓာတ်ပုံ - စစ်ကော်မရှင်

​မြဝတီရှိတရားမဝင်ပြည်ပနိုင်ငံသား ၇၀ ကျော်ကိုထိုင်းဘက်သို့ ပြည်နှင်

March 11, 2026

ဆောထိမှာစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားခြောက်ဦးသေဆုံး

​အီရန်အစိုးရပြိုလဲမယ့်အခြေအနေမရှိသေးဘူးလို့ အမေရိကန်ထောက်လှမ်းရေးသုံးသပ်

စစ်ကိုင်းဖက်ဒရယ်ယူနစ်နဲ့ NUG ကြား အုပ်ချုပ်ရေးဆိုင်ရာလုပ်ပိုင်ခွင့် ၉ ရပ် သဘောတူညီမှုရ

​မဲဆောက်အထည်ချုပ်စက်ရုံတွေက မြန်မာနိုင်ငံသား ၆ ဦး ဖမ်းဆီးခံရ

သရက်ချောင်းရှိ နှစ် ၃၀ ကျော်အခြေစိုက် ဝင်းဝစခန်းကို KNLA ပူးပေါင်းတပ်တွေသိမ်းပိုက်

​ဒူဘိုင်းရှိ အထပ်မြင့်တိုက်ခန်းကိုဒရုန်းထိမှန်

Releated Post

ဓာတ်ပုံ - KNU

ဆောထိမှာစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားခြောက်ဦးသေဆုံး

March 12, 2026

​အီရန်အစိုးရပြိုလဲမယ့်အခြေအနေမရှိသေးဘူးလို့ အမေရိကန်ထောက်လှမ်းရေးသုံးသပ်

March 12, 2026

စစ်ကိုင်းဖက်ဒရယ်ယူနစ်နဲ့ NUG ကြား အုပ်ချုပ်ရေးဆိုင်ရာလုပ်ပိုင်ခွင့် ၉ ရပ် သဘောတူညီမှုရ

March 12, 2026
​ဓာတ်ပုံ-တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးဌာန

​မဲဆောက်အထည်ချုပ်စက်ရုံတွေက မြန်မာနိုင်ငံသား ၆ ဦး ဖမ်းဆီးခံရ

March 12, 2026
​ဓာတ်ပုံ-ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင်

သရက်ချောင်းရှိ နှစ် ၃၀ ကျော်အခြေစိုက် ဝင်းဝစခန်းကို KNLA ပူးပေါင်းတပ်တွေသိမ်းပိုက်

March 12, 2026

​ဒူဘိုင်းရှိ အထပ်မြင့်တိုက်ခန်းကိုဒရုန်းထိမှန်

March 12, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page