Border News Agency
ပုဏ္ဏားကျွန်း၊ ဇွန် ၁၈။
အာရက္ခဒေသမှာ မိုးအဆက်မပြတ်ရွာသွန်းနေပြီး ရေကြီးနေတာမို့ ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေးရှောင်အိမ်ထောင်စုနှစ်ရာကျော် အရေးပေါ် အကူအညီတွေ လိုအပ်နေကြပါတယ်။
ကုလားတန်မြစ်ရေတိုးလာပြီး မြေနိမ့်ပိုင်းနေရာတွေ၊ ကားလမ်းတွေ၊ ကျေးရွာတွေ၊ စစ်ဘေးရှောင်စခန်းတွေ ရေနစ်နေပါတယ်။
အဲဒါကြောင့် ရေဘေးသင့် စစ်ဘေးရှောင်အိမ်ထောင်စုနှစ်ရာကျော်အတွက် စားနပ်ရိက္ခာ၊နေရာထိုင်ခင်းတွေ အရေးပေါ်အကူအညီတွေလိုအပ်နေကြပါတယ်။
အဲဒီစစ်ဘေးရှောင်တွေဟာ ကုလားတန်မြစ်ကမ်းဘေးမှာ အဆင်ပြေသလို တဲထိုးနေထိုင်နေကြရသူတွေဖြစ်ကြပြီး သဘာဝဘေးဒဏ်တွေကို မကြာခဏကြုံတွေ့ခံစားနေကြရပါတယ်။
ပြီးခဲ့တဲ့ဇွန်လပထမပတ်ကလည်း မိုးသည်းထန်းစွာရွာသွန်းမှုပြီး မြစ်ရေမြင့်တက်လာလို့ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊မြောက်ဦးစတဲ့မြို့နယ်တွေမှာ ရေကြီးမှုတွေဖြစ်ပွားခဲ့ပါတယ်။























